OPPO မှ Inspiration Ahead ဆောင်ပုဒ်ဖြင့် ၁၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုကျင်းပ

OPPO မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် ၎င်း၏ ၁၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
OPPO မှ ၁၈ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သုံးစွဲသူများနှင့် ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်ရန် ၎င်းတို့၏ သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန်အတွက် Online၊ Offline ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ခဲ့သည်။ အောက်ပါအတိုင်းဖြစ်သည်။

Photo Source http://www.oppo.com/mm/

(၁) OPPO Global Community
OPPO Global Community ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စ၍ တရားဝင် စတင် ဖွင့်လှစ်ခဲ့သည်။ OPPO သည် ၎င်း၏ အသုံးပြုသူများအားလုံးနှင့် Engage လုပ်နိုင်ပြီး အပြန်အလှန် ဆက်သွယ်နိုင်ကာ OPPO နှင့်သာမက အချင်းချင်း ရေရှည် Share ပြုလုပ်နိုင်ရန် မည်သူမဆို အားလုံးပါဝင်နိုင်သည့် ဂေဟစနစ်ကို ဖန်တီးပေးနိုင်ရန်အတွက် ၎င်း Community ကို ဖွင့်လှစ်ထား‌ပေးခြင်းဖြစ်သည်။
၎င်း Community သည် မတူညီသော အစီအစဉ်များစွာအတွက် အချက်အချာကျသည့် နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ ၎င်းအစီအစဉ်များတွင် သုံးစွဲသူများကို OPPO ၏ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို အခြားသူများထက် ဦးစွာ ပထမဆုံးတွေ့ကြုံခံစားနိုင်စေရန် အခွင့်အရေးများပေးမည့် OPPO Product Ambassadors Program ၊ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် OPPO ထုတ်ကုန် ပစ္စည်းများနှင့် နည်းပညာများကို မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးနိုင်သည့် O-Chat Open Forum နှင့် သုံးစွဲသူများမှ မိမိ ဘဝအကြောင်းအရာများကို မျှဝေခြင်းဖြင့် အခြားသူများကို စိတ်ခွန်အားပေး လှုံ့ဆော်ပေးရန် ဖိတ်ခေါ်သည့် OPPO Lifesetter အစီအစဉ်တို့ ထားရှိ သွားမည်ဖြစ်သည်။
သုံးစွဲသူများနှင့် တိုက်ရိုက်ဆက်သွယ်ရန်၊ လက်တွေ့ကျသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ အကြံပြုချက်များကို လက်ခံရရှိရန်နှင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် ပိုမိုထိရောက်စွာ ပံ့ပိုးပေးမည့် ချန်နယ်တစ်ခုကိုလည်း Community မှ OPPO ကို ‌ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
(၂) OPPO Inspiring Service Week
OPPO မှ လစဉ် ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ OPPO Service Day အထိမ်းအမှတ်အဖြစ် နိုင်ငံနှင့် ဒေသပေါင်း ၂၄ ခုရှိ ဝန်ဆောင်မှုစင်တာပေါင်း ၉၀၀ ကျော်တွင် အထူးသီးသန့်ခံစားခွင့်များ ပေးအပ်သွားမည် ဖြစ်သည်။ ထိုခံစားခွင့်များတွင် စက်ပစ္စည်းပြုပြင်ရေးဝန်ဆောင်မှုများအတွက် လျှော့ဈေးများ၊ အခမဲ့ပိုးသတ်ခြင်း ဝန်ဆောင်မှုများနှင့် အခြားအရာများ ပါဝင်သည်။

Photo Source http://www.oppo.com/mm/

အရှေ့အလယ်ပိုင်း အာဖရိကနှင့် မြန်မာနိုင်ငံအပါအဝင် အာရှအတွင်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ ဝန်ဆောင်မှုစင်တာပေါင်း ၃၂၀ ကျော်တွင် ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ OPPO Service Day အား OPPO Inspiring Service Week အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ OPPO Inspiring Service ရက်သတ္တပတ်အတွင်း OPPO Service Center များသို့ ဝန်ဆောင်မှု လာရောက်အပ်နှံသူများအနေဖြင့် စမတ်ဖုန်းပြုပြင်ခြင်းဆိုင်ရာ ပစ္စည်းထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများအတွက် လျှော့ဈေးများ ခံစားခွင့်ရရှိမည့်အပြင် လက်ခ အခမဲ့၊ အခမဲ့ ဖုန်း Screen Cover ပြုလုပ်ပေးခြင်း၊ အခမဲ့ Software အဆင့်မြှင့်တင်မှုများနှင့် အခမဲ့ပြုပြင်ထိန်းသိမ်းမှုများကိုလည်း ခံစားခွင့်ရရှိနိုင်မည် ဖြစ်သည်။ OPPO Global Community နှင့် OPPO Inspiring Service Week အပြင် OPPO သည် ဝန်ထမ်းများအနေဖြင့် မိမိတို့ ရှုထောင့်ကိုယ်စီမှ OPPO နှင့် အတူတကွ တိုးတက်ကြီးထွားလာပုံကို ပြသထားသည့် မှတ်တမ်းရုပ်ရှင်စီရီး များကိုလည်း ထုတ်ဝေခဲ့သည်။ မှတ်တမ်းရုပ်ရှင်စီရီးများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Dan’s story
https://www.youtube.com/watch?v=NKIILYiFnoo
(၂) Sheng Cheng’s Story
https://www.youtube.com/watch?v=g8ZiXWEfJnA
(၃) Hong li’s stroy
https://www.youtube.com/watch?v=qoS6QEZBfeE
(၄) Saritha’s Story
https://www.youtube.com/watch?v=ytASJ8T3HCE