ဒေါ်လာ ၂၀ ဘီလီယံနဲ့ Figma ကိုရရှိလိုက်တဲ့ Adobe

Multimedia Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Adobe ဟာ Figma နဲ့ သဘောတူညီမှုတစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ Adobe ဟာ ဒေါ်လာ ၂၀ ဘီလီယံနဲ့ Online Collaborative Design Software Company တစ်ခုဖြစ်တဲ့ Figma ကိုရယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း နောက်အနာဂတ်ရဲ့ Creative ဖြစ်ပြီး Productive ဖြစ်တဲ့ ဒီဇိုင်း လုပ်ဆောင်မှု တွေကို Adobe နဲ့ Figma ပူးပေါင်းပြီး လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

Adobe XD နဲ့ပြိုင်ဆိုင်နေကြတဲ့ Figma ဟာ ၂၀၁၂ ခုနှစ်မှာစတင်ခဲ့ပြီး Adobe က အခုလိုဝယ်ယူလိုက်တဲ့အတွက် Adobe ရဲ့ Web Capability ဟာတိုးမြင့်လာနိုင်မှာ ဖြစ်ပါတယ်။ Adobe အနေနဲ့ သူ့ရဲ့ imaging, photography, illustration, video 3D နဲ့ font capability ပိုင်းဆိုင်ရာတွေကို Figma Platform ပေါ်မှာ ပေါင်းစပ်အသုံးပြုနိုင်အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

Photo Source www.figma.com

Figma ရဲ့ CEO နဲ့ Co-founder တစ်ယောက်ဖြစ်သူ Dylan Field က “Figma Platform ပေါ်မှာ Adobe ရဲ့နည်းပညာတွေ အသုံးဝင်မှုတွေကို ပေါင်းစပ်ပြီး ပိုမိုကြီးပွားအောင် ဆန်းသစ်တီထွင်ခွင့်ရတာက တစ်ကယ်ကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ အကောင်းဆုံး Creative Tool တစ်ခုဆိုတဲ့ အဓိပ္ပာယ်ကို Figma Technology Stack အတွင်းမှာဝင်ကြည့်လိုက်တာနဲ့တင် သိနိုင်တော့မယ်” လို့ပြောကြားခဲ့ပါတယ်။

Figma အသုံးပြုသူတွေအနေနဲ့လည်း အခုလက်ရှိ လည်ပတ်နေတဲ့ Figma လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်အသုံးပြုနိုင်ဖို့ မျှော်လင့်လျက်ရှိပြီး Figma ရဲ့ Friends of Figma ဟာလည်း ပညာရေးအတွက် အခမဲ့အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Figma ရဲ့ Blog Post မှာဖော်ပြပေးထားတဲ့အချက်အလက်တွေအရ Figma ကိုအခုလက်ရှိအတိုင်း ဆက်လက်လည်ပတ်သွားမယ့်အပြင် Figma community, culture ပိုင်းတွေအတွက် ပိုကောင်းမွန် တာတွေ ကိုပဲ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။