ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ပြီးနောက် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်များ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ လိုအပ်နေတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံနေရာအနှံ့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ တခြားသော ရေဘေးသင့်ဒေသအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပြီးနောက် ယခုအခါ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ဆက်လက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Image: OPPO
OPPO Myanmar AED က ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာ နဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ပြည်သူတွေကို အနွေးဓာတ်ရရှိစေရန် အလို့ငှာ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒီလိုတောင်ပေါ်ဒေသတွေဟာ နဂိုတည်းက အေးချမ်းတဲ့ ရာသီဥတုရှိသည့်အလျောက် သိပ်မကြာခင်မှာလဲ ဆောင်းရာသီကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အများပြည်သူ နွေးထွေးမှုရရှိစေရန်ရည်ရွယ်ချက်နဲ့ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Image: OPPO

OPPO Myanmar AED  အနေနဲ့ လိုအပ်နေတဲ့ နေရာဒေသတွေမှာ ပြည်သူတွေအတွက် ဆက်လက်ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။ OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင်ထုတ်လုပ်နေသည်သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက်ရှိသည်။  Smart Devices များ အပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို တပ်ဆင်ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ် ကြိုးပမ်းလျက်ရှိသည်။