48MP ကင်မရာ ၄ လုံးနှင့် စိတ်ကူးတိုင်းကို အမိအရဖမ်းယူရိုက်ကူးနိုင်သည့် OPPO Reno 2 F

အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတစ်လုံးကို ပိုင်ဆိုင်ထားခြင်းဟာ ဖုန်းေါ်ဆိုခြင်းအပါအဝင် အခြားလုပ်ဆောင်ချက်ပေါင်းများ စွာကို စိတ်ချမ်းသာသာနဲ့ လွယ်ကူစွာဆောင်ရွက်စေနိုင်မှာလည်းဖြစ်ပါတယ်။ အထူးသဖြင့် ဂိမ်းကစားလိုသူများ၊ အကောင်းဆုံးဓာတ်ပုံတွေဖန်တီးလိုသူများ အတွက်တော့ အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးတော့မဖြစ်မနေ လိုအပ်ပါတယ်။
OPPO ရဲ့ ထွက်ရှိလာတဲ့ စမတ်ဖုန်းတော်တော်များများကတော့ လူကြိုက်လည်းများကြသလို ဈေးကွက်ထဲမှာလည်းရောင်းရ ဆုံးအမျိုးအစားထဲမှာပါဝင်နေပါတယ်။ အဲ့ဒီအထဲကမှ လူအများကြိုက်နှစ်သက်မှုကို ရရှိထားပြီး ဈေးနှုန်း ၃၉၉၉၀၀ ကျပ်တည်းနဲ့ ဝယ်ယူရရှိနိုင်တဲ့ OPPO Reno 2 F စမတ်ဖုန်းမှာ ရှိတဲ့လုပ်ဆောင်ချက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
OPPO Reno2 Series ကို ဆည်းဆာချိန်၏ မြူနှင်းအလှကို အသွင်ယူ၍ ဖန်တီးထားသောကြောင့် သဘာဝရဲ့ အလှတရား တစ်ခုလို ဖမ်းစားနိုင်မှာပါ။ ခေတ်မီဆန်းပြားတဲ့ တီထွင်ဖန်တီးမှု နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထား တာကြောင့် မီးရောင်အမျိုးမျိုးကြားတွင် လှုပ်ရှားလိုက်တိုင်း အိမ်မက်ဆန်တဲ့ နီယွန်မီးရောင်တွေလို ရောင်စဉ်ယှက်ဖြာ လှပနေမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/oppomyanmar/

အလွန်ကြည်လင်သော 48MP ပင်မကင်မရာ၊ 8MP ရှိ ထောင့်ကျယ်မှန်ဘီလူး၊ 2MP ရှိ Telephoto မှန်ဘီလူးနှင့် 2MP Mono မှန်ဘီလူးတို့ကို စိတ်တိုင်းကျ ရွေးချယ်အသုံးပြုနိုင်လို့ ကန့်သတ်ချက်အားလုံးကို ကျော်လွှားပြီး ဘာမဆိုဖြစ်နိုင်ပါပြီ။ သင့်စိတ်ဆန္ဒရှိ ဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘယ်လိုနေရာပဲဖြစ်ဖြစ် စိတ်ကူးအားလုံးကို အမိအရ ဖမ်းယူနိုင်ပါပြီ။
သစ်လွင်တဲ့ အမြင်ရှုထောင့်တစ်ခုနဲ့ သဘာဝရဲ့ ရှုမျှော်ခင်းတွေကို အသစ်တဖန် ပြန်လည်ခံစားကြည့်လိုက်ပါ။ အသစ် ပါဝင်လာတဲ့ ထောင့်ကျယ်ရိုက်ကွင်းစနစ် Ultra Wide Angle Mode က နေရာအကန့်အသတ်ရှိတဲ့အချိန်မှာတောင် သင့်ရဲ့ဓာတ်ပုံဘောင်ထဲကို နေရာများများပိုမိုဝင်ဆန့်စေအောင် ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။
အလှဓာတ်ပုံရိုက်ယူရာတွင် ဓာတ်ပုံရိုက်ယူသူ၏ အဓိကပုံရိပ်ကို ထင်ရှားစေသော Portrait Bokeh က သင့်ဓာတ်ပုံကို ပိုမိုအနုပညာမြောက် အသက်ဝင်အောင် အမြန်ဆုံးဆောင်ရွက်ပေးပါလိမ့်မယ်။ မှုန်ဝါးစေလိုသော နေရာများကို ကိုယ်တိုင်ချိန်ညှိခြင်းဖြင့် ဓာတ်ပုံရိုက်ယူသူအား ပိုမိုထင်ရှားအောင် လုပ်ဆောင်နိုင်ပါတယ်။
ရုပ်ထွက်ကောင်းကောင်းဖြင့် အသေးစိတ်ပုံဖော်ပေးနိုင်သော HDR သည် အလှဓာတ်ပုံပေါ်ရှိ အလင်းပိုသောနေရာများတွင် အလင်းကိုလျော့ချပေးနိုင်ပြီး အလင်းလျော့သောနေရာများတွင် အလင်းဖြည့်ပေးပါသည်။ ဖုန်းတွင်ပါဝင်သော ဗီဒီယိုတည်းဖြတ်ခြင်းမှလည်း ဂီတသံစဉ်များကို စည်းချက်မှန်မှန်နှင့် အပြောင်းအလဲများအတိုင်း လိုက်ဖက်ညီအောင် အလိုအလျောက်ထည့်သွင်းနိုင်ပါတယ်။ ဗီဒီယိုကိုတည်းဖြတ်ဖို့ မည်သည့်အရာမှ ထပ်တိုးစရာမလိုတော့ပါဘူး။ မိနစ်ပိုင်းအတွင်း အကောင်းမွန်ဆုံးသော လက်ရာကိုဖန်တီးနိုင်စေမှာပါ။

Photo Source https://web.facebook.com/oppomyanmar/

အစွမ်းထက်သော Reno2 F ကင်မရာကို ချောမွေ့ပြီး အထစ်အငေါ့ဖြစ်ခြင်း လုံးဝမရှိသည့် ဖန်နှစ်ထပ်မျက် နှာပြင် အောက်တွင် နှစ်မြှုပ်တပ်ဆင်ထားပါသည်။ လှပခန့်ညားသော ဒီဇိုင်းရရှိစေရန်အတွက် နောက်ကင်မရာရှိ အစိတ်အပိုင်းများ အားလုံးကို စနစ်တကျ ဒေါင်လိုက်စီတန်းပေးထားပါသည်။
OPPO Reno 3 F ရဲ့ အဓိကအားသာချက်တွေကတော့
-လျှို့ဝှက်လက်ဗွေဖွင့်စနစ် 3.0
-16% ပိုမိုထင်းလင်းလာသည့် Unlock ဧရိယာ
-11.3% ပိုမိုမြန်ဆန်သော ဖုန်းဖွင့်စနစ်
-4000mAh ကြီးမားသော ဘက်ထရီ
-VOOC အမြန်အားသွင်းစနစ် 3.0
-မိနစ် 30 အတွင်း 51 ရာခိုင်နှုန်း နှင့်အထက် အားသွင်းနိုင်ခြင်း
-8 နာရီအကြာ အဆက်မပြတ် ဂိမ်းကစားနိုင်ခြင်း
-13 နာရီအကြာ အဆက်မပြတ် ဗွီဒီယိုဖွင့်နိုင်ခြင်း
– အသစ်ထပ်၍ upgrade မြင့်ထားခြင်းကြောင့် အသုံးပြုရအဆင်ပြေခြင်း တို့ပဲဖြစ်ပါတယ်။ (4000mAh သည် ယေဘုယျ တန်ဖိုးတစ်ခုဖြစ်သည်။ ခန့်မှန်းသိုမှီးနိုင်စွမ်းပမာဏမှာ လျော့နည်းနိုင်ပါသည်။ Network ချိန်ဆက်မှု လိုင်းအခြေအနေ ကောင်းမွန်လုံလောက်မှုမရှိပါက လုပ်ဆောင်မှု အနည်းငယ် ကျဆင်းနိုင်ပါသည်။ အားသွင်းချိန်ကို AOV နှင့် စမ်းသပ်စစ်ဆေးထားခြင်းလည်းဖြစ်ပါသည်။)
အောက်ပါ Link တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/oppomyanmar/