တောက်ပလွန်းပြီး 3D ကာလာပုံဖော်ထားတဲ့အတွက် လူကြိုက်များနေတဲ့ Vivo Y30 စမတ်ဖုန်း

လက်ရှိမြန်မာပြည်စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းအသစ်အဆန်းတွေဟာ နေ့စဉ်နဲ့အမျှဆိုသလို ထွက်ပေါ်လာတယ်ဆိုနိုင် ပေမယ့် လှပသေသပ်အကြမ်းခံတဲ့ စမတ်ဖုန်းတွေကို လူကြိုက်များလာကြတာလည်းမဆန်းပါဘူး။ ဒါ့အပြင်ဆွဲဆောင်မှုရှိစေ တဲ့ဒီဇိုင်းကလည်း စမတ်ဖုန်းကိုင်ဆောင်သူရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရစေမှာလည်းဖြစ်ပါတယ်။ ခုလက်ရှိ အသစ်မိတ် ဆက်ခဲ့ပြီးဖြစ်တဲ့ စမတ်ဖုန်းတွေထဲက လှပသေသပ်လူကြိုက်များနေတဲ့ Vivo Y30 စမတ်ဖုန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Vivo Y30 စမတ်ဖုန်းဟာ သေးငယ်တဲ့ ကင်မရာလေးကို ၆ ဒဿမ ၄၇ မျက်နှာပြင်မှာ တပ်ဆင်ထားတဲ့အတွက် အရမ်းကို ဆွဲဆောင်မှုရှိလွန်းတဲ့ အမြင်ကိုပေးစွမ်းနိုင်ပါတယ်။ Screen-to-body ratio 90.7 ရှိပြီး sdprvy tsyio ကို 19.5:9 နဲ့ 1560×720 HD+ reslolution ရရှိဖို့ ဖန်တီးထားပါတယ်။ ပြည့်စုံမှုကို ရရှိဖို့တစ်ဆင့်တက်လို့ အက်ပလီကေးရှင်း အမြောက်အမြားရဲ့ Interfaces တွေကို မျက်နှာပြင်နဲ့ ချောချောမွေ့ မွေ့ ပေါင်းစည်းနိုင်ဖို့အတွက် အထူးပြုလုပ်ထားပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့အခါ အမြင်အာရုံသက်တောင့်သက်သာ ဖြစ်စေဖို့အတွက် Eye Protection mode က Display ရဲ့ အရောင်တွေမှာ အပြာအလင်းတန်းတွေလျှော့ပြီး မျက်လုံးထိခိုက်မှုမှ သက်သာစေဖို့ ကူညီပေးပါတယ်။

Photo Source https://web.facebook.com/vivomobileMM/

Y30 ရဲ့ ကိုယ်ထည်ကို အောက်ပိုင်းကစလို့ အစိတ်အပိုင်းတစ်ခုချင်းစီအထိ အသေးစိတ်လှပပြီး ကျက်သရေရှိအောင် ဖန်တီး ပြုလုပ်ထားပါတယ်။ 3D အကွေးလေးတွေက ချောမွေ့အောင် ဖန်တီးပေးပြီး အစွန်းဘက်က Side Panels လေးတွေကို အလင်းတန်းတွေ ပေးနေစေပါတယ်။ Emerald Black edition က အနက်ရောင်တောက်တောက်ကို လှပတဲ့ကျောက်မျက် အစိမ်းရောင်နဲ့ ပေါင်းစပ်ထားပါတယ်။ Dazzle Blue က တပ်မက်ဖွယ်ကောင်းတဲ့ နီယွန်အလင်းတန်းလေးလို လှပလွန်းပါ တယ်။ ဒါ့အပြင် Moonstone White က ပုလဲဘုရင်မတစ်ယောက်ရဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်သလို ဆွဲဆောင်နိုင်ပါတယ်။
128GB ROM က သုံးစွဲသူကို ပမာဏများများ အတားအဆီးမရှိ သိမ်းဆည်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ App တွေကို စိတ်ကြိုက်ထည့်သွင်းပြီး ဓာတ်ပုံ၊ video တွေနဲ့ အမှတ်တရတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ 500mAh ဘက်ထရီက သုံးစွဲသူရဲ့ Y30 ကိုပိုပြီး ကြာကြာအသုံးပြုနိုင်အောင် ကူညီပေးနိုင်တော့ စိတ်ကြိုက်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း Type-C အားသွင်းပေါက်နဲ့ အားသွင်းလိုက်တော့ အရင်အက တစ်ခါမှ မရခဲ့ဖူးတဲ့ အမြန်နှုန်းနဲ့ အားမြန်မြန်ဖြည့်သွင်းနိုင်စေပါတယ်။ အွန်လိုင်းဂိမ်းတွေကို ၉ နာရီကြာဆော့ကစားနိုင်ပြီး သီချင်းပဲနားထောင်မယ်ဆိုရင်တော့ ၁၃၇.၀၉ နာရီကြာ နားထောင်နိုင်မှာဖြစ်ပါတယ်။
Y30 မှာပါဝင်တဲ့ အနောက်ကင်မရာ လေးလုံးရဲ့ တပ်ဆင်မှုက ထူးခြားပြီး ကျစ်ကျစ်လစ်လစ် ရှိစေပါတယ်။ 13 MP ပင်မကင် မရာ၊ 8 MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2 MP Super-Macro ကင်မရာနဲ့ 2 MP Bokeh ကင်မရာတို့က သူရဲ့ လုပ်ဆောင် ချက် တစ်ခုချင်းစီကို ချောချောမွေ့မွေ့ လုပ်ဆောင်ပေးပြီး သုံးစွဲသူရဲ့ လက်ချောင်းထိပ်လေးနဲ့ ထိပြီး ဓာတ်ပုံရိုက်လိုက်တိုင်း ပရိုဆန်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/vivomobileMM/

8MP အထူးမြင်ကွင်းကျယ် ကင်မရာက 120 degree အထိ ချဲ့ထွင်ပေးနိုင်တော့ ပိုပြီး ကျယ်ပြန့်တဲ့ ရူခင်းပုံတွေနဲ့ လူအများ ကြီးပါဝင်တဲ့ အဖွဲ့လိုက်ပုံတွေ အလွယ်တကူ ရိုက်ကူးနိုင်ပါတယ်။ အထူးမြင်ကွယ်ကျယ်ကင်မရာကလည်း အတားအဆီးများ ကိုဖယ်ရှားပြီး 180 degree အထိကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။ 2MP Super Macro ကင်မရာကတော့ မနက်ခင်းမိုးနှင်း ပေါက်လေးတွေအပြင် သေးငယ်တဲ့အရာတွေအားလုံးကို 4cm အနီးကပ်ရိုက်ကူးနိုင်အောင် ကူညီပေးပါတယ်။
Multi-Turbo 3.0 ကို ဈေးကွက်ရဲ့ ပထမတန်း VPG(vivo Process Guardian) နည်းပညာနဲ့ အဆင့်မြှင့်တင်ထားပြီး အရှိန် မြင့်တင်ဖို့ ပင်မစနစ်ကို စနစ်တကျလုပ်ဆောင်ပေးဖို့ Center Turbo နဲ့ ဉာဏ်ရည်မြင့်မားတဲ့ ပြင်ဆင်မှုများလုပ်ဆောင်နိုင်ဖို့ AI Turbo ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ပြင်ပ App များကြောင့်ဖြစ်တဲ့ သာမာန်မဟုတ်တဲ့ စနစ်မှားယွင်းမှုများကို ခန့် မှန်းနိုင်ပြီး တည်နေရာနဲ့ အပြစ်များကို ဖြေရှင်းပေးနိုင်ပါတယ်။
Screen Recording က သုံးစွဲသူရဲ့ ultimate gaming အချိန်တွေကို ဖမ်းယူနိုင်စေမှာပါ။ အသုံးပြုသူက activate လုပ်လိုက် တဲ့အခါ ဂိမ်း recordings နဲ့ screenshots အားလုံးကို အသုံးပြုသူကိုယ်တိုင်ဖန်တီးထားတဲ့ Game folder album ထဲကို ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူပဲ ရောက်သွားမှာဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင်ရဲ့ အလင်းရောင်က ဂိမ်းကစားနေစဉ်တစ်လျှောက်လုံး ပထမ level အတိုင်းပဲရှိနေမှာပါ။ ဒါပေမဲ့ နောက်တစ် ကြိမ် အသုံးပြုမှုအတွက်တော့ ပထမ level အတိုင်းထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ကြိမ်ကစားတဲ့အခါ အလင်းရောင် အလိုအလျှောက်ပြန်ဝင်လာမှာလည်းဖြစ်ပါတယ်။
Vivo အသုံးပြုသူတွေကို နေ့စဉ်ပျင်းရိစရာ လုပ်ဆောင်ချက်တွေကို iManager က အခမဲ့ကြီးကြပ်ပေးမှာလည်းဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေကို မှတ်သားဖို့တော့လိုပါတယ်။ ဥပမာ အသုံးပြုသူရဲ့ဖုန်းကို ရှင်းလင်ေးပေးခြင်း ဒါမှ မဟုတ် ညဘက်မှာ issues တွေကို scanning လုပ်ပေးရမှာ မျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ iManager က ဖုန်းအသုံးပြု သူ ညဘက်အိပ်မောကျ အိပ်စက်နေတဲ့ အချိန်မှာ ဖုန်းကို good shape ရအောင် လုပ်ဆောင်ပေးမှာပါ။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.vivo.com/mm/products/y30