ပိုမိုကောင်းမွန်သည့်ကျန်းမာရေးဝန်ဆောင်မှုအတွက် OnDoctor နှင့် Samsung Myanmar တို့ ပူးပေါင်း

Ondoctor နှင့် Samsung Myanmar တို့ ပူးပေါင်းပြီး Samsung Member များအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အထူးနှုန်းထားဖြင့် ပေးဆောင်သွားရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ သည်။
၂၀၂၀ ဇူလိုင် ၃ ရက်ကစတင်သည့် ယင်းအစီအစဉ်တွင် Samsung Member များအနေဖြင့် OnDoctor App တွင် Bonus Point များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ လူတိုင်းလက်လှမ်းမီနိုင်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုကိုရရှိရေးသည် OnDoctor နှင့် Samsung တို့၏ ဘုံရည်မှန်းချက်တစ်ခုလည်းဖြစ်သည်။
OnDoctor သည် ဆရာဝန်များနှင့်ဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်သလို ကျန်းမာရေးအသိပညာများ ရယူနိုင်သည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှုမိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်သည်။ OnDoctor App ကို ၂၀၁၆ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် Android ဖုန်းများတွင် တွင်ကျယ်စွာအသုံးပြုနိုင်နေပြီလည်းဖြစ်သည်။ App ကို အသုံးပြုပြီး ဆရာဝန်များနှင့် ဆက်သွယ်စကားပြောခြင်း၊ Video Call ပြောဆိုခြင်းတို့အပြင် လူနာ၏ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာအခြေအနေများ ထိန်းသိမ်းပေးထားခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်။

Photo Source https://web.facebook.com/OnDoctor/

အသုံးပြုသူများအနေဖြင့် ဆရာဝန်များ၊ အထူးကုများကိုယ်တိုင်ရေးသည့် အမျိုးသား/အမျိုးသမီး ကျန်းမာရေးအကြောင်း၊ ကလေးသူငယ်ကျန်းမာရေးအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သည့်ရောဂါများ စသည့် ကျန်းမာရေးဆောင်းပါး ပေါင်းများစွာကိုလည်း ပုံမှန်ဖတ်ရှုနိုင်ပါသည်။ ထို့ပြင် အသုံးပြုသူများအနေဖြင့် ရောဂါမျိုးစုံ၏လက္ခဏာများ၊ ဆေးပညာ ဆိုင်ရာအသုံးအနှုန်းနှင့် ဆေးဝါးဆိုင်ရာသတင်းအချက်အလက်များအကြောင်း အစုံအလင်သိရှိနိုင်သည့် အပလီကေးရှင်း တစ်ခုလည်းဖြစ်သည်။ ondoctor website တွင်လည်း ကျန်းမာရေးဆိုင်ရာဗဟုသုတရစေသည့်ဆောင်းပါးများ၊ ကျန်းမာရေး အသိပညာပေးစာပေများကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်မည်လည်းဖြစ်သည်။
OnDoctor App သည် ကျန်းမာရေးဆိုင်ရာဗဟုသုတများကို အချိန်ကုန်သက်သာစွာ ဆရာဝန်များနှင့် Online မှတိုက်ရိုက် ဆွေးနွေးနိုင်သည့်အတွက်လည်း ပြည်သူများအတွက် အကျိုးရှိစေသော App တစ်ခုလည်းဖြစ်သည်။
OnDoctor ၏ တည်ထောင်သူများဖြစ်သည့် ဒေါက်တာထက်ဇံလင်းနှင့် ဒေါက်တာဆုမွန်မွန်ထွန်းတို့က Samsung Myanmar နှင့် ပူးပေါင်းခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင် App နှင့်ပတ်သက်ပြီး ပိုမိုပူးပေါင်းဆောင် ရွက်မှုများလုပ်ဖို့၊ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးဖို့ ကြိုးစားသွားမည်ဟုလည်း ပြောကြားသွားသည်။
Samsung သည် ပြီးခဲ့သော၁၄ နှစ်အတွင်း BCG ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ကုမ္ပဏီအရေအတွက် စုစု ပေါင်း ၁၆၂ ခုအထိ ပါဝင်ရပ်တည်နိုင်ခဲ့ရာ ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းသည် ထိပ်ဆုံး ၅၀ စာရင်းတွင် တစ်ကြိမ်တည်းသာ ရပ်တည်နိုင်ခဲ့ကြပြီး ၇၅ ရာခိုင်နှုန်းသည် သုံးကြိမ်(သို့မဟုတ်) သုံးကြိမ်အောက်သာ ပါဝင်နိုင်ခဲ့ချိန်တွင် Samsung သည် ၁၄ နှစ်ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့သည့် ကုမ္ပဏီ ၈ ခုအနက် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Photo Source https://web.facebook.com/OnDoctor/

Samsung Electronics Co.,Ltd သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော် နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံး အဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များနှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။
Samsung နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://news.samsung.com
Ondoctor App ကိုအောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.mm.ondoctor&hl=en