OPPO မှ CVPR 2020 ၏ AI ကဏ္ဍတွင် ပထမဆု (၂) ခုရရှိခဲ့

ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် အွန်လိုင်းမှ တစ်ဆင့်ကျင်းပခဲ့သော Computer Vision and Pattern Recognition Conference (CVPR) 2020 တွင် ပါဝင်တက်ရောက်ခဲ့ပြီး ပထမဆု ၂ ဆုကိုရရှိခဲ့ကြောင်းသိရသည်။
OPPO သည် AI ပိုင်းတွင် ဈေးကွက်တွင်း ရှေ့ပြေးနေသောခေတ်မီနည်းပညာများနှင့် အသစ်သစ်သောဆန်းသစ်တီထွင်မှု များကို မိတ်ဆက်ပြသခဲ့ပြီး သုတေသနဌာနတွင် ပိုမိုခေတ်မီဆန်းသစ်သော AI နည်းပညာများကိုလေ့လာဖော်ထုတ်နိုင်ရန် Intelligent Perception နှင့် Interaction ဌာနအသစ်တိုးချဲ့ ဖွဲ့စည်းထားကြောင်းကိုလည်းကြေညာခဲ့သည်။ တူညီသော ပြိုင်ပွဲ (၃) ခုတွင် ပါဝင်ခဲ့ကာပထမဆု (၂) ခုနှင့် တတိယဆု (၂) ခုတို့ ရရှိခဲ့ခြင်းက OPPO ၏ အောင်မြင်မှုကို သက် သေပြနိုင်ခဲ့သည်။
ဆုရရှိခဲ့သောနည်းပညာများတွင် ဝေဝါးနေသောပုံရိပ်တစ်ခုကို မူရင်းပုံထက် ၁၆ ဆ သဘာဝကျကျ ပိုမိုထင်ရှားစေပြီး အသေးစိတ် မြင်တွေ့ခံစားနိုင်သည့် Super-Resolution ၊ ဓာတ်ပုံကိုလေ့လာသုံးသပ်ခြင်းဖြင့် ရိုက်ကူးခဲ့သောနေရာကို သိရှိနိုင်သော Visual Localizatiomနှင့် Video အတွင်းလူတို့၏ ပြုမူလှုပ်ရှားမှုတို့ကိုမှတ်မိသိရှိနိုင်သော Human Activity Recognition in Video စသည့် နည်းပညာများပါဝင်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် OPPO ၏ သုတေသနနှင့် တီထွင်ထုတ်လုပ်ရေး (Research and Development) ဌာနမှ အဓိကမိန့်ခွန်းများ ပြောကြားခြင်းအပါအဝင် Conference ၏ ဆွေးနွေးမှုကဏ္ဍများစွာတွင် ပါဝင်ခဲ့ပြီး၊ ညီလာခံများတွင်လည်းနိုင်ငံတကာမှ ထောင်ပေါင်းများစွာသောသုတေသနပညာရှင်များနှင့်အတူ Computer Vision ပိုင်းနည်းပညာများအပေါ် အမြင်နှင့် ရှေ့လျှောက်ဖြစ်လာနိုင်ခြေများကိုဝေမျှဆွေးနွေးခဲ့သည်။
CVPR သည်IEEE(The Institute of Electrical and Electronics Engineers) မှ နှစ်စဉ် ကြီးမှူးကျင်းပသော Computer Vision ဆိုင်ရာထိပ်တန်းပွဲတစ်ခုဖြစ်သည်။ Computer Vision၊ Pattern Recognition၊ Machine learning နှင့် AI စသည့် အပိုင်းများ၏ ရှုထောင့်တိုင်းကိုဆွေးနွေးပြောကြားကာကျောင်းသားများ၊ ပညာရှင်များနှင် လုပ်ငန်းဆိုင်ရာသုတေသီများ အတွက် အထူးအကျိုးရှိသောပွဲတစ်ခုပင်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အဓိကသုတေသနဦးတည်ချက် (၃) ခုဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကိုသိမြင်နားလည်ခြင်း၊ လူဗဟိုပြုကွန်ပျူတာနည်းပညာများနှင့် ဓာတ်ပုံ၊ ဗီဒီယိုတို့ တိုးတက်ဖွံ့ဖြိုးလာမှုတို့ကိုရောင်ပြန်ဟပ်ပြီး ဒီနှစ် CVPR ရဲ့ Challenge တွေမှာကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းကို OPPO ကိုယ်စားပြောလိုပါတယ်။ ဒါကတော့ OPPO ရဲ့ AI စွမ်းရည်တွေကိုအပြည့်အဝပြသနိုင်တဲ့ Intelligent Perception နှင့် Interactionသုတေသနဌာနကိုတည်ထောင်တိုးချဲ့ပြီးနောက် R&D ရလဒ်တွေကိုလူထုရှေ့မှာ ပထမဦးဆုံးပြသခဲ့ခြင်းဖြစ်ပါ တယ်” ဟု OPPO ၏ Intelligent Perception ဌာန၏ Chief Scientist ဖြစ်သူ Eric Guo က ပြောကြားသည်။
OPPO သည် ယခုလို Intelligent Perception နှင့် Interaction ပိုင်းတွင် သုတေသနပြုလုပ်ခြင်းအားဖြင့် အနာဂတ်တွင် OPPO ၏ နည်းပညာများနှင့် ထုတ်ကုန်များကိုပိုမိုအဆင့်မြင့်လာစေမည်ဖြစ်ပြီးသုံးစွဲသူများအတွက် ပိုမိုဆန်းသစ်သော ဆက်သွယ်မှုနည်းလမ်းများနှင့် အတွေ့အကြုံများရရှိနိုင်မည်ဟုယုံကြည်ထားသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO ၏ အမေရိကန် အခြေစိုက် သုတေသနစင်တာကလည်း CVPR 2020 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Real-World Super-Resolution Challenge၊ Track 1: Image Processing artifacts တွင် အဆင့် (၆) ရရှိခဲ့သည်။ OPPO အမေရိကန် အခြေစိုက်သုတေသနစင်တာ၊ Spacetime Lab ၏ Manager ဖြစ်သူ Meng Zibo က “ Looking into the dark: from imageto video” ခေါင်းစဉ်ဖြင့် သုတေသနဌာန၏ AI အထောက်အကူပြုအလင်းမှိန်မှိန်တွင် ဓာတ်ပုံရိုက်ကူးခြင်းအကြောင်း သုတေသနနှင့် ပတ်သက်၍ Keynote Speech ကိုလည်းကောင်း၊ Computer Vision နှင့် AI ဌာန Senior Director ဖြစ်သူShuxue Quan က “ Building a unified SLAM system running on both smartphone and AR glass from scratch” ခေါင်းစဉ်ဖြင့် Localiztionနှင့် Mapping ပိုင်းအကြောင်းကိုလည်ကောင်းမိန့်ခွန်းပြောကြားခဲ့သည်။
Challenge တွင် OPPO သုတေသနအဖွဲ့သည် ပုံတစ်ပုံကို ၁၆ ဆ ချဲ့ပြီးနောက် အသေးစိတ် ကြည်လင်ပြတ်သားသော Super-Resolution ရရှိအောင် ပြုလုပ်ပေးနိုင်အောင် ဖြေရှင်းရသည်။ ဆိုလိုသည်မှာမူရင်းပုံနှင့် အနီးစပ်ဆုံးတူညီပြီး ကြည်လင်ပြတ်သားပြီးအရည်အသွေးအကောင်းဆုံးရှိသော High Resolution ရလဒ် ရရှိအောင် ပြုလုပ်ပေးရခြင်းဖြစ်သည်။ OPPO Team သည် “RFB-ERSGAN” အမည်ရှိကိုယ်ပိုင် Neutral Network ၏ စွမ်းဆောင်ရည်မြင့်မားမှုများကို ဖော်ထုတ်ပြသခဲ့ပြီးပိုမိုအသိဉာဏ်မြင့်သောခွဲခြမ်းစိတ်ဖြာမှု၊ ပိုမိုအဆင်ပြေချောမွေ့သောနည်းပညာများနှင့် ပိုမိုကွဲပြားခြား နားသော နည်းလမ်းများနှင့်အတူ Facebook၊ Baidu၊ Microsoft၊ Amazon နှင့် Chinese Academy of Science စသည့် အခြားပြိုင်ပွဲဝင် ၂၈၀ တို့ကိုအနိုင်ယူကာပထမနေရာကိုရရှိခဲ့ခြင်းဖြစ်သည်။
OPPO ၏ RFB-ERSGAN Neural Network သည် တိရစ္ဆာန် အမွှေးအမျှင်များ၊ အဆောက်အဦးဖွဲ့စည်းပုံများနှင့် အပင် Texture စသည်တို့ကိုအသေးစိတ် သဘာဝကျစွာအကျယ်ချဲ့ပေးသည်။ အဆိုပါ နည်းပညာသည် အခြေအနေအမျိုးအစားများစွာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာသုံးစွဲသူများသည် မိမိတို့ Smartphone နှင့် ရိုက်ကူးထားသော LR ဓာတ်ပုံများကိုအသေးစိတ် ကြည်လင်စွာမြင်ရမည့် HR ပုံများအဖြစ် ပြောင်းလဲနိုင်မည်။ အိုဟောင်းပျက်စီးနေသောဓာတ်ပုံများနှင့် ဖလင်များကိုပြန်လည်ပြုပြင်ခြင်း၊ အရေးကြီးသောကျန်းမာရေးဆိုင်ရာပုံများကိုပိုမိုထင်ရှားအောင်ပြုလုပ်ခြင်း၊ ဂြိုလ်တုနှင့် အာကာသဆိုင်ရာပုံရိပ်များမှ လိုအပ်သောအချက်အလက်များကိုအသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းစသည်တို့လည်းပြုလုပ်နိုင်လာမည် ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် မည်သည့် ပုံကိုမဆို location အတိအကျ ရှာနိုင်ရန် Semantic နှင့် Depth Cues များကို မြှင့်တင်ပေးသော Monocular Visual Localization Pipeline ကိုတီထွင်နိုင်ခဲ့ခြင်းကြောင့် Outdoor Visual Localization (Aachen Day-Night) တွင် ပထမနေရာနှင့် Indoor Visual Localization (InLoc) တွင် တတိယနေရာရရှိခဲ့သည်။ Computer Vision Applications များအတွက် ကြီးမားသောအခက်အခဲတစ်ခုဖြစ်သည့် ကွန်ပျူတာလုပ်ဆောင်ချက်များတွင် ရလဒ်အမှားပမာဏအများအပြားကိုသိရှိဖယ်ရှားပေးခြင်းကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကာကြံ့ခိုင်မှုစမ်းသပ်ချက်မှာလည်းထူးချွန်စွာစွမ်းဆောင်ပြနိုင်ခဲ့သည်။
ယနေ့အထိ OPPO သည် ကမ္ဘာတစ်ဝန်းတွင် ပညာရှင်ပေါင်း ၁၀,၀၀၀ ကျော် ပါဝင်သောသုတေသနအသင်းအဖွဲ့၊ သုတေသနအဖွဲ့အစည်း (၆) ခုနှင့် R&D Center (၄) ခုကိုတည်ထောင်လုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် OPPO ၏ တည်ထောင်သူCEO Tony Chen က လာမည့် (၃) နှစ် အတွင်းတွင် 5G၊ AI၊ AR၊ Big Data နှင့် အခြားခေတ်မီဆန်းသစ်သောနည်းပညာများအပါအဝင် Hardware၊ Software နှင့် System ပိုင်းတွင် သုတေသနများပြုလုပ်ပြီးအဓိကနည်းပညာသစ်များတီထွင်နိုင်ရန် အမေရိကန် ဒေါ်လာ ၇ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ OPPO သည် ရှေ့လျှောက်တွင်လည်းသုံးစွဲသူများအတွက် ဆန်းသစ်ထူးခြားသော ဆက်သွယ်မှုနည်းလမ်းများနှင့် ဝန်ဆောင်မှုအတွေ့အကြုံများပေးစွမ်းနိုင်ရန် ခေတ်မီတိုးတက်သောနည်းပညာများကို ဆက်လက် သုတေသနပြုလုပ်ဆောင်သွားမည်ဖြစ်သည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/