Ooredoo လုပ်ငန်းစုမှ နေအိမ်မှလုပ်ငန်းဆောင်ရွက်စေခြင်းကို နှစ်ကုန်အထိတိုးမြှင့်

အူရီဒူးလုပ်ငန်းစုသည်ပိုမိုမြန်ဆန်ထိရောက်သည့် ဒစ်ဂျစ်တယ်အလေ့အထကိုပံ့ပိုးအားပေးရန် ရည်ရွယ်ချက်ဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက်လုပ်ကိုင်စရာမလိုအပ်သည့် ဝန်ထမ်းများကို ၂၀၂၀ နှစ်ကုန်အထိနေအိမ်မှအလုပ်လုပ်ခြင်းကို ခွင့်ပြုပေးလိုက်ပြီး ၎င်း၏နေအိမ်မှ လုပ်ငန်းဆောင်ရွက်စေခြင်းအစီအစဉ်များကိုတိုးမြှင့်လိုက်ကြောင်းသိရသည်။
အူရီဒူးလုပ်ငန်းစုသည် ဒေသတွင်းကုမ္ပဏီများထဲမှအဆိုပါဆုံးဖြတ်ချက်ကိုချမှတ်လိုက်သည့် ပထမဦးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လက်တလောဖြစ်ပွားနေသည့်အခြေအနေများနှင့် ကိုက်ညီစေရန်ဆန်းသစ်တီထွင်မှုရှိသောလုပ်ငန်းဝန်းကျင်ကို ပုံဖော် ပေးနိုင်သော ခေတ်မီတိုးတက်သည့်လုပ်ငန်းခွင်တစ်ခုဖြစ်လာစေရန်လမ်းခင်းပေးခြင်းဖြစ်သည်။
အူရီဒူးလုပ်ငန်းစုတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့်လုပ်ငန်းမိတ်ဖက်များသည်အိမ် (သို့မဟုတ်) ရုံးမှပိုမိုချိန် ညှိပြုပြင်ပြောင်းလဲနိုင်သောလုပ်ငန်းအစီအစဉ်များကိုကိုယ်ပိုင်သဘောတူညီချက်နှင့် စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် တို့နှင့်အတူ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ကမ္ဘာတစ်ဝန်းရှိအူရီဒူးလုပ်ငန်းစုမှ ကုမ္ပဏီများသည် မိမိတို့နေထိုင်ရာ အရပ်ဒေသနှင့်လျော်ညီသောလုပ်ငန်းခွင်အစီအစဉ်များကို မိမိတို့အခြေစိုက်လုပ်ငန်းတည်ရှိရာတိုင်းပြည်၏ စည်းမျဉ်း စည်းကမ်းနှင့်ကိုက်ညီသောအသင့်လျော်ဆုံးဖြစ်သောပြောင်းလဲမှုများကို စမ်းသပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

မကြာသေးမီကာလက တွေ့ကြုံလေ့လာခဲ့ရသည့် အဓိကကျသောသင်ခန်းစာများကို အခြေခံ၍အူရီဒူးလုပ်ငန်းစု စီမံခန့်ခွဲရေးအဖွဲ့မှ ယခုစမ်းသပ်ဆောင်ရွက်ချက်သည်ပိုမိုခေတ်မီ သွက်လက်မြန်ဆန်သော လုပ်ငန်းခွင်ထုံးတမ်းဓလေ့ တစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ဆောင်မူ ထိပ်တန်းရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်သောအူရီဒူးလုပ်ငန်းစုသည်မကြာသေးမီကာလက ဖြစ်ပွားနေသောအခြေအနေ၏ အကြောင်းအရာ အချက်အလက်များကိုအခြေခံကာအားသာချက်အခွင့်အလမ်းကောင်းများအဖြစ် ပြောင်းလဲရန်ရည်ရွယ် ထားသည်။
“ကမ္ဘာ့ကပ်ရောဂါCOVID-19အခြေအနေကြားထဲမှာကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲပုံဖော်ခြင်း ခရီးစဉ်ကို ပိုမို ပြည့်စုံကောင်းမွန်တဲ့ အဆင့်သစ်တစ်ခုကိုမြှင့်တင်ဖို့အတွက် စစ်မှန်တဲ့အခွင့်အလမ်းတစ်ခုကို ဆုပ်ကိုင်ခွင့် ရလိုက်တာဖြစ်ပြီး ၎င်းက ကျွန်တော်တို့ကုမ္ပဏီကို ဒစ်ဂျစ်တယ်ထုံးတမ်းဓလေ့စနစ်သို့ လုံးဝပြောင်းလဲနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အားသာချက်အဖြစ် အသုံးပြုနိုင်စေနိုင်မှာ ဖြစ်ပါတယ်။အဆိုပါအချက်က လုပ်ငန်းအဖွဲ့အစည်းနဲ့ လုပ်ငန်းလုပ်ကိုင်ပုံကို ပြောင်းလဲစေမှာဖြစ်ပါတယ်။လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့လည်းအစပိုင်းမှာယခုလိုလုပ်ငန်းခွင်ပြင်ပမှာအလုပ်လုပ်ကိုင်ရတာနဲ့ နေရာဒေသခြားနားပြီး လုပ်ငန်းဆောင်ရွက်ရတာတွေကို စိန်ခေါ်မှုတစ်ရပ်အနေနဲ့ တွေ့ကြုံခဲ့ရပေမယ့် ဒီစိန်ခေါ်မှုတွေ ကနေ လုပ်ဆောင်နိုင်စွမ်းအဖြစ် ပြောင်းလဲဖော်ထုတ်နိုင်ခဲ့ပြီး အသင်းအဖွဲ့တစ်ခုအနေနဲ့ လုပ်ငန်းဆောင်တာများကို ပြီး မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နေရာဒေသတစ်ခုတည်းမှာအတူ လုပ်စရာမလိုတာတောင် ပိုပြီးအောင်မြင်ဖြစ် ထွန်းအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်အနေနဲ့ လာမယ့်ကာလတွက် အကောင်းမြင်စိတ်နဲ့စိတ် လှုပ်ရှားနေပါတယ်” အူရီဒူး၏ Group Chief Executive Officer ဖြစ်သူ Sheikh Saud Bin Nasser Al Thani မှ ဟုပြောကြားသည်။
အူရီဒူးလုပ်ငန်းစုသည် ဒေသတွင်းနည်းပညာကုမ္ပဏီများထဲတွင် မိမိ၏ဝန်ထမ်းများကို မိမိတို့နေအိမ်မှအလုပ်လုပ်စေခြင်း လုပ်ငန်းခွင်သဘာဝကိုထောက်ပံ့ရာတွင်ပထမဆုံးဦးဆောင်သောကုမ္ပဏီဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအခြေအနေ မူလပုံမှန်သို့ ပြန်လည်ရောက်ရှိပါက ယင်းလုပ်ငန်းခွင်ဆက်နွယ်မှုသစ်များကို လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်၍ စီးပွားရေးလုပ်ငန်းကိုအားဖြည့်ထောက်ကူပေးနိုင်စေရန်သုံးစွဲသူများ၏ လိုအပ်ချက်နှင့်နေထိုင်ရာလူမှုအသိုင်းအဝန်းအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်မည် ဖြစ်သည်။
ကုမ္ပဏီမှမကြာသေးမီကလများအတွင်းက တွေ့မြင်ခဲ့သည့်ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အလေ့အထ အလားအလာ ကောင်းများ အပေါ် စုပေါင်းအကောင်အထည်ဖော်ရန်နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်သလို စီးပွားရေးဆက်လက်ဆောင် ရွက်ခြင်းဆိုင်ရာ အစီအစဉ်နှင့်အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် တရားဝင်ချမှတ်ထားသော ပြည်သူ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီလုပ်ငန်းလည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ကျန်းမာရေးဆိုင်ရာအခြေအနေ ပြောင်းလဲခြင်းပေါ်မူတည်ပြီးလမ်းညွှန်ချက်များကိုပြောင်းလဲဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးလုပ်ငန်းစု၏ ယခုနှစ်အတွက် ပိုမိုချိန်ညှိပြုပြင်ပြောင်းလဲနိုင်သော လုပ်ငန်းဆောင်ရွက်ခြင်းနည်းလမ်းများကို စမ်းသပ် ဆောင်ရွက်ရန် ညွှန်ကြားချက်ပေါ်တွင် မူတည်ပြီး အူရီဒူးမြန်မာအနေဖြင့် ပိုမိုထိရောက်သည့် မြန်ဆန်သွက်လက်သော လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ၏ လုံခြုံရေးအတွက်လည်း ဆောင်ရွက်ထားရှိပါသည်။ အူရီဒူးမြန်မာအနေဖြင့် ၎င်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ဖော်ပြပါ လုပ်ငန်းစဉ်အချို့ကို စတင်ချမှတ် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
(၁) အလုပ်လုပ်ချိန်ကိုအိမ်မှဖြစ်စေ၊ ရုံးမှဖြစ်စေချိန်ညှိဆောင်ရွက်ခွင့်ပြုခြင်း။
(၂) မည်သည့်ရုံးချိန်တွင်းမှာမဆိုဝန်ထမ်းအင်အား၏ ၅၀% ကိုသာရုံးတက်ရန် စီစဉ်ထားရှိပြီးဝန်ထမ်းများအားလုံး လုံခြုံစိတ်ချမှုရှိစေရန်အတွက် ချမှတ်ထားသည့် social distancing ကိုလိုက်နာကျင့်သုံးစေခြင်း။
(၃) ဒစ်ဂျစ်တယ် ဆက်သွယ်ရေးချန်နယ်လ်များဖြစ်သည့် Workplace၊ Microsoft Team နှင့် Zoom တို့ကိုအသုံးပြု၍ ဝန်ထမ်းများအားလုံးဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးယင်းကဲ့သို့ အွန်လိုင်းဖြင့် ဆွေးနွေးခြင်းများကိုတိုက်တွန်း အားပေး ခြင်း။
(၄) ခရီးသွားခြင်းဆိုင်ရာမူဝါဒကိုအစိုးရ၏ညွှန်ကြားချက်နှင့် အကြံပြုချက်များအတိုင်းဂရုတစိုက် စီမံခန့်ခွဲခြင်း စသည်တို့ဖြစ် သည်။

https://www.facebook.com/OoredooMyanmar