ထပ်မံအဆင့်မြှင့်တင်လိုက်တဲ့ 200MP Ultra-Clear Main Camera နဲ့အတူ OPPO Reno Series တွေရဲ့ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်တဲ့ ဖန်တီးမှုနဲ့ ထွက်ရှိလာမဲ့ OPPO Reno15 Pro Max 5G
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က မိုဘိုင်းဖန်တီးမှုအတွေ့အကြုံအသစ်ကို ထပ်မံမြှင့်တင်ပေးမဲ့ OPPO Reno15 Pro Max 5G ကို ၃,၄၉၉,၉၀၀ ကျပ်နှင့်အတူ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Flagship Level အဆင့်ရှိ 200 MP Ultra-Clear Main Camera ကလဲ ကင်မရာချစ်သူတွေအတွက် တကယ်မက်လောက်စရာ အရည်အသွေးနဲ့အတူ စိုပြည်တောက်ပကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာဖြစ်သလို Video ရိုက်ကူးမှုတွေအတွက်ပါ ပိုမိုအဆင့်မြင့်တဲ့ ဖန်တီးမှုတွေကို OPPO Reno15 Pro Max နဲ့အတူ ဖန်တီးပြသနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါတင်သာမက 200MP Quad Camera Imaging System ကြောင့် ပရော်ဖက်ရှင်နယ်အဆင့် ဓာတ်ပုံနဲ့ ဗီဒီယိုဖန်တီးမှုများကို စမတ်ဖုန်းတစ်လုံးတည်းနဲ့ အလွယ်ကူဆုံး ဖန်တီးနိုင်ပြီး မိမိမျက်လုံးနဲ့ မြင်ရတဲ့အတိုင်းကို ပြန်လည်ပုံရိပ်ဖမ်းယူနိုင်မဲ့အပြင် သဘာဝအရောင်အလှတရားကို ပိုမိုအနီးကပ် ပြန်လည်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါပြင် 50MP Ultra-Wide Selfie Camera ဖြစ်တာကြောင့် ပိုမိုပြတ်သားကြည်လင်တဲ့ အသေးစိတ် အစိတ်အပိုင်းတွေနဲ့အတူ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ဖမ်းယူနိုင်စေမှာ ဖြစ်တာကြောင့် ယနေ့ခေတ်လို အချိန်အခါမရွေး ဖုန်းတစ်လုံးတည်းနဲ့ ကြိုက်နှစ်သက်ရာ ဓာတ်ပုံတွေကို အချိန်အခါ နေရာမရွေး ဖန်တီးချင်သူတွေအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

Image: OPPO
အတွင်းရော အပြင်ပါ အနုပညာဆန်ဆန် လှပကြွရွတဲ့ OPPO Reno15 Pro Max 5G ရဲ့ ဒီဇိုင်း
OPPO Reno15 5G နဲ့ OPPO Reno15 F 5G ထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် OPPO Reno15 Pro Max 5G ဟာ Physical Hardware ကစလို့ Interaction System အထိ သိသာကောင်းမွန်တဲ့ အသွင်အပြင်ကို ရရှိထားပြီး တည်ငြိမ်သိမ်မွေ့တဲ့ Design နဲ့အတူ အတွင်းရော အပြင်မှာပါ ခေတ်မီလျော်ညီ လိုက်လျောညီထွေအောင် ဖန်တီးထားတာဖြစ်ပါတယ်။ မြင်သာထင်ရှားနေတဲ့ Dynamic Stellar Ring Design ဟာဆိုရင် Imaging Power ကို ထင်ရှားစေမဲ့အပြင် သေသပ်လှပ နူးညံ့သပ်ရပ်တဲ့ အထိအတွေ့နဲ့ အသွင်အပြင်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
အပြင်ပန်း ခံနိုင်ရည်ကို ကြည့်မယ်ဆိုရင်လဲ Corning Gorilla Glass Victus 2 Back Cover ကို အသုံးပြုထားပြီး One-piece Sculpted Glass နဲ့ Cold-sculpted Glass Processing နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် IP69 Water and Dust Resistance နဲ့ All-Round Armour Protection ကြောင့် အလွန်အမင်း အန္တရာယ်များတဲ့ ပတ်ဝန်းကျင် ဒေသတွေမှာတောင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းလှပသလို အတွင်းဘက်မှာလဲ နာမည်ကျော်ကြားပြီးသား ColorOS 16 ကို ထည့်သွင်းအသုံးပြုထားတာကြောင့် ColorOS 16 ရဲ့ Sensory Geometric Aesthetic Aesign နဲ့ Fluid Animation တွေနဲ့ ထိတွေ့မှု တစ်ခုချင်းစီတိုင်းကို ရေစီးသလို လွယ်ကူချောမွေ့စေကာ OPPO Reno15 Pro Max 5G ရဲ့ Aesthetic ဒီဇိုင်းနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီစေနိုင်မှာဖြစ်ပါတယ်။ ၆.၇၈ လက်မ ရှိတဲ့ 120Hz Smart Adaptive Screen ဟာ Ultra-thin Screen Bezels နဲ့အတူ တည်ရှိနေတဲ့ OPPO Reno15 Pro Max 5G ဟာဆိုရင် ၉၅.၅ ရာခိုင်နှုန်းအထိရှိတဲ့ Screen-to-body Ratio ပါရှိတာကြောင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးရာမှာလဲ ပိုပြီး ကျယ်ဝန်းလှပတဲ့ Field of View ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ OPPO Reno15 Pro Max 5G မှာဆိုရင် LTPO Adaptive Refresh Rate နဲ့ Flagship-level Outdoor Daylight Display Technology ကို ပံ့ပိုးထားသလို Fine-tuned Grayscale Adjustment ကြောင့် Color Perception ကို ၉ ရာခိုင်နှုန်းအထိ တိုးတက်စေပြီး နေရောင်ပြင်းထန်တဲ့ အပြင်ဘက်နေရာတွေမှာတောင် မရိုက်ခင်နဲ့ ရိုက်ပြီးအကြား အရောင်တွေကို သဘာဝဆန်ဆန် Color Consistency မြင့်မားစွာ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

Image: OPPO
မိမိမျက်စိနဲ့ မြင်တွေ့ထားတဲ့ အလှတရားကို အတိကျဆုံးပြန်လည်ဖော်ပြနိုင်မဲ့ OPPO Reno15 Pro Max ရဲ့ 200MP Quad Camera Imaging System
ယခု OPPO Reno15 Pro Max မှာဆိုရင် အရင်ထက် ပိုမိုကောင်းမွန်လာတဲ့ 200 MP Ultra-Clear Main Camera ပါရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် photography ပိုင်းမှာလဲ Flagship နီးပါးအထိ ကောင်းမွန်လာရုံသာမက Mid-range Level စမတ်ဖုန်းထုတ်ကုန်လို့ မထင်ရလောက်အောင် ရလဒ်တွေက တိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno15 Pro Max 5G ဟာ OPPO ရဲ့ Imaging Aesthetics ကို ဆက်လက် အမွေဆက်ခံထားတာကြောင့် လူ့မျက်လုံးက မြင်တွေ့သလို သဘာဝအရောင်နဲ့ အနီးစပ်ဆုံး ပြန်လည်ဖော်ပြပေးနိုင်မှု ကို အဓိကထား ဖန်တီးထားပါတယ်။ ဒါကြောင့် စမတ်ဖုန်းနဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ ဖြစ်ပေါ်လရှိတဲ့ “Digital Feel” ကို လျော့နည်းစေပြီး ပိုမိုနူးညံ့သဘာဝဆန်တဲ့ အမှတ်တရပုံရိပ်တွေကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။
ဒါတင်သာမက 200 MP Ultra-Clear Main Camera တပ်ဆင်ထားတဲ့ OPPO Reno15 Pro Max မှာဆို ပိုပြီး ကြွရွလှပတဲ့ Resolution အရည်အသွေးနဲ့ အတူ ပုံရိပ်တွေ ရရှိနိုင်တာမို့ Art Gallery Display တွေ သို့မဟုတ် Outdoor Large-screen တွေမှာအသုံးပြုနိုင်တဲ့အထိ ကောင်းမွန်တဲ့ အရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ High Pixel Data များများရှိနေခြင်းကြောင့်သာမက Video ရိုက်ကူးရာတွင် EIS 2.0 Super Stabilization ပါရှိတာကြောင့် ပိုမိုအားကောင်းလာသလို OIS Closed-loop Motor နဲ့ ပေါင်းစပ်အသုံးပြုလိုက်တဲ့အခါ လှုပ်ရှားနေတဲ့အချိန်တွေမှာတောင် တည်ငြိမ်ပြီး Professional ဆန်တဲ့ Video Footage ကို ရရှိစေနိုင်တာကလဲ OPPO Reno15 Pro Max ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဖန်တီးနိုင်စွမ်းတွေကို ထိန်းချုပ်မှုမရှိ ကန့်သတ်ချက်မရှိဘဲ လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ရုံသာမက စိတ်တိုင်းကျ Content တွေကို အချိန်တိုအတွင်း ဖန်တီးစေနိုင်မှာဖြစ်ပါတယ်။

Image: OPPO
သဘာဝဆန်ဆန် အရောင်တွေနဲ့ Cinematic ဆန်ဆန် အလင်းရောင်နဲ့အတူ ဖန်တီးနိုင်မဲ့ OPPO Reno15 Pro Max ရဲ့ အဖိုးတန်လက်ရာများ
ဓာတ်ပုံရိုက်ကူးမှုနည်းပညာမှာတင်ပဲ ကောင်းမွန်တာ မဟုတ်ဘဲ Videography ပိုင်းအတွက်ကိုလဲ OPPO Reno15 Pro Max 5G က စိတ်တိုင်းကျတာထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေ ပါရှိလာပြီဖြစ်ပါတယ်။ 4K HDR super-stabilized Video နှင့် DCG (Dual Conversion Gain) Technology ကို ပေါင်းစပ်အသုံးပြုထားခြင်းကြောင့် သာမန် HDR ပါရှိတဲ့ စမတ်ဖုန်းချင်းအတူတူတောင် OPPO Reno15 Pro Max 5G နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ပိုပြီးစိုပြည်တောက်ပပြီး သဘာဝနဲ့ အလွန်နီးစပ်တဲ့ အရောင်တွေကို မြင်တွေ့ရမှာဖြစ်သလို Advanced Stabilization နည်းပညာကြောင့် Video တွေ ရိုက်ကူးရာမှာ သာမန်ထက်ကို ချောမွေ့တည်ငြိမ်စွာ ဖမ်းယူနိုင်စေမှာဖြစ်ပါတယ်။ ဒါတင်သာမက Dynamic Range အနေနဲ့လဲ Professional Imaging Equipment တွေနဲ့ ယှဉ်နိုင်တဲ့အဆင့်အထိ မြင့်မားလာပြီး အလင်းအမှောင် နှစ်ခုအကြား သဘာဝကျတဲ့ ပုံရိပ်တွေ၊ video တွေကို ဖမ်းယူနိုင်ရုံသာမက သဘာဝအဆန်ဆုံး ၊ လူ့မျက်လုံးနဲ့အနီးစပ်ဆုံး ပြန်လည်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
ဒါပြင် OPPO Imaging Lab က Portrait Algorithm ကို ဆက်လက်အသုံးပြုထားပြီး Natural Tone Algorithm က ပိုပြီးသဘာဝကျစေရန် Skin Tone နဲ့ Lighting ကိုပါ အထူးပြု Optimize လုပ်ပေးထားတဲ့အတွက် Portrait ဓာတ်ပုံ တစ်ပုံချင်းစီမှာ Cinematic ဆန်တဲ့ ပုံရိပ်တွေကို ပိုမိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

Image: OPPO
Trend ချစ်သူ လူငယ်တွေအတွက် ပြီးပြည့်စုံတဲ့ Focal Length နဲ့ ကင်မရာအရည်အသွေး
50MP Ultra-wide-angle Camera နဲ့ 3.5x telephoto lens ကို ပေါင်းစပ်ထည့်သွင်းထားသောကြောင့် Focal Length အမျိုးမျိုးကို အပြည့်အဝ စိတ်တိုင်းကျ စမ်းသပ်အသုံးပြုနိုင်မှာဖြစ်ပြီး မြင်ကွင်းအမျိုးမျိုးကို အဆင်ပြေစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က OPPO Reno Series ရဲ့ Trendsetting DNA ကို ဆက်လက်ထိန်းသိမ်းထားပြီး Reno15 5G နဲ့ Reno15 F 5G မော်ဒယ်တွေမှာ လူကြိုက်များခဲ့ပြီးသားဖြစ်တဲ့ 0.6x Front Ultra-wide-angle Hardware ကို ဆက်လက်ထည့်သွင်းထားသလို OPPO Reno Series ရဲ့ Signature ဖြစ်သော “Breaking the Frame” Software Innovation ကိုလဲ ပေါင်းစပ်ထားသောကြောင့် အနုပညာဆန်တဲ့ ဖော်ပြချက်တွေနဲ့အတူ ခေတ်ရှေ့ပြေး ခေတ်မီတဲ့ လူနေမှုဘဝကိုပါ ပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်မှာဖြစ်ပါတယ်။
200MP Ultra-Clear Main Camera တင်သာမက အရည်အသွေးကောင်းမွန်တဲ့ 3.5x Telephoto Camera ကလဲ အဝေးက မြင်ကွင်းတွေကို ပိုမိုပြတ်သားကြည်လင်စွာ ကြည့်ရှုနိုင်အောင်ကို ပြီးပြည့်စုံတဲ့ Focal Length နဲ့အတူ ဖန်တီးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ OPPO Reno15 Pro Max 5G ရဲ့ အနုပညာဆန်တဲ့လက်ရာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno15 5G နဲ့ OPPO Reno15 F 5G တို့မှာ ပါရှိထားပြီးသား 50 MP Ultra Wide Selfie Camera ကလဲ 100 degree FOV အထိ ရိုက်ကူးနိုင်သလို 0.6X Ultra Wide Angle Camera အဖြစ် ရိုက်ကူးနိုင်တာကြောင့် Selfie Camera တွေရဲ့ မြင်ကွင်းတွေကို ယခင်နဲ့အတူ ပိုမိုထူးခြားပြောင်းလဲစွာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အချိန်အခါနေရာမရွေးရိုက်ကူးနိုင်အောင် AI Flash Photography 2.0 ကလဲ Front Screen Flash နည်းပညာနဲ့အတူ ကိုယ့်အသားအရေ အရောင်နဲ့ ကိုက်ညီမဲ့ အရောင်တွေနဲ့အတူ ထောက်ပံ့ပေးနိုင်မှာမို့ 0.6x Ultra Wide Selfie ကို စိတ်တိုင်းကျ စမ်းသပ်နိုင်ဦးမှာဖြစ်ပါတယ်။
OPPO Reno15 Series 5G က ယနေ့ခေတ် Content Creator အတွက် အလွယ်ကူဆုံးနဲ့အမြန်ဆုံး Productive ဖြစ်ဖြစ် အသုံးပြုနိုင်ဖို့အတွက် Video Editing 2.0 ကို ထပ်မံအဆင့်မြှင့်တင်ပေးလိုက်တာကြောင့် ယနေ့ခေတ် Content Creator တွေအတွက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုကို အကောင်းဆုံး အရည်အသွေးဖြင့်ထောက်ပံ့ပေးနိုင်ရုံသာမက ခေတ်ဆန်ပြီး သွက်လက်တဲ့ ဗီဒီယို တည်းဖြတ်မှု စွမ်းရည်ကို Video Editing 2.0 နဲ့ One-stop Performance အဖြစ် ပြသနိုင်မှာဖြစ်ပါတယ်။
OPPO Reno15 Pro Max 5G ကို အသွက်လက်ဆုံးဖြစ်အောင် ထောက်ပံ့ပေးထားတဲ့ Chipset
OPPO Reno15 Pro Max 5G ဟာ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ AI လုပ်ဆောင်ချက်တွေအတွက် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အကောင်းမွန်ဆုံး အသုံးပြုနိုင်တဲ့ အကြောင်းအရင်းထဲက တစ်ခုကတော့ OPPO Reno15 Pro Max 5G မှာ MediaTek Dimensity 8450 Platform (All-big-core Architecture) ကို တပ်ဆင်ထားတာကြောင့်ဖြစ်သလို 4K 60fps HDR Video Recording နဲ့ Complex AI Rendering တွေကို လုပ်ဆောင်ရာမှာလဲ “Real-time” Computing Power ကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
ဒါတင်သာမက ပထမဆုံးအကြိမ်အဖြစ် OPPO Reno series တွေမှာ OPPO Flagship မော်ဒယ်တွေမှာသာ အသုံးပြုလေ့ရှိတဲ့ NetworkBoost Chip S1 (Shanhai Communication Enhancement Chip) နဲ့ SignalBoost Chip X1 (Wi-Fi Communication Enhancement Chip) တွေကို ထည့်သွင်းလာတာကြောင့် အပြင်ဘက်နေရာတွေမှာ Content ဖန်တီးနေစဉ်ဖြစ်စေ၊ အိမ်တွင်း Live Streaming ပြုလုပ်နေစဉ်ဖြစ်စေ Network Connection ကို တည်ငြိမ်စေပြီး Content တွေကို စမတ်ကျကျ အတည်ငြိမ်ဆုံး Upload ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

Image: OPPO
မရပ်မနား အသုံးပြုနိုင်တဲ့ ဘက်ထရီ စွမ်းအားနဲ့ သက်တမ်း
OPPO Reno15 Pro Max 5G မှာဆိုရင် သုံးစွဲသူတွေအတွက် မရပ်မနား အသုံးပြုနိုင်လောက်အောင်ကို ဘက်ထရီသက်တမ်းရော ကြာရှည်ခံနိုင်မှုရော ကောင်းမွန်တဲ့ 6500 mAh ဘက်ထရီ ၊ 80W SUPERVOOC Flash Charge အားသွင်းစနစ်တို့ ထည့်သွင်းလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲ အတားအဆီးမရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက 50W AIRVOOC Wireless Flash Charge ပါရှိလာတာကြောင့် Video Shooting Scenario တွေအတွက် Optimize ပြုလုပ်ထားပြီး Wireless Charging ဟာ Type-C Port ကို အသုံးမပြုရတဲ့အတွက် Charging လုပ်နေစဉ်မှာပင် External Professional Microphones သို့မဟုတ် Hard Drives တွေကို ချိတ်ဆက်အသုံးပြုနိုင်ကာ Creator တွေအတွက် “Zero-intervention” Creative Workflow ကို ပံ့ပိုးပေးနိုင်တာကလဲ OPPO Reno15 Pro Max 5G ရဲ့ အားသာချက်တစ်ခုအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။
ရေရှည်အသုံးခံနိုင်မဲ့ OPPO ရဲ့ All-New Trinity Engine
OPPO Reno15 Pro Max 5G မှာ ပါရှိလာတဲ့ All-New Trinity Engine က စမတ်ဖုန်းမှာ ရှိနေတဲ့ System-level Resource Scheduling နဲ့ Optimization တွေအပေါ် အခြေခံထားပြီး OPPO ရဲ့ 6-year Smoothness Protection Certification နဲ့ ပေါင်းစပ်ထားတာကြောင့် ရေရှည် အသုံးပြုနိုင်ဖို့အတွက် သင့်တော်မှာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Long-term Stable Performance ကို ထိန်းသိမ်းပေးနိုင်ပြီး OPPO Reno15 Pro Max 5G ကို နှစ်များကြာရှည်အောင် သုံးစွဲသော်လဲ အစပိုင်းကဲ့သို့ Smooth Experience ကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က flagship အတွေ့အကြုံနီးပါးကောင်းမွန်တိုးတက်လာတဲ့ OPPO Reno15 Pro Max 5G ကို ၃,၄၉၉,၉၀၀ ကျပ်နှင့်အတူ မိတ်ဆက်လိုက်ပြီး ဧပြီလ (၃၀)ရက်နေ့အထိ ဝယ်ယူသူတိုင်းကို ၁,၀၀၀,၀၀၀ ကျပ် တန်ဖိုးရှိ 180 days Screen Warranty ၊ POWER Bank နဲ့ အတူ ATOM Package တို့ကို လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ Flagship နီးပါး ပိုမိုကောင်းမွန်တိုးတက်လာတဲ့ Premium Hand Feeling၊ လူငယ်ဆန်ပြီး ခေတ်မီတဲ့ 0.6x Ultra Wide Angle Lens နဲ့ 200 MP Ultra-Clear Main Camera ပါရှိပြီး နောက်ဆုံးပေါ် ColorOS 16 ပါရှိလာတဲ့ OPPO Reno15 Pro Max 5G နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber –https://bit.ly/3W6lzCe နဲ့ Telegram –https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါတယ်။



