Marvel Studios Avengers: End Game နဲ့အတူမိတ်ဆက်လိုက်တဲ့ OPPO F11 နဲ့ OPPO F11 Pro ရဲ့ Marvel’s Avengers Limited Edition

Oppo ရဲ့ F11 Pro Marvel’s Avengers Limited Edition ရောက်ရှိလို့လာပါပြီ။ Marvel ရဲ့ Avengers ဆိုရင်တော့ ရုပ်ရှင်ကြိုက်နှစ်သက်သူများ မသိတာမရှိလောက်အောင်ကိုပဲ ငယ်ငယ်ကထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ ပရိသတ်အချစ်တော် စူပါဟီးရိုးများပဲဖြစ်ပါတယ်။ဒါ့အပြင် အခုနောက်ဆုံး ထွက်ရှိထားပြီး ရုံတင်ပြသနေတဲ့ Avengers : End Game ဟာဆိုရင်ဖြင့် ကမ္ဘာတစ်ဝှမ်းသာမက မြန်မာနိုင်ငံမှာပါ ကြောက်ခမန်းလိလိအောင်မြင်မှုရရှိနေပြီး ရုပ်ရှင်လတ်မှတ်များပါ ုအပြိုင်အဆိုင်ဝယ်ယူနေရလျက်ရှိနေပါတယ်။ ထို Avengers ကိုကြိုက်နှစ်သက်သော ပရိသတ်များအတွက် Oppo က ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့က Oppo ရဲ့ F11 Pro Marvel’s Avengers Limited Edition ကို အခမ်းအနားနဲ့ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲကို နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသုနဲ့ ပိုင်တံခွန်တို့တက်ရောက်ခဲ့ကြပါတယ်။

ထို F11 pro ရဲ့ အထူး Avengers Edition ဟာ အရောင်အနေနဲ့ အပြာရောင်ဖြစ်ပြီး အပြင်ဘက်မျက်နှာပြင်ကို ဆဠဂံ ပုံစံနဲ့ တောက်ပစွာနဲ့မြင်တွေ့ရမှာပါ။ ဒါ့အပြင် Avengers တံဆိပ် အနီရောင်ကို ထင်ရှားစွာ ထည့်သွင်းထားပြီး အနီရောင် switch button ကလဲ ဒီဇိုင်းကို ပိုမိုလှပအောင် ပံံ့ပိုးပေးထားပါတယ်။ Oppo ရဲ့ F11 Pro Marvel’s Avengers Limited Editionကိုဝယ်ယူသူများအနေနဲ့ ဘူးထဲမှာပါဝင်သောတစ်ခြားသော အပိုပစ္စည်းများကိုလဲ လက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။

 

Photos Source- Oppo Myanmar (https://www.facebook.com/oppomyanmar/)
Oppo F11 Pro Marvel’s Avengers Limited Edition ဈေးနှုန်း
Oppo ရဲ့ ပြောကြားချက်အရ အသစ်ထွက်ရှိလာတဲ့ Avengers Edition ကိုမြန်မာကျပ်ငွေ ၅၅၉၉၀၀ ကျပ်နှင့် ဧပြီလ ၂၇ရက်နေ့မှ မေလ၇ရက်အတွင်း နီးစပ်ရာအရောင်းပြခန်းတွေမှာ ကြိုတင်စာရင်းပေးမှာယူနိုင်ပြီဖြစ်ပါတယ်။ Pre-order ကာလဖြစ်တဲ့ April 27 မှ May 7 အတွင်း ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် Avengers ရဲ့ သီးသန့်လက်ဆောင်ပစ္စည်းတွေဖြစ်တဲ့ အင်္ကျ ီ၊ ဦးထုပ်နဲ့ ဖုန်းကျောကပ် stand တွေကို ပိုင်ဆိုင်နိုင်မယ့်အပြင် Telenor ဆင်းကတ်အသုံးပြုသူများအတွက် အထူးခံစားခွင့်တစ်ခုအနေနဲ့ Telenor ရဲ့ Telenor Star အဆင့်ကို ချက်ချင်းပြောင်းလဲပိုင်ဆိုင်နိုင်အုံးမှာလည်း ဖြစ်ပါတယ်။

Photos Source- https://www.oppo.com/mm/
Avengers Edition မှာ Captain America ရဲ့ဒီဇိုင်းပုံစံကို နမူနာယူထားတာဖြစ်ပြီး Cap ရဲ့ နာမည်ကြီး ဒိုင်းကို pop socket အနေဖြင့် ပါဝင်မယ့် Captain America ဖုန်း case ပါဝင်မှာဖြစ်ပါတယ်။ဒါ့အအပြင် အပိုပစ္စည်းများအနေနဲ့ ဘူးထဲမှာ တံဆိပ်ခေါင်းစုဆည်းသူများအတွက် တံဆိပ်ခေါင်း၊ အဓိကဇာတ်ကောင်များဖြစ်ကျတဲ့ Iron Man, Thorနဲ့ Hulkတို့ရဲ့ ရွှေရောင်စတစ်ကာများနဲ့ “ Collection Certificate” နဲ့ Avengers themed wallpaper တို့ပါဝင်မှာဖြစ်ပါတယ်။
ဒီဇိုင်းပုံစံ၊ အပိုပစ္စည်းများနဲ့ Onboard storage ကို 128 GB အထိတိုးမြှင့်လိုက်ခြင်းမှလွဲ၍ Marvel’s Avengers Limited Edition ဟာ အရင်ထွက်ရှိထားတဲ့ Vanilla F11 proနဲ့ တူညီနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။