4.4g သေးငယ် ပေါ့ပါးသော ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော OPPO Enco W11 True Wireless Headphones

OPPO Enco W11 True Wireless Headphones ၏ အဓိကအားသာချက်တွေကတော့ ဘယ်တော့မှ ပြတ်တောက်မသွား မည့် ဂီတသံစဉ်များကိုနားဆင်ခံစားနိုင်သည့်အပြင် နားကြပ်နှစ်ဘက်လုံးမှ Bluetooth တစ်ပြိုင်နက် ထုတ်လွှတ်နိုင်ခြင်း၊ စွမ်းရည်မြင့် ဘေ့စ်သံတို့ကို ရရှိစေမည်လည်းဖြစ်သည်။ နာရီ ၂၀ ကြာ ခံသည့်ဘက်ထရီ အပြင် IP55 ဖုန်မှုန့်နှင့် ရေစိုခံနိုင်ခြင်း၊ အသံပြတ်တောက်ခြင်းများကို လျှော့ချပေးပြီး တည်ငြိမ်မှုရှိစေပါသည်။
Enco W11 တွင် အသုံးပြုထားသောနည်းပညာက နားကြပ်တစ်ဖက်ထည်းမှ အချက်ပြစနစ်ကို လက်ခံ၍ အခြားတစ်ဖက်သို့ ပို့ပေးခြင်းမျိုးမဟုတ်ဘဲ နားကြပ်နှစ်ဖက်စလုံးမှ အချက်ပြစနစ်များကို တစ်ပြိုင်နက်ထည်းဖမ်းယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် အသံပြတ်တောက်ခြင်းမျိုးကို မဖြစ်ပေါ်စေပဲ ပိုမိုတည်ငြိမ်သော အသံအရည်အသွေးကို ရရှိစေခြင်းလည်းသည်။
ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များရရှိနိုင်စေရန်အတွက်လည်း Bluetooth 5.0 chip ကို အထိုင်စက်ပစ္စည်းအဖြစ် ထည့်ပေးထားသည့်အတွက် အခြားသော ပြင်ပစက်ပစ္စည်းများမှ အသံအချက်ပြစနစ်များ ဝင်ရောက်နှောက်ယှက်ခြင်းမှ အကောင်းဆုံးကာကွယ်ပေးနိုင်မည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/

Enco W11 နားကြပ်နှင့် တစ်ကြိမ်တွဲဖက်အသုံးပြုဖူးရုံဖြင့် ၎င်းစက်ပစ္စည်းအား ၁၀ မီတာ အကွာအဝေးအတွင်းတွင် အလိုအလျောက် ချိတ်ဆက်ပေးနိုင်ပါသည်။ သင့်ဖုန်းအား အိတ်အတွင်းထည့်ထားလျှင်ဖြစ်စေ ၊ အခန်းခြားနေလျှင်ဖြစ်စေ မည်သည့်အခြေအနေမျိုးတွင်မဆို သင်နှင့်အတူ ဂီတသံများလည်း အမြဲအတူရှိနေမည်ဖြစ်သည်။
တစ်ကြိမ်အားသွင်းရုံဖြင့် အားသွင်းဗူးမပါလျှင် ၅ နာရီကြာ၊ အားသွင်းဗူးဖြင့်ဆိုလျှင် နာရီ ၂၀ ကြာ နားသောတဆင်နိုင်မည်ဖြစ်သည်။ ၁၅ မိနစ် အားသွင်းရုံဖြင့် ၁ နာရီကြာ အသုံးပြုနိုင်သည့်အတွက် အားသွင်းရန် အချိန်အခက်အခဲရှိချိန်မှာပင် ဂီတသံများနှင့်အတူရှိနိုင်မည်ဖြစ်သည်။
Enco W11 တွင် ပါဝင်သော 8mm အထူရှိသည့် တိုက်တေနီယံကွန်ပိုးဇစ် အလွှာပါးဖုံးအုပ်ထားသည့် dynamic drivers သည် ဘေ့စ်အသံများနှင့်ကြိမ်နှုန်းမြင့်သော အသံများအား ကြည်လင်ပြတ်သားမှုရှိအောင် လုပ်ဆောင်ပေးနိုင်သည်။ AAC အော်ဒီယို format ၏ ထောက်ပံ့မှုပေးသောကြောင့် ကုဒ်ပြောင်းသည့်နှုန်း ပိုမိုမြင့်မားသည့်အတွက် ဂီတသံစဉ်များအား အသေးစိပ်ပုံဖော်ပေးနိုင်သည်။
Enco W11 နားကြပ်သည် ဖုန်နှင့်ရေဒဏ်ကို ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ချွေးထွက်လျှင်ဖြစ်စေ ၊ မိုးရွာလျှင်ဖြစ်စေ နားကြပ်၏ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်ပေးနေမည်ဖြစ်သည်။ အလုပ်သွားချိန်၊ အားကစားလုပ် ဆောင်ချိန် သို့မဟုတ် လေညှင်းခံသည့်အချိန် စသည့် လိုအပ်ချိန်တိုင်း ဂီတသံစဉ်များက အတူလိုက်ပါနေမည်ဖြစ်သည်။
Enco W11 နားကြပ်တွင် ပါဝင်သော လုပ်ဆောင်ချက်က ဖုန်းခေါ်ဆိုစဉ်ဖြစ်ပေါ်သော ဆူညံသံများကို စစ်ထုတ်နိုင်သောကြောင့် ပတ်ဝန်းကျင်မှ မလိုအပ်သော အသံများကို ဖယ်ရှားပေးနိုင်သည်။ ထို့ကြောင့် လူအများကြား တွင်ဖြစ်စေ၊ လမ်းမပေါ်မှကျယ်လောင်သော အသံများကြားတွင်ဖြစ်စေ သင့်စိတ်ကြိုက် ဖုန်းပြောဆိုနိုင်မည်ဖြစ်သည်။

Photo Source https://www.oppo.com/mm/

Enco W11 နားကြပ်သည် ဉာဏ်ရည်ကို အသုံးပြုထိတွေ့ထိန်းချုပ်နိုင်သောကြောင့် အသုံးပြုရ အထူးလွယ်ကူမှုရှိသည်။ သီချင်းဖွင့်ခြင်း၊ ရပ်ခြင်းစသည်တို့ကို တချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပြီး သီချင်းအပုဒ်ကျော်ခြင်းအတွက် နှစ်ချက်နှိပ်ပေး ရမည်ဖြစ်သည်။ ထို့အပြင် အသံဖြင့်ထိန်းချုပ်ခြင်းပါ တွဲဖက်အသုံးပြုနိုင်သောကြောင့် အဆင်ပြေလွယ်ကူပြီး စွမ်းဆောင်ရည် အထူးမြင့်မားမှုရှိသည်။
နားကြပ်ထိပ်ဖူး ဒီဇိုင်းရေးဆွဲရာတွင် နားနှင့်အံဝင်ဂွင်ကျ အဆင်ပြေဆုံးဖြစ်အောင်ပုံဖော်ထားရှိသည်။ သက်တောင့်သက်သာအဖြစ်ဆုံး၊ နားနှင့်အသင့်တော်ဆုံးကို ရွေးချယ်အသုံးပြုနိုင်အောင် စီလီကွန်နားကြပ်ထိပ်ကို အရွယ် အစားသုံးမျိုးဖြင့် ထုတ်လုပ်ပေးထားသည်။
ပြင်ပမှဆူညံသံများ မဝင်ရောက်နိုင်ရန်အတွက် နားအတွင်းတစ်ခုလုံးအား ငုံမိအောင် ဒီဇိုင်းပုံဖော်ထားသောကြောင့် ဂီတသံစဉ်များကို ပိုမိုနစ်မြှုပ်သက်ဝင်ခံစားနိုင်အောင် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် နားကြပ်ထိပ်ဖူး အလေးချိန်မှာ ၄.၄ ဂရမ် သာရှိသဖြင့် နားအတွင်း မည်သည့်အရာဝထ္ထုမှ မရှိသကဲ့သို့ခံစားမှုကို ရရှိစေမည်ဖြစ်သည်။