OPPO နှင့် Kyaw Kyaw Winn (X-Photographer) တို့ ပူးပေါင်း၍ ဓာတ်ပုံပညာ ဝါသနာပါသူများအတွက် အခမဲ့ Mobile Photography သင်တန်း ပြုလုပ်ခဲ့

OPPO မှ ဓာတ်ပုံပညာကို စိတ်ဝင်စား၊ ဝါသနာပါသူများအနေဖြင့် Mobile Photography ကို အခမဲ့ စနစ်တကျ လေ့လာသင်ယူနိုင်မည့် သင်တန်းကို Professional Photographer Kyaw Kyaw Winn (X-Photographer) နှင့်အတူ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ပူးပေါင်းပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ပညာဒါနအခမဲ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ဦးရေ ၂၀ တက်ရောက် သင်ကြားခဲ့ ကြပြီး OPPO Reno8 T ဖြင့် စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံပညာရပ်များကို စာတွေ့နှင့် လက်တွေ့ လေ့လာသင်ယူရင်း ဓာတ်ပုံပြိုင်ပွဲ ကျင်းပခဲ့ကြပြီး ဆုများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံပညာရပ်များကို စိတ်ဝင်စားသူ  အများအပြားက တက်ရောက်သင်ကြားရန် စာရင်းပေးသွင်းခဲ့ကြပြီး ယင်း လျှောက်ထားခဲ့ကြသူများကို OPPO နှင့် Professional Photographer Kyaw Kyaw Winn (X-Photographer) တို့က အင်တာဗျူးဖြင့် Finalist အယောက် ၂၀ ရွေးချယ်ကာ ပညာဒါနအခမဲ့ သင်ကြားပြသပေးခဲ့သည်။ သင်တန်းကာလတစ်လျှောက်တွင် ဓာတ်ပုံပညာရပ်ကို အခြေခံမှ စ၍ စနစ်တကျ ဖုန်းနှင့် ဓာတ်ပုံကောင်းများ ရိုက်နိုင်ရန် လိုအပ်သည့် သင်ကြားမှုများကို 100 MP Portrait Camera ပါဝင်သည့် OPPO Reno8 T ကို အသုံးပြုကာ စာတွေ့အပြင် လက်တွေ့ကွင်းဆင်း ရိုက်ကူးမှုများကိုလည်း ပြုလုပ်ခဲ့ ကြသည်။

“OPPO နဲ့ အတူပူးပေါင်းပြီး လူငယ်တက်သစ်စလေးတွေကို Mobile Photography သင်တန်း‌ပို့ချခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတာကို စိတ်ပါဝင်စားတဲ့သူတွေ၊ ဓာတ်ပုံပညာရပ်ကို စနစ်တကျ အခြေခံကျကျ လေ့လာချင်သူတွေ ၊ ခရီးသွားဓာတ်ပုံကောင်းတွေကို Mobile Phone နဲ့ ရိုက်ချင်ကြသူတွေအတွက် အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေးလေးတစ်ခုပါပဲ။ အခု ဒီသင်တန်းကိုဆိုရင် နယ်က လူငယ်တွေပါ လာတတ်ဖို့ အခွင့်အရေး ရခဲ့ကြပါတယ်။ နယ်က လူငယ်တွေ လာတက်ကြတဲ့အတွက်လည်း ဝမ်းမြှောက်မိပါတယ်။ ဒီသင်တန်းလေးကတစ်ဆင့် ဓာတ်ပုံလောကကို အကျိုးပြုလာနိုင်မဲ့ မျိုးဆက်သစ်လေးတွေလည်း ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီသင်တန်းလေးမှာ ထူးထူးခြားခြားအနေနဲ့ သင်တန်းသားတွေကို OPPO Reno8 T ကို အသုံးပြုပြီး စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သလို သင်တန်းဆင်း အမှတ်တရအနေနဲ့ ဓာတ်ပုံပြိုင်ပွဲလေးကိုပါ ကျင်းပပေးဖြစ်ခဲ့တယ်” ဟု Professional Photographer Kyaw Kyaw Winn (X-Photographer) က ပြောကြား ခဲ့သည်။

Professional Photographer Kyaw Kyaw Winn’s (X-Photographer) choice Photo

အဆိုပါ သင်တန်းနောက်ဆုံးအစီအစဥ်အနေဖြင့် OPPO ၏ Brand Ambassador ဖြစ်သူ သရုပ်‌ဆောင် ခင်ဝင့်ဝါက သင်တန်းသားများ Portrait ဓာတ်ပုံ ရိုက်ကူးမှုကို အထောက်အကူဖြစ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် သင်တန်းသားများကိုယ်တိုင် OPPO Reno8 T ဖြင့် ရိုက်ကူးထားသော သရုပ်‌ဆောင် ခင်ဝင့်ဝါ၏ Portrait ဓာတ်ပုံများကို ပြိုင်ပွဲခေါင်းစဉ်များဖြင့် ကျင်းပပေးခဲ့ကာ အနိုင်ရရှိသူများကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီး OPPO မှ ဆုလက်ဆောင်များလည်း ပေးအပ်ခဲ့သည်။ ဓာတ်ပုံဆုအနေဖြင့် Professional Photographer Kyaw Kyaw Winn (X-Photographer) ကိုယ်တိုင် ရွေးချယ်ပေးအပ်မည့်ဆုနှင့် Popular Choice ဆု ဟူ၍ ဆုများ ပေးအပ်ခဲ့သည်။ ဆုလက်ဆောင်အနေဖြင့် Professional Photographer Kyaw Kyaw Winn (X-Photographer) ရွေးချယ်ထားသော ဓာတ်ပုံဆုကို မဝေမာအောင်ခင်က ရရှိသွားပြီး OPPO Reno8 T နှင့် ငွေသား ၃ သိန်းကျပ်ကို ပေးအပ်ခဲ့ကာ Popular Choice ‌အဖြစ် ရွေးချယ်ခံရသူ ကိုကောင်းခန့်သော် က ရရှိသွားပြီး OPPO Enco Buds2  နှင့် ‌ငွေသား ၂ သိန်းကျပ် အသီးသီး ပေးအပ်ခဲ့သည်။

ဓာတ်ပုံပြိုင်ပွဲတွင် Professional Photographer Kyaw Kyaw Winn’s (X-Photographer) Choice ရရှိခဲ့သူ သင်တန်းသူ မဝေမာအောင်ခင်က “ဓာတ်ပုံပညာရပ်ကို တကယ်ထဲထဲဝင်ဝင် လေ့လာချင်တဲ့ တက်သစ်စ တစ်ယောက်အနေနဲ့ အခမဲ့အနေနဲ့ ဒီသင်တန်းကို တက်ရောက်ခွင့်ရခဲ့တာ အကျိုးကျေးဇူးအများကြီးရခဲ့သလို ဆက်လက်ပြီး လေ့လာသွားဖို့ တွန်းအားတွေလည်း ဖြစ်စေခဲ့တာမို့ OPPO နဲ့ ဆရာ Ko Kyaw Kyaw Winn (X-Photographer) ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သင်တန်းကာလအတွင်းမှာလည်း စာတွေ့ရော လက်တွေပါ သင်ကြားခဲ့ရတဲ့အတွက် Mobile Photography အကြောင်းတွေကို အများကြီး သင်ကြား သိမြင်ခဲ့ရပါတယ်။ သင်တန်းအစအဆုံး အစစအရာရာဂရုစိုက်ပေးတဲ့ OPPO ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း ဓာတ်ပုံပညာ ဝါသနာရှင်တွေအတွက် အခုလိုမျိုး အခွင့်အရေးတွေ၊ အခမဲ့ သင်တန်းတွေ ဆက်လက်ဖွင့်လှစ်ပေးပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Popular Choice Photo

OPPO နှင့် Kyaw Kyaw Winn (X-Photographer) တို့ ပူးပေါင်း၍ ဓာတ်ပုံပညာ ဝါသနာပါသူများအတွက် အခမဲ့ ပြုလုပ်ပေးခဲ့သော ယခု Mobile Photography သင်တန်းတွင် OPPO Reno8 T ဖြင့် ရိုက်ကူးထားသော ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်ဓာတ်ပုံများကို https://bit.ly/43eKEMX တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။