ပိုမိုပါဝင်နိုင်သည့်ဘဏ်လုပ်ငန်းများအတွက် အာရှတွင် အသေးစားချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်မြောက်စေသော Oracle

မြန်မာနိုင်ငံရှိ အချိန်တိုအတွင်း လျင်မြန်စွာကြီးထွားလာသော အသေးစားချေးငွေအဖွဲ့အစည်းဖြစ်သည့် SATHAPANA လီမိတက်သည် ၎င်း၏ တရားဝင် ဗဟိုဘဏ်လုပ်ငန်းစနစ်ကို Oracle FLEXCUBE ဖြင့်အစားထိုးလိုက်သည်။ ကမ္ဘာတစ်ဝှမ်း ကိုးဗစ်ကူးစက်ပျံ့နှံ့နေသောကာလအတွင်းမှာပင် SATHAPANA သည် ခြောက်ပတ်အတွင်း တိုင်းပြည်တစ်ဝှမ်းရှိ ဖောက်သည်အယောက် ၃၅၀,၀၀၀ ကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၅၀ နှင့်အထက်ရှိသော ဌာနခွဲများကို ဖွင့်လှစ်ခဲ့ပြီး FLEXCUBE ကိုစတင်မိတ်ဆက်ခဲ့သည်။ SATHAPANA သည် ဒေသတွင်း အလုံးစုံသောဒီဂျစ်တယ်ပိုင်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များ တစ်စုတစ်စည်းထဲတူညီစေဖို့ကို ကူညီပေးရန် Oracle Technology and Network infrastructure ကို အကောင်အထည်ဖော်ခဲ့သော First Myanmar Solution Company Limited နှင့် FLEXCUBE ကိုရွေးချယ်ခဲ့သည်။
မြန်မာနိုင်ငံသည် ၎င်း၏ ရှေ့တန်းစီးပွါးရေးလုပ်ငန်းများကို ၂၀၀၀ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့ပြီးနောက် အာရှတိုက်တွင် GDP တိုးတက်နှုန်း အမြင့်ဆုံးစာရင်းထဲပါဝင်ပြီး လျှင်မြန်စွာကြီးထွားလျက်ရှိသည်။ လွန်ခဲ့သောကိုးနှစ်တာကာလအတွင်း Oracle သည် မြန်မာနိုင်ငံရှိ ၎င်း၏မျိုးဆက်သစ် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်စနစ်များ ပြုပြင်ပြောင်းလဲရန်နှင့် FLEXCUBE မှ ဖောက်သည်များ အကျိုးသက်ရောက်မှုရှိသော အတွေ့အကြုံများကိုရရှိစေရန် စွမ်းဆောင်ပေးခဲ့သည်။ Oracle သည် ဘဏ်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ထိပ်တန်းပြည်တွင်းဘဏ် (၆) ခုနှင့်လည်း နီးကပ်စွာလုပ်ကိုင်ခဲ့သည်။

Photo Source https://www.oracle.com/industries/financial-services/banking/flexcube-universal-banking/

Oracle သည် အာရှဈေးကွက်တွင် ဂုဏ်သတင်းကြီးမားသည့်အပြင် လက်ရှိ Oracle ဖောက်သည်တစ်ဦးအနေဖြင့် ရလာတဲ့အတွေ့အကြုံအပေါ် အခြေခံ၍ SATHAPANA မှ Oracle ကိုရွေးချယ်ခဲ့သည်ဟု SATHAPANA လီမိတက်၊ အမှုဆောင်အရာရှိချုပ် Seang Serey မှ ပြောကြားခဲ့သည်။ ကျွန်ုပ်တို့ကတိကဝတ်ပြုထားတဲ့အတိုင်း လက်လှမ်းမမှီ သေးသောသူများ ချေးငွေများရရှိရန်နှင့် အပ်ငွေများ လုံခြုံစွာထားရှိနိုင်ရန်ကူညီပေးဖို့အတွက် Oracle FLEXCUBE ရဲ့သုံးစွဲသူဗဟိုပြုချဉ်းကပ်မှုနှင့်အတူ သေသေချာချာဆက်နွယ်ထားသည်။
FLEXCUBE ၏ တိုးချဲ့ပြောင်းလဲလွယ်ကူမှုများကြောင့် SATHAPANA သည် ၎င်း၏ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖောက်သည်များထံ မြန်ဆန်စွာဖြန့်ချီနိုင်ပြီး တစ်ချိန်တည်းမှာပဲ လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါလိမ့်မည်။ ဤပလက်ဖောင်းမှတစ်ဆင့် အဖွဲ့အစည်းများ၏ ချေးငွေ၊ အပ်ငွေ၊ ပိုင်ဆိုင်မှုများနှင့် ပတ်သက်သော သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
Oracle သည် SATHAPANA ကဲ့သို့သော အသေးစားငွေချေးလုပ်ငန်းအဖွဲ့အစည်းများအား ယခင်က ဘဏ်လုပ် ငန်းဝန်ဆောင်မှုများမရရှိခဲ့သော လူမှုအဖွဲ့အစည်းများသို့ ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းအတွက်ချေးငွေ၊ အုပ်စုလိုက် ချေးငွေများဖြင့် ထောက်ပံ့ပေးစေနိုင် သည်ဟု Oracle Financial Services၊ APJ & MEA sales၊ အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ Venky Srinivasan မှပြောကြားခဲ့သည်။ လူတွေကို ချေးငွေပေးခြင်းအားဖြင့် SATHAPANA ဟာ မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေခြင်းဖြစ်တယ်။ Oracle FLEXCUBE ၏အကူအညီနှင့်အတူ SATHAPANA သည် ၎င်း၏ သမားရိုးကျ ဘဏ်လုပ်ငန်းလိုအပ်ချက်များနှင့် အသေးစားချေးငွေလိုအပ်ချက်များကို ဖော်ပြနိုင်ပြီး အနာဂတ်တွင် ဆက်လက်တိုးချဲ့ရန်လည်း အသင့်ဖြစ်နေနိုင်သည် ဟုလည်းပြောကြားခဲ့သည်။
SATHAPANA သည် ဒေတာစင်တာနှင့် Network ဖွဲ့စည်းတည်ဆောက်မှုများကို ထောက်ပံ့ရန်နှင့် အကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသတွင်းရှိ ဘဏ္ဍာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော First Myanmar ကိုရွေးချယ်ခဲ့တာပါဟုလည်း Serey မှပြောကြားသည်။

Photo Source https://www.oracle.com/industries/financial-services/banking/flexcube-universal-banking/

SATHAPANA သည် စင်ကာပူနိုင်ငံရှိ Financial holding ကုမ္ပဏီ၏ အခွဲဖြစ်သော MARUHAN Investment Asia ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး ၎င်းသည် FLEXCUBE ကိုလည်း ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လမ်းကြောင်းတွင်ကူညီရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံရန်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်လည်း အသုံးပြုနေပါသည်။ ဒါ့အပြင် Oracle Database အပါအဝင်အခြားသော Oracle နည်းပညာများကိုလည်းအသုံးပြုပါသည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.oracle.com/industries/financial-services/banking/flexcube-universal-banking/