CB Bank မှ CB Card+ Mobile Application ကိုစတင် မိတ်ဆက်

CB Bankသည် CB Card+ Mobile Application ကို CB Bank ကတ် အသုံးပြုသည့် Customer များအတွက် စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကတ်နှင့်ပတ်သက်သော အချက်အလက်များနှင့် ဝန်ဆောင်မှုများကို Application တစ်ခုထဲတွင် အလွယ်တကူ ကြည့်ရှုအသုံးပြုနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် NFC လုပ်ဆောင်ချက်ပါဝင်သောဖုန်းများဖြင့် VISA Contactless လက်ခံသောဆိုင်တိုင်းတွင်လည်း ထို Mobile Application ဖြင့်ငွေပေးချေနိုင်မည်ဖြစ်သည်။ CB Card+ Application ကိုစတင်အသုံးပြုရန်အတွက်ဘဏ်သို့သွားရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် Google Play Store နှင့် Apple Store တို့တွင် Download လုပ်ကာအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/CBBankmyanmar

CB Card+ Mobile Application ဖြင့် Discounts များနှင့် Promotions များကိုကြည့်နိုင်ခြင်း၊ Visa Contactless ကတ်လက်ခံသည့်ဆိုင်များတွင် ကတ်မလိုဘဲ ဖုန်းဖြင့်ထိပြီး လုံခြုံစွာ ပေးချေနိုင်ခြင်း၊ ကတ်ကို Block လုပ်သည့်ဝန်ဆောင်မှု၊ Credit Card အကြွေးပြန်လည်ပေးချေခြင်း၊ ကတ်အချက်အလက်များကို အလွယ်တကူကြည့်ရှုနိုင်ခြင်း၊ အနီးအနားတွင် ရှိသည့် CB Bank ဘဏ်ခွဲများ၊ ATMများနှင့် ချိတ်ဆက်ထားသောဆိုင်များကိုကြည့်ရှုနိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။
“CB Bank အနေနဲ့ Customers တွေအတွက် ပိုမိုဆန်းသစ်ပြီး လူနေမှုဘဝကို ပိုမိုပြည့်စုံစေမည့် ဝန်ဆောင်မှုတွေကို အစဉ်အမြဲ ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဆိုရင်ဖြင့် CB Bank ကတ်အသုံးပြုတဲ့၊Customers တိုင်း ရှိထားသင့်တဲ့ CB Card+ Mobile Application ကိုစတင်မိတ်ဆက်လိုက်ပါတယ်။ ကတ်နှင့်ပတ်သက်တဲ့အချက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့အပြင် Visa Contactless လက်ခံတဲ့ ဆိုင်တိုင်းမှာNFC လုပ်ဆောင်ချက်ပါဝင်တဲ့ဖုန်းတွေဆိုရင် ဖုန်းနဲ့ထိပြီးငွေပေးချေနိုင်မှာဖြစ်ပါတယ်။ Digital Banking Services မှာ ဦးဆောင်နေသည့် ဘဏ်တစ်ခုဖြစ်တဲ့ CB Bank ကနေ ရှေ့ဆက်ပြီးတော့ ပိုမိုဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ၊ Customers တွေအတွက် ပိုမိုလွယ်ကူစေမည့် ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်” ဟု CB Bank ၏ Executive Vice Chairman & Chief Executive Officer ဖြစ်သူဦးကျော်လင်းက ပြောကြားသည်။

Photo Source https://web.facebook.com/CBBankmyanmar

“CB Bank ရဲ့ Mobile Application အသစ်ဖြစ်တဲ့ CB Card+ Mobile Application ကို စတင်မိတ်ဆက်နိုင်တဲ့အပေါ် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ်ထားရှိတဲ့ သဘောထားဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီနေ့ခေတ် ဒစ်ဂျစ်တယ် နည်းပညာသုံးစွဲသူတွေဟာ ရိုးရှင်းပြီး ယုံကြည်ရတဲ့ ငွေပေးချေရေးဆိုင်ရာ Tools တွေကို Online မှာသာမက Offline မှာလည်း အသုံးပြုလိုလာကြပါတယ်။ ဒါ့အပြင် Connected Devices (ဒစ်ဂျစ်တယ် နည်းပညာအသစ်)တွေကိုအသုံးပြုပြီး ပိုက်ဆံပေးချေနိုင်တာတွေနဲ့ စီမံခန့်ခွဲမှုအတွက် ပိုမိုလွယ်ကူအဆင်ပြေတဲ့ အတွေ့အကြုံသစ်တွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးများစွာရှိတာကို ကျွန်မတို့အနေနဲ့ တွေ့ရပါတယ်။ ဒီပူးပေါင်းမှုက Visa ရဲ့ ကွန်ရက်ကို ချဲ့ထွင်ပေးနိုင်ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှု တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့Digital Myanmar ဖြစ်ဖို့ဆိုတဲ့Visa ရဲ့ ရည်ရွယ်ချက်နဲ့Cashless Society ဖြစ်ထွန်းရေးအတွက်ပါ ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Ms. Lillian Wang က ပြောကြားသည်။
CB Card+ Mobile Application နှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက CB Bank ၏ Hot line ဖုန်း၀၁-၂၃၁၇၇၇၀သို့ ဆက်သွယ်မေးမြန်းနိုင်သည်။