MPT ၏ မိုဘိုင်း အက်ပလီကေးရှင်း အသစ်များနှင့် မိုးဘိုင်းဂိမ်း အက်ပလီကေးရှင်း အသစ်များအကြောင်းတစ်စေ့တစ်စောင်း

Image Source: http://mpt.com.mm/en/

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္႑ဖွံ့ဖြိုးတိုးတက်ရန် နှစ်ပေါင်း ၁၃၀ ကျော်ကြာ ရပ်တည်ကြိုးပမ်းလုပ်ဆောင်နေသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ဖုန်းအသုံးပြုသူပေါင်း (၂၃) သန်းကျော်ရှိလျက် သုံးစွဲသူများ နှင့် စီးပွားရေး လုပ်ငန်းကြီး များအတွက် လိုင်းဖုန်းများ ၊ ADSL ၊ FAX ၊ FTTH နှင့် မိုဘိုင်းဆက်သွယ်ရေးများကို ၀န်ဆောင်မှုပေးနေသော မြန်မာနိုင်ငံ၏ ပထမဦး နှင့် ထိပ်ဆုံးမှ ဦးဆောင်လျှက်ရှိသော ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်ရပ်တည်လျှက်ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကွန်ရက်လွှမ်းခြုံနိုင်မှုမှာ ၉၆% ရှိနေပြီး အကျယ်ပြန့်ဆုံးသော ကွန်ရက်ကို ပိုင်ဆိုင်ထားသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကျယ်ပြန့်သော အရောင်းဈေးကွက်များကိုအသုံးပြု၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တစ်နိုင်ငံလုံးအနှံ့အပြား ဆက်သွယ်ရေး၀န်ဆောင်မှုများ ပိုမိုတိုးတက်များပြားလာစေရန် ရည်ရွယ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ KDDI Sumitomo နှင့် ပူးပေါင်း၍ ၀န်ထမ်းပေါင်း ၈ထောင်ကျော်နှင့် အတူ မြန်မာ့ဆက်သွယ်ရေး နှင့် နည်းပညာကဏ္႑များကို ပိုမို တိုးတက်လာစေခြင်းဖြင့် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန်ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ကမ္ဘာအကြီးဆုံး ကြော်ငြာလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPP နှင့် ဈေးကွက် ဆိုင်ရာသုတေသန အဖွဲ့ဖြစ်သော Millward Brown တို့က ပူးပေါင်းဆောင်ရွက်သည့် BrandZ မှ “Sportlight on Myanmar” ခေါင်းစဉ်ဖြင့် ကောက်ယူထားသော စစ်တမ်းများအရ ၂၀၁၆ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်ထားသည့် အဓိကကျသည့် ကုန်အမှတ်တံဆိပ် ၄၂ ခု တွင် နိုင်ငံအတွင်း လူကြိုက် အများဆုံး ကုန်အမှတ်တံဆိပ် စာရင်း၏ ထိပ်ဆုံးတွင်ရပ်တည်ထားနိုင်ခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကဏ္႑ တိုးတက် ကောင်းမွန်လာစေရန်အတွက် ေ၀းလံခေါင်ဖျားသည့် ဒေသများတွင် ယခုထက်ပိုမို ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ နောက်ဆုံးပေါ် 4G ကွန်ရက် နည်းပညာများအတွက် အခြေခံ အဆောက်အအုံကို လက်တွေ့အသုံးချရန် နှင့် အများပြည်သူထံ ပိုမိုကောင်းမွန်သည် ၀န်ဆောင်မှုများပေးနိုင် ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ကိုလည်းထောက်ပံ့ရန်ကြိုးပမ်းခဲ့ပါတယ်။

Image Source: http://cc.lotayamm.com/

နာမည်ကြီးအနုပညာရှင်များ၏ဟော့အဖြစ်ဆုံးနှင့် နောက်ဆုံးရသတင်းများကို သယ်ဆောင်လာပေမည့် MPT ၏ အက်ပလီကေးရှင်း အသစ်တစ်ခုဖြစ်သည့် Cele Club အက်ပလီကေးရှင်းအသစ်ကို ၁၆ ရက် မတ်လ ၂၀၁၈ ခုနှစ် တွင် စတင်မိတ်ဆက်ပြီး အသုံးပြုနိုင်ခဲ့ပါပြီ။ Contents Hub Services ကုမ္ပဏီလီမီတက် နှင့် အတူ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ အက်ပလီကေးရှင်းအသစ်တွင် ပြည်တွင်းမှ နာမည်ကြီး အနုပညာရှင်များ ၏ တစ်နေ့တာလှုပ်ရှားမှုများ Blogs များ ရှိုးပွဲမှား နှင့် အနုပညာလှုပ်ရှားမှုသတင်းများ ထင်ပေါ်ကျော်ကြားသူများ အကြောင်းများ သတင်းဓါတ်ပုံများ ဗီဒီယိုသတင်းများအဖြစ် နေ့စဉ်မပြတ် အကန့်အသတ်မရှိ ဖတ်ရှုခံစား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MPT သုံးစွဲသူများအတွက် ၄င်းတို့နှစ်သက်စွဲလန်းသော အနုပညာများနှင့် ရင်းရင်းနှီးနှီး ဆက်သွယ်နိုင်မည့်အပြင် ဖက်ရှင်မော်ဒယ်များနှင့် အခြားသော အနုပညာရှင်များ၏ နောက်ဆုံးရသတင်းများကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် ယခု Cele Club အက်ပလီကေးရှင်းတွင် လူသိများထင်ရှားပြီး နာမည်ကျော်ကြားထင်ရှားသူ ၁၀ ဦးဖြစ်တဲ့ နီနီခင်ဇော် ၊ ခင်၀င့်ဝါ ၊ အေး၀တ်ရည်သောင်း ၊ ထွန်းထွန်း ၊ ကျော်ကျော် ၊ အောင်သူလွင် ၊ မေရတီဇော် ၊ ဖြိုးပပ ၊ Tyron နှင့် Russell တို့၏ နောက်ဆုံးသတင်းအချက်အလက်များနှင့် လှုပ်ရှားအမှုများကို စတင်ရယူနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်းသုံးစွဲသူပရိသတ်များအကြိုက်နာမည်ကြီးအနုပညာရှင်များနှင့် ချိတ်ဆက်ကာထပ်တိုးဆောင်ရွက်သွား မယ်လို့သိရှိရပါတယ်။ Cele Club အက်ပလီကေးရှင်းကို ရယူလိုသော MPT သုံးစွဲသူများအနေဖြင့် 8441 သို့ CELE ဟုစာတိုပေးပို့ရမည်ဖြစ်ပြီး ဒေါင်းလုပ်ပြုလုပ်မည့် လင့်ကို ပြန်လည်ပေးပို့ပေးမည်ဖြစ်ပြီး လိုတရ ၀ဘ်ဆိုက် http://cc.lotayamm.com/ တွင် လည်း အခမဲ့ ဒေါင်းလုပ် ရယူနိုင်မှာလည်းဖြစ်ပြီး Google Play Store မှာလည်းရယူနိုင်မှာဖြစ်ပါတယ်။ Cele Club ကိုအသုံးပြုသူများအနေဖြင့် Celebrity တစ်ဦးအတွက် တစ်ရက်လျှင်၀န်ဆောင်ခ ၉၉ ကျပ် Live Streaming video တစ်ခုစာအတွက် ငွေကျပ် ၁၅၈ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်) ပါ၀င်ပြီး သာကုန်ကျမည်ဖြစ်ပါတယ်။ ထို့အပြင် Cele Club အက်ပလီကေးရှင်းစတင်မိတ်ဆက်ခြင်းအထိမ်းအမှတ်အနေဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အတွင်း အက်ပလီကေးရှင်းကို ရယူအသုံးပြုသူများအတွက် တစ်ပတ်တာ အခမဲ့ အသုံးပြုခွင့်ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါကာလ အတွင်း စာရင်းသွင်းရယူသူများက ကံစမ်းမဲအစီစဉ် တွင် iPhone X (၁လုံး) ၊ Samsung Galaxy S9+ (၃လုံး) နှင့် ၃၀၀၀ ကျပ် တန် MPT ငွေဖြည့်ကဒ် (၁၀၀) ဆုမဲများကိုလဲပါ၀င်ကံစမ်းရရှိနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသည်များအတွက် MPT Call Centre နံပါတ် 106 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Image Source: http://mpt.com.mm/mm/latest-newsmm/page/5/

အကန့်အသတ်မရှိ ရယူနိုင်မည့် MPT ၏ မိုဘိုင်းအက်ပလီကေးရှင်းအသစ် APPBOX ကို ၂၀၁၇ ခုနှစ် ၊ နို၀င်ဘာလ ၉ ရက်နေ့ တွင်စတင်ထုတ်လွှင့်တင်ထားပြီ တစ်ရက်ချင်းစီကို ၀န်ဆောင်ခပေးသွင်းပြီး မိုဘိုင်းဂိမ်းများကို အကန့်အသတ်မရှိ ရယူကစားနိုင်မည့် APPBOX အက်ပလီကေးရှင်း အသစ်ကို MPT ကမိတ်ဆက်ကြော်ငြာခဲ့ပါတယ်။ အဆိုပါ အက်ပလီကေးရှင်းတွင် Android မိုဘိုင်းထုတ်ကုန် များအတွက် လိုင်စင်ရယူထားသည့် နာမည်ကြီး ဂိမ်းများနှင့် ဖျော်ဖြေရေးဂိမ်းများစွာထည့်သွင်းထားပြီး သုံးစွဲသူများအနေဖြင့် Cut the Rope 2 ၊ Tag the Frog ၊ 3D Tower Box ၊ Snake.io နှင့် Garfield kart ကဲ့သို့သောနာမည်ကျော်ဂိမ်းအများစုကို ကစားနိုင်မှာဖြစ်ပါတယ်။ ၄င်းဂိမ်းများ၏ လုံခြုံစိတ်ချရသော app store ဖြစ်သည့် APPBOX မှ ဒေါင်းလုပ်ရယူနိုင်ပြီး ဂိမ်းအမည် ၊ အမျိုးအစား နှင့် ကဏ္႑အလိုက် Keyword များဖြင့် အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ပါတယ်။ လစဉ်လတိုင်းအတွက် နောက်ဆုံးပေါ်နာမည်ကျော်ဂိမ်းအသစ်များစွာကိုလည်း ထည့်သွင်းပေးသွားမည် ဖြစ်သောကြောင့် စုံလင်လှသည့်အမျိုးအစားများစွာကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ လူအများ မျှော်လင့်စောင့်စားနေကြသည့် ၄င်း Android App ကို မြန်မာဘာသာဖြင့်အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများ၏စိတ်၀င်စားမှုအလိုက် ဆန်းသစ်သော ဂိမ်းများကို စဉ်ဆက်မပြတ်ဖော်ပြပေးမည့် Content Catalogue တစ်ခုလည်းပါ၀င်မှာဖြစ်ပါတယ်။

Image Source: http://letsplay.com.mm/

အက်ပလီကေးရှင်စတင်မိတ်ဆက်သည့် အထိမ်းအမှတ်အဖြစ် ယခု၀န်ဆောင်မှုကို ရယူသုံစွဲသူများ အနေဖြင့်ပထမတစ်ပါတ်စာအတွက်အသုံးပြုခပေးဆောင်ရန်မလိုဘဲ အခမဲ့ သုံးစွဲနိုင်ပြီး အခမဲ့ ရတ်သတ္တပတ်ပြီးဆုံးသွားပါက နေ့စဉ်ကြေး ကုန်သွယ်လုပ်ငန်းခွန်ပါ၀င်ပြီး ၂၅၀ ကျပ် ဖြင့်သုံးစွဲနိုင်မှဖြစ်ပါတယ်။ ငွေပေးချေသည့် (Post-Paid) အစီစဉ် အသုံးပြုသူများအတွက် သုံးစွဲထားသည့် ပမာဏလိုက်ပြီး လစဉ်ထည့်သွင်းကောက်ခံသွားမည်ဖြစ်ပါတယ်။ စာရင်းသွင်းခြင်းပြီးဆုံးပါက စာရင်းပေးသွင်းကစားကြသူများအနေနှင့် မိမိ တို့ကြိုက်နှစ်သက်ရာ ဂိမ်းများကို အမျိုးအစားအလိုက် Online နှင့် Offline မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ကစားနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများအနေဖြင့် Android Version 4.2 သို့ အဆင့်မြှင့်တင်ပြီး ဂိမ်းများကို ဒေါင်းလုပ်ရယူကစားနိုင်မှာဖြစ်ပါတယ်။ APPBOX အက်ပလီကေးရှင်း ကို အသုံးပြုလိုပါက Google Play Store တွင် Download ပြုလုပ်နိုင်ပြီး http://xrink.me/BOEoi တွင်လည်း Download ရယူနိုင်မှာဖြစ်ပါတယ်။

Image Source: https://www.facebook.com/mptofficialpage/

Let’s Play ၀န်ဆောင်မှုကိုဖြန့်ချီခြင်းနှင့် သက်ဆိုင်သောအကြောင်းအရာများအားလုံးကို TIMWE မှမူပိုင်ဖြစ်ပြီး Operator အနေဖြင့် MPT မှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Let’s Play ကို IOS နှင့် Android နှစ်ခုစလုံးတွင် ကစားနိုင်သော အရည်အသွေးမြင့် အွန်လိုင်းဂိမ်းများဖြစ်ပြီး အွန်လိုင်း ဂိမ်း Portal တစ်ခုဖြစ်ပါတယ်။ ဂိမ်းဖျော်ဖြေမှုပေါင်းများစွာအနက် အက်ရှင် အားကစားပြိုင်ပွဲများနှင့်အတူ အခြားသောဂိမ်းအမျိုးအစားများစွာ တို့ကိုရယူကစားနိုင်မှဖြစ်ပါတယ်။ ၀န်ဆောင်မှုအားစာရင်းပေးသွင်းပြီး ပထမဆုံး တစ်ပတ် တွင်အခမဲ့ကစားနိုင်ပြီး အခမဲ့ကာလ တစ်ပတ်ကျော်လွန်ပါက တစ်ရက်လျှင် ၂၀၀ ကျပ် နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပါတယ်။ Let’s Play ၀န်ဆောင်မှုတွင်အွန်လိုင်းဂိမ်းပေါင်း ၂၀၀ ကျော်ပါ၀င်ပြီး မိမိကြိုက်နှစ်သက်ရာကို အကန်အသတ်မရှိကစားနိုင်မှာဖြစ်ပါတယ်။ Prepaid အသုံးပြုသူများအား ဖုန်းငွေထဲမှ တိုက်ရိုက်ကောက်ခံသွားမည်ဖြစ်ပြီး Postpaid အသုံးပြုသူများအတွက်လစဉ်ဖုန်းငွေပေးချေမှုထဲမှအသီးသီးကောက်ခံသွားမှာဖြစ်ပါတယ်။ Let’s Play ၏ အကန့်အသတ်မရှိသော ဂိမ်းများကို ကစားလိုပါက 8765 သို့ GAME ဟုစာတိုပေးပို့ကာ စာရင်းပေးသွင်းရမည်ဖြစ်ပြီး http://letsplay.com.mm/ ကိုမိမိ ဖုန်း Browser တွင်ရိုက်ထည့်ပြီး Portal တွင်ဖုန်းနံပါတ်ရိုက်ထည့်ပေးရမည်ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရိုက်ထည့်ပြီးပါက ဖုန်းထဲတွင် PIN Number အား Message လက်ခံရရှိမည်ဖြစ်ပါတယ်။ PIN Number အားရိုက်ထည့်လိုက်သည်နှင့်တပြိုင်နက် Let’s Play Portal ပေါ်ရှိဂိမ်းများကို စတင်ကစားနိုင်မှာဖြစ်ပါတယ်။