၁ နာရီ ၆၄၉ ကျပ်နဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ Power Bank ငှားရမ်းအသုံးပြုနိုင်မယ့် Power Flash

Sharing Service ဆိုတာ ဝန်ဆောင်မှု ဒါမှမဟုတ် ပစ္စည်းတစ်ခုကို ဈေးသက်သက်သာသာနဲ့ငှားရမ်းပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီလို ငှားရမ်းဝန်ဆောင်မှုတွေပေးတဲ့ ဝန်ဆောင်မှုတွေမှာ ကား၊ စက်ဘီးငှားရမ်းပေးတာတွေအပြင် Power Bank ငှားရမ်းပေးတာတွေအထိ အကုန်ပါဝင်ပါတယ်။ Power Flash ဆိုတာကတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ အသုံးပြုသူတွေအတွက် Power Bank Sharing Service ပြုလုပ်ပေးနေတဲ့ Service တစ်ခုဖြစ်ပါတယ်။

Image: Power Flash

Power Flash ရဲ့ Power Banking Sharing Service ကိုအသုံးပြုဖို့အတွက် Power Flash Application ကို အရင်ဆုံး Google Play Store နဲ့ App Store ကတစ်ဆင့် Download ပြုလုပ်ပြီး အကောင့် ဖွင့်ထားဖို့ လိုအပ်ပါတယ်။  အကောင့်ကိုလည်း ဖုန်းနံပါတ်၊ Facebook Account ဒါမှမဟုတ် Gmail နဲ့ Register ပြုလုပ် နိုင်ပါတယ်။

Power Bank ကိုငှားရမ်းအသုံးပြုတော့မယ်ဆိုရင်တော့ Power Bank Cabinet က QR Code ကို Scan ဖတ်ပြီး Deposit ၁၈,၀၀၀ ကိုကြိုက်တဲ့ Mobile Payment Method နဲ့ပေးသွားပြီး “Confirm and Rent” နှိပ်လိုက်တာနဲ့ Power Bank က Pop Up ထွက်လာပြီး စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Power Flash Application မှာ မြေပုံနဲ့ နီးစပ်ရာငှားရမ်းနိုင်တဲ့ဆိုင်တွေကိုပြသထားပေးတဲ့အတွက် အသုံးပြုရလွယ်ကူသလို ပြန်လည်အပ်နှံ ချင်ပြီ ဆိုရင်လည်း ကိုယ်ရှိနေတဲ့ Location ကိုထောက်ပြီး မြေပုံထဲက နီးစပ်ရာဆိုင်တွေမှာ အပ်နှံနိုင်သလို Order Bar ကိုထောက်ပြီး တွေ့ရတဲ့ “Stores Near By” ကလည်း နီးစပ်ရာ Power Flash Service ရှိတဲ့ဆိုင်တိုင်းမှာ အပ်နှံနိုင်မှာ ဖြစ်ပါတယ်။

Image: Power Flash

Hourly Charges ပေးချေဖို့အတွက် App ရဲ့ Notification က “You have an order to pay” စာတန်းကို နှိပ်လိုက်တာနဲ့ ပေးချေရမယ့် Paymanet ကျလာမှာ ဖြစ်ပြီး ကြိုက်နှစ်သက်ရာ Payment Method နဲ့ ပေးချေ နိုင်မှာ ဖြစ်ပါတယ်။ တစ်နာရီအသုံးပြုခ ၆၄၉ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ အကယ်၍ တစ်ရက်တာလုံး ယူထားမိပြီဆိုရင် ၂၄ နာရီစာမတက်ဘဲ ၈ နာရီစာ ၅၁၉၂ ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Application ကနေလည်း ၄ နာရီတစ်ခါ ၂၄ နာရီတစ်ခါ Warning Message ပေးပို့နေမှာ ဖြစ်ပါတယ်။ ၃ ရက်အတွင်း ပြန်အပ်မယ်ဆို ၈ နာရီစာပဲကျသင့်မှာ ဖြစ်ပြီး ၃ ရက်ထက် ကျော်သွားမယ်ဆိုရင်တော့ Power Bank ပျောက်ဆုံးလို့သတ်မှတ်ပြီး Server ကနေ Deposit ကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

Power Bank Sharing Service ကိုအသုံးပြုကြသူတွေအနေနဲ့ ငှားရမ်းမှုတိုင်းမှာ Credit Point တွေရကြမှာဖြစ်သလို ပထမဆုံးအကောင့်ဖွင့်ထားတဲ့ အသုံးပြုသူတွေဆိုရင် ကိုယ့်သူငယ်ချင်းဆီကို Invitation Code ထည့်သွင်းပြီး Point 30 ကစစုလို့ရမှာ ဖြစ်ပါတယ်။ Code ကို Share ပေးတဲ့သူအနေနဲ့ကတော့ Point 60 စတင်စုမိမှာ ဖြစ်ပါတယ်။ VIP Account ရှိသူတွေအနေနဲ့ကတော့ Invite လုပ်တာနဲ့ Point 60 ရရှိပြီး ကိုယ့်အကောင့်နဲ့ အကောင့်ဖွင့်လိုက်သူကတော့ Point 100 အထိစုမိသွားမှာ ဖြစ်ပါတယ်။ စုဆောင်းမိထားတဲ့ Credit Point တွေကိုအသုံးပြုပြီးလည်း လက်ဆောင်ပစ္စည်းတွေ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

Image: Power Flash

Power Flash Power Bank Sharing Service ကို ရန်ကုန်မြို့ နေရာ ၅၀၀ ကျော်ကနေ App ထဲက Location ကတစ်ဆင့်ကြည့်ပြီး ငှားရမ်းအသုံးပြုနိုင်သလို မန္တလေးမြို့မှာလည်း Power Flash Service တွေကို စတင်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

Power Flash Service တွေအကြောင်း ပိုမိုသိရှိလိုသူတွေအတွက် Power Flash ရဲ့ Facebook Page https://www.facebook.com/powerflash.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Power Flash Application ကို Download ပြုလုပ်ချင်သူတွေအနေနဲ့လည်း Android အသုံးပြုသူတွေအတွက် Google Play Store နဲ့ iOS အသုံးပြုသူတွေအတွက် App Store ကတစ်ဆင့် Download ပြုလုပ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။