Foodpanda မှ မှာယူသောကုန်စုံများကို မိနစ် ၃၀ အတွင်းပို့ဆောင်ပေးသွားမည့် cloud အခြေပြုတတိယမြောက် pandamart ကိုဗဟန်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်

အက်ပလီကေးရှင်းအခြေပြု ထိပ်တန်းအစားအသောက်ပို့ဆောင်ရေး နည်းပညာလုပ်ငန်းဖြစ်သော foodpanda သည် ၎င်း၏ တတိယမြောက် pandamart ကိုရန်ကုန်မြို့ရှိ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

pandamart ဆိုသည်မှာ အဆင့်မြင့်နည်းပညာ၊ ကုန်ပစ္စည်းစာရင်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ဒေတာအချက်အလက် စစ်တမ်းများ အစရှိသည်တို့အားပေါင်းစည်း၍ အွန်လိုင်းမှမှာယူထားသည့် အော်ဒါများကို သုံးစွဲသူများထံသို့ ပို့ဆောင်ပေးသည့် လက်လီစတိုးဆိုင်နှင့် အလားသဏ္ဍာန်တူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် “Cloud Store” တစ်ခု ဖြစ်ပါသည်။ 

လူကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သည့် လက်လီရောင်းချသည့် စတိုးဆိုင်ကဲ့သို့ ဖွင့်လှစ်ထားခြင်းမရှိသည့် foodpanda ရဲ့ “Cloud Store” pandamart သည် လူသုံးကုန်နှင့် ကုန်စုံများကို မှာယူသုံးစွဲသူများဆီသို့ မိနစ် (၃၀) အတွင်းပို့ဆောင်မှု ပြုလုပ်ပေးသည်။ ရန်ကုန်မြို့တွင် ယခုကဲ့သို့ ဗဟန်းဆိုင်ခွဲကို တိုးချဲ့ဖွင့်လှစ်ခြင်းမပြုလုပ်မီ pandamart ကို foodpanda အနေဖြင့် ၎င်း၏ပထမနှင့် ဒုတိယ pandamart “Cloud Store” များကို (၂၀၂၁) ဒီဇင်ဘာလတွင် သင်္ဃကျွန်းမြို့နယ်တွင်လည်းကောင်း၊ (၂၀၂၂) ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်တထောင်မြို့နယ်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ foodpanda အနေဖြင့် pandamart နှင့်အတူ အသုံးပြုသူများအတွက် ကုန်စုံနှင့် လိုအပ်သည့် ပစ္စည်းများ ရွေးချယ်စရာများပိုမိုရရှိစေနိုင်ရန်၊ ပိုမို အဆင်ပြေလွဘ်ကူစွာမှာယူသုံးစွဲနိုင်ရန်အတွက် လုပ်ဆောင်ပေးသွားရန် ရည်ရွယ်ပါသည်။ ထို့အပြင် pandamart အားအကောင်အထည်ဖော်လုပ်ဆောင်ခြင်းနှင့်အတူ မိတ်ဖက်ပါတနာများအနေဖြင့် ဒစ်ဂျစ်တယ် နည်းလမ်းမှ တဆင့် သုံးစွဲသူများနှင့် ပိုမိထိတွေ့နိုင်ပြီး အပိုဝင်ငွေရရှိမှုလမ်းကြောင်းများနှင့် စီးပွားရေး အခွင့်အလမ်းသစ် များအား ဖန်တီးပေးထားလျက်ရှိပါသည်။

အွန်လိုင်းမှ အစားအသောက်နှင့် ကုန်စုံမှာယူနိုင်သည့်ဝန်ဆောင်မှုများသည် သုံးစွဲသူများကြား လျက်မြန်စွာ လက်ခံ ကျင့်သုံးလာသည်နှင့်အမျှ pandamart သည်လည်း သုံးစွဲသူများကို စတင်မိတ်ဆက်ခဲ့သည့် (၂၀၂၁) ခုနှစ် ဒီဇင်ဘာလမှ စ၍အော်ဒါများ တစ်ဆထက်တစ်ဆ မြင့်တက်လာခဲ့ပါသည်။ 

pandamart တွင် လက်ရှိ ကုန်ပစ္စည်းအမျိုးစားပေါင်း (၂၅၀၀) ကျော်နှင့် အမှတ်တံဆိပ်ပေါင်း (၄၀၀) ကျော်ကို ရောင်းချပေးလျက်ရှိပြီး သုံးစွဲသူများ ရွေးချယ်စရာများပိုမိုများပြားစေရန်အတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်များစွာကိုလည်း ထပ်မံ‌ရောင်းချနိုင်ဖို့ အစဉ်အမြဲလုပ်ဆောင်လျက်ရှိပါသည်။ ပိုမိုစုံလင်လာ သည့် နေ့စဥ်သုံးပစ္စည်းများ၊ ကုန်စုံများနှင့်အတူ pandamart တိုင်းတွင်နေ့စဥ်အသုံးပြုသည့် လူသုံးကုန်ပစ္စည်းများ၊ လတ်ဆတ်သည့်အသီးအရွက်များနှင့် အသီးအနှံများ၊ အသားနှင့် ပင်လယ်စာများ၊လူသိများ သည့်မုန့်ဖုတ်ပစ္စည်းများ အပါအဝင် အခြားသောကုန်စုံပေါင်းများစွာအား ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံအစုံနှင့်ဒေသတွင်းမှ တင်သွင်းထားသည့် သန့်ရှင်းရေးသုံး ပစ္စည်းများ၊ မိခင်နှင့် ကလေးများ အတွက်ထုတ်ကုန်များ၊ ကျန်းမာရေးနှင့်အလှအပဆိုင်ရာပစ္စည်းများ အစရှိသည်များအားရရှိနိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်း အသုံးပြုသူတွေရဲ့အကြိုက်နဲ့စျေးဝယ်တဲ့အမူအကျင့် တွေပြောင်းလဲ လာသလို သူတို့ရဲ့လူနေမှုဘဝပုံစံတွေလည်းပြောင်းလဲလာတာကြောင့် အွန်လိုင်းကတဆင့် အစားအသောက် မှာယူခြင်းနဲ့ ကုန်စုံဝယ်ယူခြင်းတွေ ပိုပြီးထွန်းကားလာတာကိုအရင်ကထက်ပိုပြီးတွေ့ရပါတယ်။ ပြောင်းလဲ နေတဲ့ စျေးကွက်လမ်းကြောင်းတွေကို ထိထိရောက်ရောက်နဲ့ကိုင်တွယ်ဖြေရှင်းဖို့၊ သုံးစွဲသူတွေနဲ့ မိတ်ဖက် ပါတနာတွေကို ကျွန်တော်တို့ပေးထားတဲ့ကတိကဝတ်တွေအတိုင်း Customer Experience ကို ပိုကောင်း လာအောင် မြှင့်တင်ပေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှု လုပ်ငန်းတွေမှာအမြောက်အမြား ရင်းနှီးမြှုပ်နှံထားပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ပလက်ဖောင်းက ကျွန်တော်တို့ နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်အကျိုးပြုတဲ့ အွန်လိုင်းပို့ဆောင်မှုဂေဟစနစ်ကို အားကောင်း လာစေဖို့ဆိုတဲ့ကတိကဝတ်ရဲ့ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ် Q4 ကနေစခဲ့တဲ့ ရှေ့ပြေးစမ်းသပ် ကာလတွေကိုအောင်မြင်စွာနဲ့ဖြတ်ကျော်ခဲ့ပြီးဒီနေ့မှာတော့pandamart ရဲ့ လုပ်ငန်းချဲ့ထွင်မှုအကြောင်းကို ကြေငြာနိုင်ခဲ့ပါပြီ။  ဒါနဲ့အတူသုံးစွဲသူတွေ၊ မိတ်ဖက်ပါတနာတွေနဲ့ အလွတ် တမ်းသယ်ယူပို့ဆောင်သူတွေ အတွက် ပိုမိုအကျိုးရှိစေနိုင်မှာဖြစ်ပါတယ်။ စားသုံးသူတွေကို ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာနယ်ပယ်သစ်တွေနဲ့ထိတွေ့ခွင့်ရှိစေဖို့အတွက် ရန်ကုန်နဲ့အခြားမြို့တွေမှာ pandamart ကိုထပ်မံတိုးချဲ့သွားဖို့ ရည်မှန်း ထားပါတယ်” ဟုfoodpanda ၏ Myanmar, Cambodia နှင့် Laos ၏ CEO ဖြစ်သူ ဦးဇေယျာမင်းက ပြောကြားခဲ့ပါသည်။ 

foodpanda သည် နေ့စဥ်ဘဝအတွက်လိုအပ်နေလျက်ရှိသည့် ပစ္စည်းများအား  စျေးနှုန်းအတက်အကျရှိ သော်လည်း စားသုံးသူများအနေဖြင့် လက်လှမ်းမီဝယ်ယူနိုင်စေရန်ပြုလုပ်လိုပါသည်။ pandamart ၏ တတိယမြောက် “Cloud Store” အားမိတ်ဆက်ခြင်းနှင့်အတူ အထူးလျှော့စျေးများပေးခြင်း၊ ဘောင်ချာကုဒ်များပေးခြင်း အစရှိသည့်အစီအစဥ်များအား အောက်တိုဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ၄င်းအပြင် သုံးစွဲသူများအနေဖြင့် foodpanda မှ အထူးထုတ်လုပ်ထားသည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား လည်းလက်ဆောင်ရရှိသွားမည်ဖြစ်သည်။ ပရိုမိုးရှင်းများနှင့် ပတ်သက်သည့်အချက်အလက်များအား foodpanda App နှင့် foodpanda facebook စာမျက်နှာ

https://www.facebook.com/foodpandamyanmar/ တွင်ကြည့်ရှုနိုင်ပါသည်။