အရှေ့တောင်အာရှ၏ PUBG MOBILE ဂိမ်းပြိုင်ပွဲကြီးတွင် မြန်မာကစားသမားအသင်းမှ သွားရောက်ယှဉ်ပြိုင်မည်

အရှေ့တောင်အာရှဒေသအတွင်းတွင် PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEZ Finals ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံးကစားသမား အသင်း များနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရမည့် မြန်မာလူငယ် PUBG MOBILE ကစားသမားအသင်းအဖြစ် Yangon Galacticos လည်း တက်ရောက်အနိုင်ရရှိသွားကြောင်းသိရသည်။
မြန်မာ PUBG MOBILE ကစားသမားအသင်း Yangon Galacticos သည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့၌ ကျင်းပ ခဲ့သော PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲကြီးတွင် နိုင်ငံတွင်းမှ အသင်းပေါင်း ၁၂၀ နှင့်ယှဉ် ပြိုင်ခဲ့ပြီး First Runner-UP ဆုကို ရရှိခဲ့သည်။ Yangon Galacticos နှင့်အတူ PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲမှ အခြားထိပ်ဆုံးရရှိသော အသင်း (၃) သင်းဖြစ်သော My GALAXY, DEUS Esport နှင့် Team SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL

PMCO SEA Wildcard Final အဆင့်သည် ကိုယ်ပိုင် League မရှိသေးသည့် အရှေ့တောင်အာရှနိုင်ငံများမှ အသင်းများ Online တွင် အချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းတွင် PMCO SEA Wildcard Final အဆင့်အတွက် အွန်လိုင်းမှတစ်ဆင့် ယှဉ်ပြိုင်ခဲ့ ကြသည်။
အကောင်းဆုံးမြန်မာအသင်း ၄ သင်းဖြစ်သော Yangon Galacticos, My GALAXY, DEUS Esport နှင့် Team SCOTT တို့ သည် PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောအသင်းများနှင့် အကောင်းဆုံးအင် အားပြည့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း ၃ သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့် အတူ PMPL(PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ တက်လှမ်းယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်သည့်အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများလည်း ပေးအပ်ချီးမြှင့်သွား မည်ဖြစ်သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL

အဆိုပါ PMCO SEA Wildcard Finals အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီးအသင်း ၄ သင်း ထဲမှ Yangon Galacticos အဖွဲ့သည် နံပါတ် (၃) နေရာရရှိခဲ့ပြီး အဆင့် (၁) အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Blacklist International အဖွဲ့မှလည်းကောင်း၊ အဆင့် (၂)အဖြစ် ကမ္ဘောဒီးယားမှ Orange CG အဖွဲ့တို့မှလည်းကောင်း အသီးသီးရ လဒ်များ ရရှိခဲ့ကြသည်။ ထိုအဖွဲ့သုံးဖွဲ့သည် PMPL (PUBG MOBILE Pro League) SEA Finals အဆင့်တွင် အရှေ့တောင် အာရှ၏ အကောင်းဆုံးအသင်းများနှင့် ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းသည်လည်း မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဂုဏ်ယူဖွယ်ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေးရရှိခဲ့ခြင်းလည်းဖြစ်သည်။
“Esports ဟာ အခုလို Social Distance လုပ်ဖို့လိုအပ်တဲ့အချိန်မျိုးမှာ ပိုပြီးအဆင်ပြေစေတဲ့ ထွက်ပေါက်အခြေအနေတစ်ခုပါ ပဲ။ ကျွန်တော့်အနေနဲ့ PMPL SEA Finals မှာ မြန်မာအသင်း ပါဝင်လာတဲ့အတွက် အရမ်းပဲဂုဏ်ယူပါတယ်။ ပြီးတော့ အရှေ့ တောင်အာရှမှာရှိတဲ့ အကောင်းဆုံးအသင်း ၁၆ သင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာအသင်း Yangon Galacticos ကို အားပေးကြဖို့ လူတိုင်းကို ဖိတ်ခေါ်ချင်ပါတယ်”ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr.Andrew က ပြောကြားသည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL

အဆိုပါ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးကို ယခင်က Offline ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသော် လည်း ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 အခြေအနေကြောင့် PUBG MOBILE ကစားသမားများနှင့် ပရိသတ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Online သီးသန့်ပြိုင်ပွဲအဖြစ်သာ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ PMPL SEA Finals Season 1 ကိုလာမည့် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းဖြစ်သည့် Yangon Galacticos လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ ယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page မှ တစ်ဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး Training တွေလုပ်ခဲ့တယ်။ ပွဲတွေလည်း အကောင်းဆုံးဆော့ကစားခဲ့ ပါတယ်။ ခုလိုမျိုး SEA Wildcard Finals ကနေ SEA Finals ထိပါတက်သွားမယ်လို့ ဘယ်လိုမှ မမျော်လင့်ခဲ့ပါဘူး။ မြန်မာအ သင်းတစ်သင်းအနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် နောက်တစ်ဆင့်တက်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ရပေမယ့် တကယ်တမ်း SEA Finals ကို ပြိုင်ခွင့်ရခဲ့တာဟာ အိမ်မက်တွေတကယ်ဖြစ်လာတာပါပဲ။ အရှေ့တောင်အာရှမှာ မြန်မာအသင်းတစ်သင်းအ နေနဲ့ PMPL SEA Finals မှာ ပထမဆုံးပါဝင်ခွင့်ရတာဆိုတော့ ဂုဏ်ယူမိသလို ဆက်လက်ပြီးတော့ YG ကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်”ဟု Yangon Galacticos အသင်း၏ တည်ထောင်သူနှင့်နည်းပြဖြစ်သူ Bling X က ပြောကြားခဲ့သည်။
PUBG MOBILE သည်မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာအဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့်ပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြိုင်ပွဲများ ကိုကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့ သည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.fb.com/PUBGMOBILE.MM.OFFICIAL