OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ 5G Phone အသုံးပြုမှုများရရှိလာရန်လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

OPPO မှ Next-Generation 5G Network ကိုအခြေခံသည့် ဖုန်းခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများကို အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ စမ်းသပ်ချက် အောင်မြင်မှုသည် အရည်အသွေးမြင့် 5G လုပ်ဆောင်မှုများကိုအကောင်အထည်ဖော်နိုင်ရန် ပိုမိုနီးစပ်လာစေမည်ဖြစ်သည်။
Ericsson Radio System ထုတ်ကုန်များနှင့် နည်းပညာများဖြင့် အားဖြည့်ထားသော End-to-End 5G Standalone (SA) Network ကိုအသုံးပြုထားသည့် MediaTek ၏ Dimensity 1000 series SoC ပါဝင်သော OPPO ၏ အဆင့်မြင့် Commercial Smartphone များတွင် Ericsson နှင့် MediaTek တို့ ပူးပေါင်းထုတ်လုပ်ထားသောVoNR (Voice/Video on New Radio) Call များကို ခေါ်ဆိုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

VoNRသည် 5G network (SA Architecture) တွင်သာလုပ်ဆောင်နိုင်သည့် အခြေခံ Call Service တစ်ခုပင် ဖြစ်သည်။ ယခင် Call Service များနှင့် နှိုင်းယှဉ်ကြည့်လျှင် VoNRသည် Latency (Call ပြောဆိုနှောင့်နှေးကြန့်ကြာစေခြင်း) ကိုသိသိသာသာ လျှော့ချပေးပြီး၊ အသံနှင့် ရုပ်ထွက် အရည်အသွေးကိုလည်းပိုမိုကောင်းမွန်စေသောကြောင့် သုံးစွဲသူများထံယခင်ကထက် ပိုမိုအဆင့်မြင့်ပြီးအဆင်ပြေချောမွေ့သောလုပ်ဆောင်မှုများကိုပေးနိုင်မည်ဖြစ်သည်။
SA Architecture သည် အနာဂတ် 5G Networks များအတွက် အဓိကကျသော Architectures များအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ကမ္ဘာအနှံ့မှ Operator များမှ 5G SA networks များအသုံးပြုနိုင်ရန် အခြေခံများကို ဆောင်ရွက်လျက်ရှိရာပထမဆုံးဖုန်း Brand များထဲမှ တစ်ခုအဖြစ် OPPO သည် သုံးစွဲသူများကိုပိုမိုပြည့်စုံသော 5G Experience ကိုပေးစွမ်းနိုင်ရန်အတွက် SA Architecture ၏ အကူအညီနှင့်အတူ VoNR Calls များစတင်ခေါ် ဆိုအသုံးပြုနိုင်စေရန် ရည်ရွယ်သည်။ OPPO သည် အနာဂတ်၏ ဆက်သွယ်မှုနည်းပညာပိုင်းတွင် Smartphone ထုတ်လုပ်သူများ၏ စွမ်းဆောင်ရည် မြင့်မားမှုပိုမိုလိုအပ်လာသည်နှင့်အမျှ ကမ္ဘာအနှံ့ 5G Networks များအသုံးပြုနိုင်စေရန် လုပ်ဆောင်နေကြသောဆက်သွယ်မှုဆိုင်ရာစက်ပစ္စည်းကိရိယာများထောက်ပံ့သူများနှင့် Operator များ၏ ဦးစားပေးရွေး ချယ်သောမိုဘိုလ်းဖုန်းပါတနာအဖြစ် ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်လျက်ရှိသည်။
“OPPO ဟာကမ္ဘာမှာဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုအနေနဲ့ 5G ကိုစီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ အရှိန်မြှင့်တင်ပြီးကြိုးစားဆောင်ရွက်နေပါတယ်။ VoNRအတွက် Ericsson ၊ MediaTek တို့နဲ့ ပူးပေါင်းလုပ်ဆောင်ရတာဟာလည်း 5G ခေတ်အတွက် ကြိုးပမ်းနေတဲ့ OPPO ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေထဲကတစ်ခုပါပဲ။ ကမ္ဘာအနှံ့ 5G ဖြန့်ချိအသုံးပြုတဲ့အခါ ဈေးကွက်ရဲ့ စံပြ ပူးပေါင်းဆောင်ရွက်သူတစ်ဦးဖြစ်လာစေဖို့နဲ့ သုံးစွဲသူတွေအတွက် 5G Experience ကိုအဆင့်မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်” ဟု OPPO ၏ ဒုဥက္ကဌနှင့် Software Engineering Business ဌာန၏ ဥက္ကဌဖြစ်သူ Andy Wu က ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

အဆိုပါ ပူးပေါင်းဆောင်ရွက် စစ်ဆေးခြင်းကိုဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ရှိ Ericsson ရုံးချုပ်မှ ထောက်ပံ့သော 5G SA Network Environment ၏ ကြီးကြပ်မှုအောက်တွင် စစ်ဆေးအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဖုန်းစမ်းသပ်ခေါ်ဆိုရာတွင် စမ်းသပ်ခေါ်ဆိုသည့် ဖုန်း ၂ လုံးမှာချက်ချင်းဆိုသလိုဆက်သွယ်မှုရရှိခဲ့ပြီးခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကြည်လင်ပြတ်သားသော အဆင့်မြင့် High-Definition Video Call သို့ ပြောင်းလဲနိုင်ခဲ့သည်။
“5G ကိုကမ္ဘာအနှံ့ စတင်အသုံးပြုနိုင်အောင်လို့ ဦးဆောင်ထုတ်လုပ်နေပြီးတော့ နောက်တစ်ဆင့်အနေနဲ့ 5G Standalone Services တွေပေးနိုင်ဖို့ ကြိုးစားနေပါပြီ။ Commercial Hardware နဲ့ Software တွေအပေါ် အခြေခံထားတဲ့ Ericsson End-to-End 5G Standalone Network တွေကို ကျွန်တော်တို့ရဲ့ ပါတနာတွေဖြစ်တဲ့ OPPO နဲ့ MediaTek ပစ္စည်းများနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် သုံးစွဲသူတွေအတွက် 5G က ပေးစွမ်းမယ့် မြန်နှုန်းမြင့် စွမ်းဆောင်ရည်တွေပါဝင်တဲ့ အရေးပါတဲ့ ဖုန်းခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီအောင်မြင်မှုက Service Providers တွေအဆင့်မြင့် end-to-end 5G Experience တွေပေးစွမ်းနိုင်အောင် လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုရဲ့ သက်သေပါပဲ”ဟု Ericsson ၏ Product Line 5G RAN ဥက္ကဌဖြစ်သူ Hannes Ekström က ပြောကြားသည်။
“MediaTek က သုံးစွဲသူတွေကိုထူးခြားဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ ပြိုင်ဘက်မရှိတဲ့5G Experience တွေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ 5G ဖုန်းခေါ်ဆိုမှုနဲ့ဗီဒီယိုခေါ်ဆိုမှုတွေအတွက် အဆင့်မြင့် သုံးစွဲမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်အောင်လို့ OPPO ရဲ့ Strategic Partner အနေနဲ့ ကူညီလုပ်ဆောင်နေပါတယ်”ဟု MediaTek ၏ Wireless System Design နှင့် Partnership ဌာန၏ General Manager ဖြစ်သူ JS Pan က ပြောကြားသည်။
OPPO သည် 5G နည်းပညာများတီထွင်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်ရန် အကောင်အထည်ဖော်မှုတို့တွင် နိုင်ငံတကာတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် Dynamic Spectrum Sharing (DSS) Technology ကိုအသုံးပြုထားသောကမ္ဘာ့ပထမဦးဆုံး Video Data Call ကိုစတင် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်။ OPPO သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Global Patent Families ၂၉၀၀ ကျော် အတွက် မူပိုင်ခွင့် လျှောက်လွှာများပိုင်ဆိုင်ထားပြီး European Telecommunications Standards Institute (ETSI )တွင် 5G Standard Essential Patents Families ၁၀၀၀ ကျော်ကိုကြေညာခဲ့သည်။ ထို့ပြင် OPPO သည် နိုင်ငံတကာစံချိန်စံနှုန်းများ အဖွဲ့အစည်းကိုအဓိကပံ့ပိုးသူများအနက် တစ်ဦးဖြစ်သည့် 3GPP သို့ 5G စံချိန်စံနှုန်းနှင့် ပတ်သက်သောအချက်အလက် စာတမ်းပေါင်း ၃၀၀၀ ကျော် တင်သွင်းထားပြီးဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ယခုအခါတွင် OPPO သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၁၀,၀၀၀ ကျော်၊ Research Centers ၄ ခုနှင့် Research Institutes ၆ ခုတို့ကိုတည်ထောင်ထားသည်။ OPPO ကိုစတင်တည်ထောင်သူနှင့် CEO ဖြစ်သူ Mr. Tony Chen က OPPO သည် 5G အတွက် သုတေသနပိုင်း၊ Artificial Intelligence, AR, Big Data နှင့် အခြားအပိုင်းများနှင့်အတူ အဓိကကျသောအခြေခံ Hardware Technologies နှင့် Software Engineering Ability များတည်ဆောက်ရာ R&D ဌာနတွင် သုံးနှစ်အတွင်းယန်း ၅၀ ဘီလီယံရင်းနှီးမြှပ်နှံအသုံးပြုသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ OPPO ၏ R&D အတွက် အဆုံးမရှိသောကြိုးစားမှုများနှင့် အခြားဈေးကွက်ဆိုင်ရာပူးပေါင်းမှုများမှ တစ်ဆင့် ဆန်းသစ်သောနည်းပညာများနှင့် အနာဂတ်သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ သုံးစွဲသူများအတွက် လက်တွေ့နှင့် ပိုမိုနီးစပ်လာပြီဖြစ်သည်။