အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Microsoft ရဲ့ Graphic Design App တစ်ခုဖြစ်တဲ့ Microsoft Designer

Microsoft အနေနဲ့ ရိုးရိုးရှင်းရှင်းအသုံးပြုနိုင်မယ့် Graphic Design Application တစ်ခု Designer ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Designer ကိုအခမဲ့အသုံးပြုနိုင်ကြမှာ ဖြစ်သလို Office Productivity Software Subscription ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Graphic Design အတွက် AI အသုံးပြု ရိုးရှင်းလွယ်ကူတဲ့ Platform တွေရွေးချယ်တဲ့နေရာမှာ Canva ပြီးရင် ရွေးချယ်စရာ တစ်ခု ဖြစ်လာမှာပါ။ Microsoft အနေနဲ့လည်း Office Subscription ရဲ့တန်ဖိုးကို မြင့်တင်တဲ့အနေနဲ့ လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းနေတာလည်း ဖြစ်ပါတယ်။ 

Photo Source https://designer.microsoft.com/

Designer App ဟာ Microsoft အသုံးပြုသူတွေအတွက် အဓိကရည်ရွယ်ထားသလို ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အေဂျင်စီတွေနဲ့ သင်တန်းတွေ ကျောင်းတွေအတွက် အတော်လေးအသုံးဝင်မယ့် Application တစ်ခု ဖြစ်လာမယ် လို့ ဆိုပါတယ်။

Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ဟာလည်း သူ့ရဲ့ Office Product တွေနဲ့ပက်သက်ပြီး “အဖွဲ့အစည်းတွေ၊ ကုမ္ပဏီလုပ်ငန်းတွေအတွက် ဘယ်ကုမ္ပဏီမှ Digital လုပ်ငန်းပိုင်းနဲ့ပက်သက်ပြီး Microsoft လောက် ထောက်ပံ့ မပေးနိုင်ဘူး” လို့လည်း ဇူလိုင်လက Conference တစ်ခုမှာ ပြောထားပါသေးတယ်။ 

Photo Source https://designer.microsoft.com/

Designer App ကို မိတ်ဆက်လိုက်တဲ့အတွက် Adobe ရဲ့ Design Software တွေနဲ့ အပြိုင်အဆိုင်တွေဖြစ်နိုင်ပေမယ့် Adobe နဲ့ Microsoft ပူးပေါင်းထုတ်လုပ်ထားတဲ့ Product ပေါင်းလည်း ၃၀ ကျော်ရှိနေတဲ့အတွက် အခု အသစ်ထုတ်လုပ်လိုက်တဲ့ Designer App ကြောင့် ကုမ္ပဏီနှစ်ခုရဲ့ ဆက်ဆံရေးဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ Microsoft ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။

အသုံးပြုသူတွေအနေနဲ့ Social Media Post တွေကို ပြုလုပ်နိုင်သလို Canva လိုပဲ Design တွေကိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ DALL-E 2 artificial intelligence software နဲ့လည်းချိတ်ဆက်ထားတဲ့အတွက် အသုံးပြုသူတွေဟာ ဖန်တီးချင်တဲ့ပုံရဲ့ စာကိုရေးလိုက်တာနဲ့တင် Design တွေကိုဖော်ပြပေးနေမှာပါ။

လက်ရှိအချိန်မှာတော့ အသုံးပြုသူတွေဟာ Design Application ကို အခမဲ့အသုံးပြုနိုင်တဲ့ Preview အတွက် https://designer.microsoft.com/ မှာ Waiting List ဝင်ရောက်စာရင်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ Application ထွက်ရှိလာတဲ့အချိန်မှာတော့ Free Tier ကိုထားပေးထားမှာဖြစ်သလို Microsoft 365 Personal နဲ့ Microsoft 365 Family Subscription ဝယ်ယူထားသူတွေအတွက် Premium Version လည်းထွက်ရှိမှာ ဖြစ်ပါတယ်။