ပြည်တွင်း၊ ပြည်ပ ကုန်စည်ပို့ဆောင်ချင်သူများ အားထားရသည့် Karzo Platform

Karzo ဆိုတာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံအထိ ပစ္စည်းသယ်ယူပို့ ဆောင်ပေးတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ပို့ချင်တဲ့ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ပို့ဆောင်ပေးချင်သူတွေအတွက် အဆင်ပြေစေတဲ့ Platform တစ်ခုပါ။ မြန်မာပြည်တွင်းအပါအဝင် နယ်စပ် ဒေသတွေအထိပါ ပို့ဆောင်ပေးတာဖြစ်တာကြောင့် စီးပွားရေးနယ်မြေ ဖြန့်ကျက်ချင်တဲ့ လုပ်ငန်းရှင်တွေ အတွက် မဖြစ်မနေ သိကိုသိရှိထားသင့်တဲ့ Platform တစ်ခုပါပဲ။

Karzo ကုမ္ပဏီကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ စတင်တည်ထောင်ခဲ့တာပါ။ Karzo ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ Alex Wicks က မြန်မာနိုင်ငံကိုရောက်ခါစမှာ Uber, Grab, Airbnb လို လုပ်ငန်းတွေက ခေတ်စားနေတဲ့ ကာလတစ်ခု ဖြစ်တာမို့ Technology Platform တွေနဲ့ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအပိုင်းကို လေ့လာဖြစ်ရာကနေ Karzo Platform ကိုတည်ထောင်ဖို့ စိတ်ကူး ရခဲ့တာပါ။

Karzo Logistics Platform ရဲ့ CEO ဖြစ်သူ Alex Wicks

“သူတို့ရဲ့ Airbnb ပဲဖြစ်ဖြစ်၊ ထရပ်ကားတွေ၊ ဂိုဒေါင်တွေ၊ သင်္ဘောတွေ၊ အသုံးမပြုတဲ့နေရာတွေပဲဖြစ်ဖြစ် ပိုလျှံနေတဲ့နေရာတွေပစ္စည်းတွေ၊ သူတို့အတွက်အသုံးမဝင်တဲ့ ပိုင်ဆိုင်မှုတွေကို အသုံးတည့်အောင်ပြုလုပ်ကြတဲ့ concept ကိုသဘောကျတယ်။ ကျွန်တော့်ရဲ့ နည်းပညာ Network တွေကလေ့လာကြည့်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ အဓိကအလိုအပ်ဆုံးအရာကတော့ ယုံကြည်စိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုမရှိတာပဲ ဆိုတာကိုသိလိုက်ရတယ်” ဟု Karzo ရဲ့  CEO ဖြစ်သူ Alex Wicks က Karzo စတင်တည် ထောင်ဖြစ်ခဲ့တဲ့ စိတ်ကူးကို ရှင်းပြပါတယ်။

၂၀၂၀ ခုနှစ်နောက်ပိုင်းမှာတော့ Karzo ရဲ့ customer များမှ အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှု၊ ကုန်စဉ်သယ်ယူပို့ဆာင်ရေးနှင့် နယ်စပ်ကူးသန်းကုန်သွယ်ရေး စတဲ့ဝန်ဆောင်မှုတွေကို တောင်းဆို လာကြတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေအထိ ထွက်ကုန်သွင်းကုန် သယ်ယူပို့ဆောင်ပေးခြင်းနှင့် ကုန်စည် သိုလှောင်ဖို့အတွက် ဂိုထောင်စီစဉ်ပေးခြင်းတို့ ပါဝင်သည့် ကုန်စည်ထောက်ပံ့သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံး ထောက်ပံ့နိုင်တဲ့အထိ လုပ်ငန်းတိုးချဲ့ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ Karzo Platform အနေနဲ့ ပစ္စည်း ပို့ဆောင်ပေးတဲ့ ထရပ်ကားအစီးရေ ငါးထောင့်ငါးရာကျော် လောက်နဲ့ ပို့ဆောင် ပေးနေတာလည်း ဖြစ်ပါတယ်။

“Truck ကားသေးသေးလေးတွေနဲ့ ပစ္စည်းပို့တာ၊ Ecommerce ပစ္စည်းတွေ၊ အိမ်အပြောင်းအရွှေ့လို ဝန်ဆောင်မှု တွေကို စလုပ်ဖြစ်ခဲ့ပါတယ်။ လျင်မြန်စွာနဲ့ပဲ B2B လုပ်ငန်းတွေ၊ ကော်ပိုရိတ်တွေနဲ့ SME လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်အထိ တိုးတက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ပစ္စည်းတွေအတွက် ကြားကနေ စုစည်းပေးပြီး သယ်ယူပို့ဆောင်ပေးတဲ့အပြင် ယုံကြည်စိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ချီရေးနဲ့ Supply Chain Logistics ဝန်ဆောင်မှုတွေပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်နေပါပြီ” ဟု Alex Wicks ကရှင်းပြပါတယ်။

Photo Source karzo.com

ပစ္စည်းပို့ဆောင်ပေးတဲ့အခါမှာလည်း Client အမျိုးအစား၊ ကုန်စည်၊ ပစ္စည်းအမျိုးအစား၊ ကုန်အတင်အချ တည်နေရာ၊ ထရပ်ကား အမျိုးအစား အပေါ်မူတည်ပြီး သတ်မှတ်ပေးတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ MMC, B2B လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်နေတာ ဖြစ်ပြီး Karzo Platform ကို စတင်ချိန်ကတည်း က ဝန်ဆောင်မှုရယူအသုံးပြုသူ ၆၀ ဝန်းကျင်လောက်ရှိနေပြီ လည်းဖြစ်ပါတယ်။

Karzo Platform မှာ အဓိကလုပ်ငန်းဖြစ်တဲ့ ထရပ်ကားတွေနဲ့ သယ်ယူပို့ဆောင်ပေးတာတွေအပြင် အကောက်ခွန်ရှင်းလင်း ရေး၊ ကုန်ပစ္စည်းပို့ဆောင်မှု၊ ကွန်တိန်နာ၊ သိုလှောင်ရုံ၊ project တွေနဲ့ Bulk Shipment တွေအတွက် ၂၄ နာရီဝန်ဆောင်မှုပေးတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နှစ်အလိုက်စာချုပ်ချုပ်ဆိုပြီး ပို့ဆောင်ပေးနေရတဲ့ နာမည်ကြီးကုမ္ပဏီတွေ လည်းရှိပါသေးတယ်။

ကျွန်တော်တို့အနေနဲ့ နောင်အနာဂတ်မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Logistics Ecosystem ကြီးတစ်ခုလုံးကို ဒီဂျစ်တယ်စနစ်အနေနဲ့ ပြောင်းလဲပစ်ချင်ပါတယ်။

“ဒီနှစ်ထဲမှာပဲ Driver App ကို ပြုလုပ်ဖို့ စီစဉ်ထားသလို ဈေးကွက်ထဲကိုလည်း ဖြန့်ချိသွားမှာပါ။ နောက်ပြီး Supplier တွေကိုလည်း အလုပ်လုပ်ရပိုပြီး အဆင်ပြေသွားအောင် ပြုလုပ်ပေးသွားမှာပါ။ ကျွန်တော်တို့ဘက်က ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေ၊ အရောင်းကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး သယ်ယူပို့ဆောင်မှုတွေကို App တစ်ခုတည်းကနေ ဝန်ဆောင်မှုပေးနိုင်အောင် ကျွန်တော်တို့အတွက်ကော Driver တွေနဲ့ supplierတွေအတွက်ပါ အပိုဝင်ငွေ ရစေမယ့် လမ်းကြောင်းကိုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ နောင်အနာဂတ်မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Logistics Ecosystem ကြီးတစ်ခုလုံးကို ဒီဂျစ်တယ်စနစ်အနေနဲ့ ပြောင်းလဲပစ်ချင်ပါတယ်” ဟု နောက်ဆက်လက် တိုးမြှင့်လုပ်ဆောင် သွားမည့်အပိုင်း ကို Karzo ရဲ့ CEO ဖြစ်သူ Alex Wicks ကရှင်းပြပါတယ်။

“ကျွန်တော်တို့ဆီမှာ အကောင်းဆုံးဝန်ဆောင်မှုနဲ့ Flexible  ဖြစ်တဲ့ဝန်ဆောင်မှုကို ပေးချင်တဲ့အတွက် Client တွေနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီးတော့ သူတို့လိုအပ်တာဘာလဲ ဆိုတာမျိုးကအစ အသေးစိတ် စဉ်းစားပေးပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ Digital Solution အပိုင်းပါ။ အသုံးပြုသူတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ စီမံနိုင်ဖို့၊ လိုအပ်တာတွေကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ကုန်ပစ္စည်းများကို လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က စိတ်ချယုံကြည်ကြတဲ့ Logistics Service Provider တွေဖြစ်တဲ့အတွက် ဒီကဏ္ဍအတွက်လည်း ပထမဆုံးသော ဒီဂျစ်တယ်စနစ်ကူးပြောင်းခြင်း စနစ်ကို လုပ်ဆောင်နေပါတယ်။ ဒါကလည်း အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်၊ အဖိုးတန်မယ်လို့ ယူဆပါတယ်” ဟု Karzo ရဲ့  CEO ဖြစ်သူ Alex Wicks က အမှာစကားပြောကြားခဲ့ပါတယ်။