Copyright မဖြစ်နိုင်တဲ့ AI-generated Art များ

အမေရိကန်ပြည်ထောင်စု ခရိုင်ရှေ့နေတစ်ယောက်ဖြစ်တဲ့ Beryl A. Howell ဟာ လွန်ခဲ့တဲ့ သောကြာနေ့မှာ AI-generated Artwork တွေဟာ Copyrighted ပြုလုပ်လို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

Copyright တွေကို လူသားတွေဖန်တီးပြုလုပ်ထားတဲ့ artwork တွေကိုပဲ ခွင့်ပြုပေးထားတာ ဖြစ်အတွက် AI အသုံးပြုပြီး ဖန်တီးထားတဲ့ artwork တွေကို Copyright ပြုလုပ်လို့ မရကြောင်း ပြောကြားထားပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ အမေရိကန် Copyright ရုံးမှာ AI ဖန်တီးပြုလုပ်ထားတဲ့ Art တွေအတွက် Copyright ပြုလုပ်ခွင့်မပြုနိုင်ကြောင်းကို Creativity Machine Algorithm ကိုဖန်တီးခဲ့တဲ့ Stephen Thaler နဲ့ သူ့ရဲ့ AI ပြုလုပ်ထားတဲ့ Art တွေကို Register ပြုလုပ်ပေးဖို့အတွက် အစိုးရရဲ့ ငြင်းဆိုမှုမှာ ပြောကြားထားတာ ဖြစ်ပါတယ်။ Thaler ဟာ ပုံတွေအတွက် ခေါင်းစဉ်အမျိုးမျိုးကြိုးစားခဲ့ပေမယ့် Copyright ပြုလုပ်ဖို့ ထပ်ခါတလဲလဲ ငြင်းဆိုခံထားရပါတယ်။

အရင်နှစ်ကနောက်ဆုံးအကြိမ် ငြင်းပယ်ခံရပြီးတဲ့နောက်မှာတော့ Thaler ဟာ ဥပဒေနဲ့မကြိုက်ညီတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်ဆိုပြီး Copyright ရုံးကိုပြန်လည်တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီး Howell ဘက်ကတော့ “Copyright တွေကို လူသားအကူအညီမပါဝင်ဘဲ ပြုလုပ်ထားတဲ့ Artwork တွေအတွက် ဘယ်တုန်းကမှ ခွင့်ပြုမပေးခဲ့ကြောင်းနဲ့ လူသားတစ်ယောက်ရဲ့ မူပိုင်ခွင့်ဟာ copyright ပြုလုပ်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း” ပြန်လည်ပြောကြားခဲ့ပါတယ်။

Copyright မပြုလုပ်နိုင်တဲ့ ပုံဆွဲနေတဲ့ AI ပုံ: DEVRIMB

ဒါပေမယ့် တရားသူကြီးအနေနဲ့ AI ကိုအသုံးပြုပြီး အနုပညာမြောက် artwork တွေဖန်တီးလာမယ့် artists တွေလည်း ပေါ်ပေါက်လာပြီး လူသားမျိုးနွယ်တွေဟာ copyright ဥပဒေအသစ်တစ်ခုကို ပြောင်းလဲလာနိုင်တဲ့အတွက် AI-generated artwork တွေကို အသိအမှတ်ပြုခဲ့တာမျိုးတော့ရှိပါတယ်။ ဒါ့အပြင် AI model တွေဟာ တည်ရှိပြီးသားလက်ရာတွေကို အခြေခံ လေ့ကျင့်ပေးထားတာ ဖြစ်တဲ့အတွက် AI ဖန်တီးထားတဲ့လက်ရာတစ်ခုဟာ copyright ပြုလုပ်ဖို့အတွက် လူသားတစ်ယောက် ရဲ့ input ဘယ်လောက်အထိ ထည့်သွင်းဖန်တီးထားလဲဆိုတာပေါ်မူတည်တယ်လို့လည်း ပြန်လည် ရေးသားထားပါတယ်။

Artificial Intelligence နဲ့ Copyright ဥပဒေတွေကြားမှာ AI Company တွေဟာ သူတို့ရဲ့ AI Model တွေကို လေ့ကျင့်ပေးဖို့အတွက် Copyright ပြုလုပ်ထားတဲ့ artwork တွေကိုလည်း အသုံးပြုနေတဲ့အတွက် တရားစွဲခံထားရတာတွေရှိပြီး အဆိုးဆုံးအခြေအနေနဲ့ သူတို့ရဲ့ Language Model တွေကိုပါဖျက်ဆီးပေးရနိုင်ချေရှိပါတယ်။

မတ်လအတွင်းမှာ AI ကဖန်တီးပြုလုပ်ထားတဲ့ artwork အများစုကို copyright မပြုလုပ်ပေးနိုင်ကြောင်းနဲ့ AI ကအကူအညီပေးထားတဲ့ တချို့ artwork တွေကိုတော့ အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ကြောင်း၊ AI အကူအညီရယူထားတဲ့ Work တစ်ခုကို လူသားတစ်ဦးက “ရွေးချယ်ခြင်း သို့ စီမံပေးခြင်း” မျိုးပြုလုပ်ပြီး လုံလောက်တဲ့အားစိုက်မှုမျိုး၊ တီထွင်ဖန်တီးမှု နည်းလမ်းတွေကနေ ရရှိလာတဲ့ artwork တွေကပဲ မူပိုင်ဖြစ်သင့်ကြောင်း Copyright Office က ထုတ်ပြန်ပြောကြားထားပါသေးတယ်။