Android Device တွေပေါ် မှာ မကြာခင်အသုံးပြုနိုင်တော့မယ့် ChatGPT

AI ကိုအဓိကအသုံးပြုတဲ့ ChatGPT စတင်မိတ်ဆက်လိုက်တဲ့အချိန်မှာ Web Version နဲ့ပဲ အသုံးပြုခွင့် ရကြပါတယ်။ တစ်ဖြည်းဖြည်း iOS App အနေနဲ့ထွက်ရှိလာခဲ့ပြီး Android အသုံးပြုသူတွေ အတွက်တော့ ထွက်ရှိမလာခဲ့ပါဘူး။ ဒါပေမယ့် iOS app ထွက်ရှိလာပြီး ၂လအကြာ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ OpenAI ဟာ Android အသုံးပြုသူတွေအတွက် ChatGPT Application ကိုလည်း ထုတ်ပေးတော့မယ်လို့ OpenAI အနေနဲ့ ကြေငြာခဲ့ပါတယ်။

Download ပြုလုပ်လို့မရသေးပေမယ့် Google Play Store မှာတော့ ဇူလိုင် ၂၁ ရက် သောကြာနေ့ကတည်းက Pre-order ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ်။ iOS App ထွက်ရှိပြီး ၆ ရက်တာကာလအတွင်း Apple App Store မှာ Download ပြုလုပ်သူပေါင်း ၅၀၀,၀၀၀ အထက်ရှိခဲ့တဲ့အတွက် Google Play Store မှာ ထွက်ရှိလာမယ့် Android App ကိုလည်း Download ပြုလုပ်သူဘယ်လောက်ရှိမလဲဆိုတာကို စောင့်ကြည့်ရမှာပါပဲ။

OpenAI ရဲ့ ChatGPT အပြင် အခြား AI Tool တွေကို OpenAI ရဲ့ Web Interface မှာအကုန်အသုံးပြုနိုင်ပေမယ့် Application အနေနဲ့ထွက်ရှိလာချိန်မှာတော့ ChatGPT လို Tool မျိုးဟာ တစ်နေ့တာမှာ ပိုပိုပြီး အသုံးဝင်လာတော့မယ့် Tool တစ်ခုဖြစ်လာမှာပါ။  Android App ကို အသုံးပြုသူတွေအနေနဲ့ အခမဲ့ အသုံးပြုနိုင်သလို Device အမျိုးမျိုးကနေလည်း Chat History တွေကို Sync ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Multiple Device အပြင် iOS နဲ့ Android ပါ Cross အသုံးပြုနိုင်တာကြောင့် iOS မှာပြောခဲ့တဲ့ Conversation တွေကို Android မှာ ပြန်လည် Sync ပြီးကြည့်ရှုနိုင်သလို Android အကြောင်းအရာတွေကို iOS ပေါ်မှာလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Operating System မတူကြတာဖြစ်တဲ့အတွက် ထပ်တူကျနေမှာမျိုးတော့မဟုတ်ဘဲ တစ်နည်းမဟုတ်တစ်နည်းတော့ ကွဲပြားပြောင်းလဲနေကြဦးမှာ ဖြစ်ပါတယ်။

ChatGPT ရဲ့ Android App ဟာ User information တွေကို third party organization နဲ့ business တွေကိုလည်း မျှဝေသွားမှာမဟုတ်ပါဘူး။ အသုံးပြုသူရဲ့ data တွေကို လုံလုံခြုံခြုံနဲ့ ထိန်းသိမ်းထားပေးမှာ ဖြစ်သလို ဖျက်သိမ်းချင်တဲ့ User တွေအနေနဲ့လည်း ဖျက်သိမ်းပေးဖို့အထိ တောင်းဆိုလို့ရတယ်လို့ သိရပါတယ်။

Twitter Platform ပေါ်ကတစ်ဆင့် OpenAI အနေနဲ့လည်း “နောက်တစ်ပတ်ဆိုရင် User တွေအတွက် Android App ထွက်ရှိလာတော့မယ်” ဆိုပြီးလည်း မျှဝေခဲ့ပါတယ်။ Android App ကို Download ပြုလုပ်ပြီးအသုံးပြုနိုင်မယ့် နိုင်ငံနဲ့ အခြားအစီအစဉ်တွေကိုတော့ ဖော်ပြပြောဆိုထားခြင်းမျိုး မရှိသေးပါဘူး။ Pre-register မပြုလုပ်ရသေးသူတွေအတွက်လည်း Google Play Store မှာ တင်ထားတဲ့ ChatGPT App ကို ဝင်ရောက် Pre-register ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။