Twitter is now X.

Social media Platform တစ်ခုဖြစ်တဲ့ Twitter ဟာ twitter.com ကနေ X.com အဖြစ်ပြောင်းလဲလိုက်သလို logo ဖြစ်တဲ့ အပြာရောင်ငှက်ငယ်လေးကိုလည်း X ပုံစံ logo အသစ်နဲ့ rebranding ပြုလုပ်ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ အခုလိုပြောင်းလဲလိုက်တဲ့အတွက် Twitter ရဲ့ @Twitter ဟာလည်း ခုချိန်မှာ inactive ဖြစ်သွားပြီး @X အဖြစ်နဲ့ပဲ တွေ့နိုင်မှာပါ။

Elon Musk အနေနဲ့ X.com ကိုပိုင်ဆိုင်ရရှိပြီး Twitter ရဲ့တရားဝင်နာမည်ကိုလည်း X Corp အဖြစ် ပြောင်းလဲခဲ့ပါသေးတယ်။ ရက်သီတင်းပတ်အကြာမှာတော့ Twitter.com ကို X.com ဆီ redirect ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ရုံးချုပ်မှာရှိတဲ့ Twitter ရဲ့ iconic ငှက်ပုံ logo ကိုလည်း ဖယ်ရှားခဲ့ပြီ ဖြစ်ပါတယ်။ Twitter platform ကို ဝယ်ယူခဲ့တဲ့ Elon Musk ရဲ့ Everything App အတွက် ပထမခြေလှမ်းအဖြစ် X ကိုလည်း Twitter ရဲ့ web version မှာ logo ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ Mobile Version မှာလည်း Update ပြုလုပ်ပြီးတာနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အခုလို rebrand ပြုလုပ်လိုက်ပြီး နောက်ထပ် အဆင့်တွေအနေနဲ့ Twitter ဟာ အသုံးပြုသူတွေအတွက် ဒီ Platform မှာ “ဘာမဆိုပြုလုပ်နိုင်မယ်” ဆိုတဲ့အထိ ဖြစ်လာအောင် ပြုလုပ်သွားဖို့ရှိတယ် လို့လည်း သိရပါတယ်။ ကုမ္ပဏီပိုင်ရှင် ဘီလီယံနာ Elon Musk တနင်္လာနေ့မှာတင်ခဲ့တဲ့ Post အရ “လွတ်လပ်စွာစကားပြောဆိုခွင့်နဲ့ အရာအားလုံးဖြစ်နိုင်တဲ့ App X ကို အရှိန်အဟုတ်မြင့်တင်ပေးဖို့အတွက် Twitter ကို X Corp ကဝယ်ယူခဲ့တယ်” လို့ Post တင်ခဲ့ပါသေးတယ်။  ဒါ့အပြင် Elon Musk ရဲ့ Post မှာ အရင်လို Character ၁၄၀ ပဲဆန့်အောင် ကန့်သတ်ထားတာမျိုးမရှိတော့ဘဲ အားလုံးနီးပါးကိုတင်နိုင်သလို နာရီနဲ့ချီတဲ့ Video မျိုးအထိ Upload ပြုလုပ်နိုင်သွားမယ်လို့လည်း အသိပေးခဲ့ပါသေးတယ်။