စကားပြောဆိုမှုများအား စိတ်တိုင်းကျ အုပ်စုဖွဲ့ သိမ်းဆည်းသွားနိုင်မည့် Chat Folders လုပ်ဆောင်ချက်အား Rakuten Viber မှစတင်မိတ်ဆက်

လုံခြုံစိတ်ချမှု အပြည့်အဝရှိသည့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည့် Rakuten Viber သည် အသုံးပြုသူများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ် ချိတ်ဆက်ပြောဆိုရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှုရှိစေရန်အတွက် Chat Folders လုပ်ဆောင်ချက်အသစ်အား စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အသုံးပြုသူများအနေနှင့် အဆိုပါ Chat Folders လုပ်ဆောင်ချက်၏ အကူအညီဖြင့် ၎င်းတို့၏ စကားပြောဆိုထားမှု (Chats) များအား မိမိစိတ်ကြိုက် Folders များအဖြစ် အလွယ်တကူ အစီအစဉ်တကျ အုပ်စုဖွဲ့ သိမ်းဆည်းသွားနိုင်တော့မည် ဖြစ်သည်။

Chat Folders လုပ်ဆောင်ချက် အသစ်နှင့်အတူ အသုံးပြုသူများသည် ၎င်းတို့၏ Chats များအားလုံးပါဝင်သည့် နဂိုမူလပါဝင်ပြီးသား ‘All’ tab လုပ်ဆောင်ချက် အပြင် နောက်ထပ် စိတ်ကြိုက် Folder စုစုပေါင်း ၅ ခုအထိ ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ဥပမာ အနေနှင့် အသုံးပြုသူများသည် ၎င်းတို့၏ Chats များအား အလုပ်၊ သူငယ်ချင်းများ၊ မိသားစု နှင့် Favorites အစရှိသဖြင့် မိမိစိတ်ကြိုက် Folder အမည်များ ပေး၍ ခွဲခြား သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းရာတွင် စကားပြောဆိုမှုတစ်ခုအား မတူညီသော Folders များ (ဥပမာ အလုပ်နှင့် သူငယ်ချင်းများ) တွင် သိမ်းဆည်းသွားနိုင်မည်ဖြစ်သလို Folder တစ်ခုချင်းစီတိုင်းတွင်လည်း စကားပြောဆိုမှု Chats များကို အရေအတွက် အကန့်အသတ်မရှိ ခွဲခြားသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။

Image: Viber

စာတိုပေးပို့မှုအက်ပလီကေးရှင်းများသည် အသုံးပြုသူများ၏ နေ့စဉ်လူနေမှုဘဝတွင် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်လာသည့်နှင့်အညီ ယခုကဲ့သို့ မိမိစိတ်ကြိုက် Chat Folders များအဖြစ် အစီအစဉ်တကျ သိမ်းဆည်းသွားနိုင်ခြင်းသည် Chats များ အား ပြန်လည်ရှာဖွေရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှုရှိသွားစေမည့်အပြင် မိမိစိတ်တိုင်းကျ ဖန်တီးနိုင်သည့် အတွေ့အကြုံသစ်တစ်ခုကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။ ဥပမာ အနေနှင့် အလုပ်နှင့်ပတ်သက်သော Chats များအား Folder တစ်ခုအဖြစ် သိမ်းဆည်းထားခြင်းဖြင့် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပြီး ‘သူငယ်ချင်းများ’ နှင့် ‘မိသားစု’ အစရှိသည့် Folders များအောက်တွင် သက်ဆိုင်ရာ Chats များအား သိမ်းဆည်းထားခြင်းဖြင့် အဆိုပါ Chats များအား ပိုမိုအဆင်ပြေလွယ်ကူစွာ ရှာဖွေသွားနိုင်မည်လည်း ဖြစ်သည်။

ထို့အပြင် Folder တစ်ခုချင်းစီတွင်လည်း မဖတ်ရှုရသေးသည့် Chats အရေအတွက်ကို ပြသပေးသွားမည် ဖြစ်ကာ တစ်ဦးချင်း စကားပြောဆိုမှုများ (One-on-one Chats)၊ အုပ်စုဖွဲ့စကားပြောဆိုမှုများ ( Group Chats)၊ Channels နှင့် Communities များအား အဆိုပါ စိတ်တိုင်းကျ ဖန်တီးနိုင်သည့် Folders များအောက်တွင် ခွဲခြားသိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။ သို့သော် Hidden Chats၊ Viber Pay မှ စာတိုများနှင့် Businesses အစရှိသည့် စာတိုများကိုမူ အဆိုပါ Folders များတွင် သိမ်းဆည်းသွားနိုင်မည် မဟုတ်ပေ။
Image: Viber

“ဒီနေ့ခေတ်မှာ စာတိုပေးပို့မှု Messaging Apps တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်လာတာနဲ့အညီ Rakuten Viber ကနေ နောက်ဆုံးမိတ်ဆက်လိုက်တဲ့ Chat Folders လုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေရဲ့ စကားပြောဆိုမှုတွေ၊ ဆက်သွယ်ချိတ်ဆက်မှုတွေကို အရင်ကထက် ပိုပြီး အဆင်ပြေလွယ်ကူမှုရှိအောင် ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။

အဆိုပါ Chat Folders လုပ်ဆောင်ချက်အား ယခုလက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ စတင်မိတ်ဆက်နေပြီဖြစ်ကာ Rakuten Viber Version 22.0 နှင့်အထက် အသုံးပြုသူများအားလုံး မကြာမီ လအနည်းငယ်အတွင်း အသုံးပြုသွားနိုင်မည် ဖြစ်သည်။ စကားပြောဆိုမှု (Chats) ၁၀ ခုနှင့်အထက်ရှိသည့် အသုံးပြုသူများအနေနှင့် Rakuten Viber Version 22.0 နှင့်အထက် အက်ပလီကေးရှင်းအား စတင်အသုံးပြုလိုက်သည်နှင့် တပြိုင်နက် Chat Folders လုပ်ဆောင်ချက်အား အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ဤ လုပ်ဆောင်ချက်အား Viber အက်ပလီကေးရှင်း၏ Main Chat Screen ရှိ  More မှတဆင့် Manage Foldersအား ရွေးချယ်၍ စတင်အသုံးပြုနိုင်မည် ဖြစ်သည်။