Rakuten Viber နှင့် Inflection တို့ ပူးပေါင်း၍ အသုံးပြုသူ အားလုံးအတွက် အဆင့်မြင့် AI စနစ် လုပ်ဆောင်ချက်အား Viber တွင် စတင် မိတ်ဆက်

တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်နိုင်မှုသည် ယနေ့ခေတ်တွင် မရှိမဖြစ် အရေးပါလာသည်နှင့်အညီ လူသုံးအများဆုံးနှင့် လုံခြုံစိတ်ချမှုအရှိဆုံး စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်း တစ်ခု ဖြစ်သည့် Rakuten Viber သည် AI (မှတ်ဉာဏ်တု) နည်းပညာကုမ္ပဏီ Inflection နှင့် ပူးပေါင်း၍ ကမ္ဘာတစ်ဝှမ်းမှ Viber အသုံးပြုသူ သန်းပေါင်းများစွာအတွက် အဆင့်အမြင့်မားဆုံးသော AI ဆက်သွယ်ချိတ်ဆက်မှု လုပ်ဆောင်ချက်အား စတင်ပေးအပ်လျက်ရှိပြီ ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ဤ လုပ်ဆောင်ချက်အား အသုံးပြု၍ Viber အသုံးပြုသူများ အနေနှင့် ပိုမိုအဆင်ပြေလွယ်ကူမှုရှိသော နည်းပညာမြင့် ဆက်သွယ်ချိတ်ဆက် အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်တော့မည် ဖြစ်သည်။

Personal Intelligence ဟု အဓိပ္ပာယ်ရသည့် Pi လုပ်ဆောင်ချက်သည် အသုံးပြုသူများနှင့် အပြန်အလှန် ချိတ်ဆက် စကားပြောဆိုသွားနိုင်မည် ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များ၊ အကူအညီများအား ပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါ စနစ်အား Inflection ၏ ကိုယ်ပိုင် Inflection–2.5 Large Language Model အား အခြေခံ၍ တည်ဆောက် ထားပြီး ကမ္ဘာပေါ်ရှိ အခြားသော မည်သည့် AI လုပ်ဆောင်ချက်မျိုးနှင့်မဆို တန်းတူယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ကမ္ဘာ့အဆင့်အမြင့်ဆုံး EQ နှင့် IQ စနစ်များအား ပေါင်းစပ်ဖန်တီးထားသည့်အတွက် ပုံမှန်စကားပြောဆိုမှုများသာမက သိလိုသည့် မေးခွန်းများနှင့် နောက်ဆုံးရသတင်းများ ကိုပါ Pi လုပ်ဆောင်ချက်မှ ၂၄ နာရီ အချိန်ပြည့် ပြန်လည် ဖြေကြား ပေးသွားနိုင်မည် ဖြစ်သည်။ Viber အသုံးပြုသူများအနေနှင့် Pi လုပ်ဆောင်ချက်အား အသုံးပြု၍ အလုပ်အကိုင်သစ် ပြောင်းလဲမှုများ၊ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ချက်များ၊ လေ့လာသင်ယူမှု အသစ်များ၊ နောက်ဆုံးရ သတင်းများနှင့် ပုံမှန်ဆက်သွယ်ပြောဆိုမှုများ အပါအဝင် မည်သို့သော အကြောင်းအရာများ အတွက်မဆို ပြောဆို ထားသော အကြံဉာဏ်များအား စနစ်တကျ ပြန်လည်ရေးသားခြင်း၊ ပိုမိုရှင်းလင်းစွာ အစီအစဉ်ချ ရေးဆွဲခြင်းနှင့် အစီအစဉ်အတိုင်းဆောင်ရွက်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ကိုလည်း အကောင်းမွန်ဆုံး ကူညီပံ့ပိုးပေးသွား နိုင်မည် ဖြစ်သည်။

Image: Pi x Viber AI Chatbot

Viber အသုံးပြုသူများအနေနှင့် ဤ အဆင့်မြင့် Personal AI လုပ်ဆောင်ချက်အပြင် တစ်ဦးနှင့်တစ်ဦး (သို့) Pi နှင့် ဆက်သွယ် စကားပြောဆိုရာတွင် အသုံးပြုနိုင်မည့် Pi the AI Stickers စတစ်ကာများကိုပါ ၃ လ အခမဲ့ အသုံးပြုခွင့် ရရှိသွားမည် ဖြစ်သည်။ အဆိုပါ စတစ်ကာများတွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုရာတွင် အသုံးပြုမှု အများဆုံး စကားစုများဖြစ်သည့် “I can help”, “Let’s talk”, “Hi Friend” နှင့် “Love you” အပါအဝင် အခြားသော စကားစုများ ကိုလည်း ဆန်းသစ်သော ဒီဇိုင်းဖြင့် ထည့်သွင်းပေးထားသည်။

သာမန် စာတိုပေးပို့မှု အက်ပလီကေးရှင်း အဆင့်ထက်ပို၍ ဘက်စုံသုံး Super App တစ်ခုအဖြစ်သို့ ရောက်ရှိလာသည့် Rakuten Viber သည် ၎င်း၏ အသုံးပြုသူများအတွက် အက်ပလီကေးရှင်းမှတဆင့် ငွေပေးချေမှုများ၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆိုရာတွင် အသုံးပြုနိုင်သည့် စတစ်ကာနှင့် GIFs များ၊ အသုံးပြုသူများ၏ မေးမြန်းချက်များအား အလိုအလျောက် ပြန်လည်ဖြေကြားနိုင်သည့် လုပ်ငန်းသုံး Chatbots များ အပါအဝင် ပြည့်စုံလှသည့် ဘက်စုံသုံး လုပ်ဆောင်ချက်များအား ပေးအပ်လျက်ရှိသည်။ AI လုပ်ဆောင်ချက်များအား Viber အက်ပလီကေးရှင်း တွင် အသုံးပြုနိုင်ရန် ချဲ့ထွင်နိုင်ခဲ့ခြင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း Viber ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ယခုကဲ့သို့ Inflection နှင့် လက်တွဲဆောင်ရွက်နိုင်မှု၊ Microsoft, Nvidia, Bill Gates နှင့် Eric Schmidt တို့ထံမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Rakuten Viber သည် အဆင့်အမြင့်မားဆုံးသော AI စနစ်လုပ်ဆောင်ချက်များအား အသုံးပြုသူများထံ ပေးအပ်သွား နိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

“Rakuten Viber အနေနဲ့ ကမ္ဘာတစ်ဝှမ်းက စမတ်ဖုန်းအသုံးပြုသူတွေအတွက် စွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့ အဆင်ပြေလွယ်ကူမှုအရှိဆုံး ဆက်သွယ်ချိတ်ဆက်မှုစွမ်းဆောင်ရည်တွေကို စဉ်ဆက်မပြတ် ပေးအပ်သွားနိုင်ဖို့ အမြဲ ရည်သန်ဆောင်ရွက်နေပါတယ်။ အခုလိုမျိုး Pi လုပ်ဆောင်ချက်ကို ကျွန်တော်တို့ရဲ့ ပလက်ဖောင်းနဲ့ ပေါင်းစပ်ဖန်တီးပြီး အဆင့်အမြင့်မားဆုံး AI လုပ်ဆောင်ချက်တွေကို သန်းပေါင်းများစွာသော အသုံးပြုသူတွေ အတွက် ပေးအပ်နိုင်ခဲ့တာ ဟာ တစ်ကယ့်ကို အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု Rakuten Viber ၏ VP of Global Marketing & Growth ဖြစ်သူ Atanas Raykov က ပြောကြားခဲ့သည်။