Rakuten Viber နှင့် Onepay တို့ပူးပေါင်း၍ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် အခါသမယ အထိမ်းအမှတ်အဖြစ် အထူးလက်ဆောင်များ ပေးအပ်သွားမည်

ဧပြီလအတွင်း ကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် အခါသမယ အထိမ်းအမှတ်အဖြစ် Rakuten Viber နှင့် Onepay တို့ ပူးပေါင်း၍ စိတ်လှုပ်ရှားစရာ အထူးအကျိုးခံစားခွင့် အစီအစဉ်များအား Viber အက်ပလီကေးရှင်းအတွင်းရှိ Thingyan Giveaways Bot မှတဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သင်္ကြန်အငွေ့အသက်များနှင့် ဒီဇိုင်းပြင်ဆင်ထားသည့် အဆိုပါ Bot မှတဆင့် အသုံးပြုသူများ အနေနှင့် Giveaway ဆုမဲများ၊ အထူးလျှော့ဈေးများနှင့် အခြားသော အထူးအကျိုးခံစားခွင့် များစွာအား ကံစမ်း ရယူသွားနိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းငွေပေးချေမှု အက်ပလီကေးရှင်းများအနက် တစ်ခုဖြစ်သည့် Onepay ၏ ပူးပေါင်းအားဖြည့်မှု နှင့်အတူ အသုံးပြုသူများ အနေနှင့် ဤ Thingyan Giveaways Bot မှတဆင့် Onepay ၏ လူသုံးအများဆုံး လုပ်ဆောင်ချက်များဖြစ်သည့် OneCodes (Digital Contents များအတွက် redeem ပြုလုပ်နိုင်သော code များဝယ်ယူနိုင်ခြင်း) , Scan&Pay (Onepay Merchant ပေါင်း ၇,၈၀၀ ကျော်အတွက် ငွေပေးချေနိုင်ခြင်း), OneShop (လူသုံးကုန်ပစ္စည်းများအပါအဝင် ပစ္စည်းမျိုးစုံအား အိမ်တိုင်ရာရောက် ငွေပေးချေဝယ်ယူနိုင်ခြင်း) နှင့် OneTravel (မြန်မာပြည်တွင်း ကားနှင့်လေယာဉ်လက်မှတ်များအား ဝယ်ယူနိုင်ခြင်း) လုပ်ဆောင်ချက်များ အတွက် ၃၀% အထိလျှော့ဈေးကူပွန်ပေါင်း ၄ သိန်းကျော်အား ကံစမ်းရယူသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Onepay Bot အသုံးပြုသူများအနေနှင့် Bot အတွင်းရှိ လုပ်ဆောင်ချက်များအား သုံးစွဲခြင်းမှတဆင့် အထူးသီးသန့် Viber စတစ်ကာများအပြင် အပတ်စဉ်အထူးဆုမဲများအဖြစ် Oppo စမတ်ဖုန်းများကိုလည်း ကံစမ်းရယူသွားနိုင်ဦးမည် ဖြစ်သည်။

“အခုလို ဆန်းသစ်တဲ့ အစီအစဉ်တစ်ရပ်နဲ့အတူ မြန်မာ့ရိုးရာ သင်္ကြန်အခါသမယကို ဆင်နွှဲနိုင်တော့မှာ ဖြစ်တဲ့အတွက် တစ်ကယ့်ကို စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ အခုလို အထူးအချိန် အခါသမယမှာ Viber အနေနဲ့ အသုံးပြုသူတွေကို စိတ်လှုပ်ရှားစရာ ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးတော့မှာပါ” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။

Image: Viber

“Onepay အနေနဲ့ Viber နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထိမ်းအမှတ်အဖြစ် အထူးအစီအစဉ်တစ်ရပ်ကို သယ်ဆောင်လာပေးဖို့ မစောင့်နိုင်တော့ပါဘူး။ Onepay အနေနဲ့ လက်ရှိမှာ Viber Chat Bot နဲ့ Chat Ex ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေဆီ ပေးအပ်နေပြီး အခုလို မြန်မာ့ရိုးရာ သင်္ကြန်အခါသမယမှာလည်း စိတ်လှုပ်ရှားစရာ အကျိုးခံစားခွင့်တွေ ကို ပေးအပ်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အသုံးပြုသူတွေ အနေနဲ့လည်း ဒီအစီအစဉ်မှာ ပါဝင်ဖို့ စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်ပါတယ်” ဟု Onepay ၏ Deputy Chief Executive Officer ဖြစ်သူ Sagar Bhagaddia က ပြောကြား ခဲ့သည်။

Viber သည် ၎င်း၏ အသုံးပြုသူများအား အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန်နှင့် တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ သူမတူသော ရိုးရာယဉ်ကျေးမှုများအား ပေါင်းစပ်ဖန်တီးပြသသွားနိုင်ရန်ဟူသည့် ရည်ရွယ်ချက်အား ဤပူးပေါင်းဆောင်ရွက်မှုမှတဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ Viber Bot မှတဆင့် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် အငွေ့အသက်များအား ခံစားနိုင်စေမည့် စတစ်ကာများအား ဖန်တီး ပေးအပ်နိုင်ခဲ့ခြင်းသည်လည်း Viber ၏ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှုများအား ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများကြား ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်မျှဝေပေးသွားလိုသည့် ရည်သန်ချက်အား ထပ်မံသက်သေပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

Viber အသုံးပြုသူများအနေနှင့် Onepay ၏ ယခု Thingyan Giveaways Bot အား အခမဲ့ Subscribe ပြုလုပ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ အထူးအစီအစဉ်များစွာအား ရယူသွားနိုင်မည် ဖြစ်သည်။