Samsung ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူပြီး တီဗီ (သို့) ငွေသားလက်ဆောင်များကို ထပ်ဆောင်းရယူနိုင်မည့် Buy One Get One promotion စတင်

Samsung ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူပြီး တီဗီ (သို့) ငွေသားလက်ဆောင်များကို ထပ်ဆောင်းရယူနိုင်မယ့် Buy One Get One promotion ကို ဇန်နဝါရီလ ၂၂ ရက်ကမှ ဖေဖော်ဝါရီလ ၂၀ ရက်ထိပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Photo Source https://web.facebook.com/SamsungMyanmar/

အဆိုပါ Promotion အပြင် သက်သာတဲ့ ဈေးနှုန်းအသစ်တွေကိုလဲ ပြောင်းလဲပြင်ဆင်ပေးထားသည့်အတွက် ဝယ်ယူသူများပို မိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း Samsung မှ ထုတ်ပြန်ထားသည်။
ထို့အပြင် Samsung မှ ဆန်းသစ်တဲ့နည်းပညာတစ်ခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉:၃၀ မှာ Global Unpacked ပြုလုပ်ပြီး မိတ်ဆက်ပေးတော့သွားမှာဖြစ်ပါတယ်။
နောက်ထပ် Promotion တစ်ခုအနေဖြင့် အောက်ဖော်ပြပါ ဖုန်းများကို ဝယ်ယူသူတိုင်း Cash Back ၃ သိန်းအထိ ပြန်လည်ပေးအပ်သွားမယ့်အစီအစဉ်တစ်ခုကိုလည်းပြုလုပ်ထားပါတယ်။ အဲ့ဒီ Promotion ကိုတော့ January 25 ရက်နေ့မှစတင်ပြီး February 14 ရက်နေ့အထိ ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/SamsungMyanmar/

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါတယ်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်း ထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။