ဘဏ်ခွဲတိုင်းတွင် အကန့်မသတ်မရှိငွေသွင်းငွေထုတ်ပြုလုပ်နိုင်သော အထူးအပ်ငွေစာရင်းဖြစ်သော EzyCash Account ကို AGD Bank မှ မိတ်ဆက်

၂၀၂၁ ခုနှစ် မေလ (၁၀) ရက်နေ့မှစတင်ပြီး AGD ဘဏ်တွင်ငွေသားအပ်နှံလိုသော Customer များအတွက် နေ့စဉ်အတိုးတွက်ပေးပြီး၊ မိမိအပ်ထားသောဘဏ်ခွဲတွင် အကန့်အသတ်မရှိ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်သော အထူးအပ်ငွေစာရင်းအသစ်ဖြစ်တဲ့ EzyCash Account ကို မိတ်ဆက်လိုက်ပါပြီ ဖြစ်ကြောင်း သိရသည်။
EzyCash အကောင့်ကို တစ်ဦးသာမက ပူးတွဲအကောင့်အနေဖြင့်လည်း ဖွင့်လှစ်အသုံးပြုနိုင်မည်လည်းဖြစ်သည်။ တစ်နှစ်ကိုအတိုးနှုန်းအများဆုံး ၆ ရာခိုင်နှုန်းဖြင့် နေ့စဉ်အတိုးတွက်ချက်ပေးသည့်အပြင် လစဉ်အတိုးလည်း ခံစားခွင့်ရရှိနိုင် မည်ဖြစ်ကြောင်းလည်းသိရသည်။
အထူးအပ်ငွေ EzyCash Account ဖွင့်လှစ်ခြင်းအတွက် ရရှိနိုင်သောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ငွေသားပေးသွင်းထားသူများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း။
(၂) ချက်စာအုပ်နှင့် ATM ကဒ် တို့ပြုလုပ်ပေးခြင်း (ATM ကဒ်ကိုသတ်မှတ်ထားသော နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်)
(၃) AGD EzyCash Account ကို နေ့စဉ်အတိုးတွက်ပေးပြီး လစဉ်ထည့်သွင်းပေးခြင်း တို့ဖြစ်သည်။

Photo Source https://www.agdbank.com

ထို့ပြင် နေ့စဉ်လက်ကျန်ငွေ ကျပ်သိန်း ၅,၀၀၀ အောက်ကို အတိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့်သော်လည်းကောင်း နေ့စဉ်လက်ကျန်ငွေ ကျပ်သိန်း ၅,၀၀၀ နှင့်အထက်ကို အတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့်သော်လည်းကောင်းသတ်မှတ်ထားသည်။
ပြောင်းလဲထားတဲ့ အတိုးနှုန်းထားများနှင့်အတူ အသုံးပြုသူများအတွက် AGD ဘဏ်မှ ၄ လ fixed deposit ကို အသစ်ဖော်ဆောင်ပေးထားသည်။ ၃ လ ကမြန်ဆန်လွန်းပြီး ၆လ ကအချိန်ကြာမြင့်လွန်းသည် ဆိုသူများအတွက် ၄လ fixed deposit ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုအနေဖြင့်ပြုလုပ်ပေးထားသည်။
AGD ဘဏ်၏ Fixed Deposit (၁ လ၊ ၃ လ၊ ၆ လ နှင့် အသစ်ဖော်ဆောင် ပေးထားသော ၄လ)တို့၏ အတိုးနှုန်းတို့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၆) ရက်နေ့မှ စတင်ပြီး စတင်ပြောင်းလဲသတ်မှတ်ထားသည်။ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ မှစတင်၍ အကောင့်များမှငွေထုတ်ယူမှု ပိုမိုအဆင်ပြေစေရန် တိုကင်စနစ်အစား ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူသည့် စနစ်ကိုပြောင်းလဲလိုက်ကြောင်းကြေညာထားသည်။

Photo Source https://www.agdbank.com

ကြိုတင်ရက်ချိန်းရယူရန် ဖုန်းနံပါတ် +95-1-2399333 ကိုခေါ်ဆိုနိုင်ကြောင်းလည်းသိရသည်။ ထို့ပြင် ဖုန်းခေါ်ဆိုမှုကို နံနက် ၉နာရီမှ ညနေ ၄နာရီအတွင်း တနင်္လာနေ့မှသောကြာနေ့အထိ (ဘဏ်ပိတ်ရက်မှအပ) ပြုလုပ်နိုင်မည်လည်းဖြစ်သည်။ ထုတ်ယူနိုင်သောငွေပမာဏမှာ ယခုကာလတွင် သတ်မှတ်ထားသည့်အတိုင်း မပြောင်းလဲပဲ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် အခြားဘဏ်ဝန်ဆောင်မှုများကိုမူ တိုကင်မလို၊ရက်ချိန်းမလိုပဲ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
အတိုးနှုန်းများနှင့် ပတ်သက်ပြီး ထပ်မံအသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.agdbank.com