3D အရောင်နှစ်မျိုးနှင့်လုပ်ဆောင်ချက်ကောင်းများ စုစည်းထုတ်လုပ်ထားသော vivo Y31

Vivo Y31 တွင် တလက်လက် တောက်ပသော 3D အရောင်များပါဝင်သည်။ Racing Black ၏ စွဲမက်ဖွယ်အနက်ရောင်၏ နက်ရှိုင်းသောခွန်အားကို ခံစားနိုင်အောင်ပြုလုပ်ထားပါတယ်။ Ocean Blue အရောင်ကတော့ အပူပိုင်းဒေသ သမုဒ္ဒရာအရောင်ကနေရရှိလာသော စိတ်ကူးဖြစ်ပြီး ငယ်ရွယ်နုပျိုတက်ကြွမှုကို ခံစားနိုင်အောင်ပြုလုပ်ထားခြင်းလည်းဖြစ်ပါ တယ်။
Side Fingerprint ပါဝင်တဲ့အတွက် ဖုန်းမျက်နှာပြင်ကို ဖွင့်ပြီး တချိန်တည်းမှာ ဖုန်းကို lock ဖြည်နိုင်ပါတယ်။ ဖုန်း screen lock ဖွင့်ရန် ကြာချိန်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ဝ.၃ စက္ကန့်သာရှိမှာလည်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ တစက္ကန့်တောင်မကြာပဲ ဖုန်းကိုကောက်ကိုင်ကြည့်ရင်း Face wake ဖြင့်ဖုန်း lock ကို ဖြည်နိုင်မှာလည်းဖြစ်ပါတယ်။

Photo source https://www.vivo.com/mm/products/y31
Y31 သည် Application များစွာကို အခက်အခဲမရှိဘဲ အသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ 4GB RAM + 128GB ROM ပါရှိပြီး ပိုထူးခြားသောအချက်မှာ ကဒ် ၃ ကဒ်ထည့်နိုင်သော ဒီဇိုင်းသည် memory ပမာဏကို 1TB အထိ တိုးချဲ့အသုံးပြုနိုင်သော အချက်ပါဝင်ခြင်းဖြစ်ပါတယ်။
5000mAh ဘက်ထရီ ဖြင့်ထုတ်လုပ်ထားပြီး၆၄ မိနစ်အတွင်း ဖုန်းအားကို ၇၀ ရာခိုင်နှုန်းအထိ သွင်းနိုင်မှာလည်းဖြစ်ပါတယ်။ 18W အမြန်အားသွင်းစနစ်ဖြင့်ပြုလုပ်ထားပြီး AI စွမ်းအင် ချွေတာသည့်နည်းပညာဖြင့် တစ်ကြိမ်အပြည့်အဝအားသွင်းမှုသည် အွန်လိုင်းတွင် ၁၇.၉ နာရီကြာ video ကြည့်ရှုနိုင်ပြီး ဂိမ်းများကိုလဲ ၉.၉ နာရီကြာ ကစားနိုင်မှာလည်းဖြစ်ပါတယ်။
Y31 ၏ Reverse Charging Power ဖြင့် အခြား အီလက်ထရောနစ်ပစ္စည်းများကို အားသွင်းနိုင်ပါသေးတယ်။ Shooting Modes များစွာ ထည့်သွင်းထားသောကြောင့် AI Triple Camera သည် နေ့ညမရွေး ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။48MP Main camera နဲ့လည်းရိုက်ကူးနိုင်ပါတယ်။
Bokeh Camera ကလည်း ဓာတ်ပုံများကို အသက်ဝင်နေရုံမက သာမန်ဓာတ်ပုံများထက် ပိုမို ကြည်လင်ပြတ်သားမှုကို ရရှိစေရန် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် Super Macro ကင်မရာက အသုံးပြုသူရဲ့ မျက်လုံးများဖြင့် မမြင်နိုင်သော ကမ္ဘာကြီး၏ အံ့ဩဖွယ် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်လေးများကို ၄ စင်တီမီတာထိ နီးကပ်နိုင်သော focus ဖြင့် ရှာဖွေနိုင် ပါတယ်။
Super Night ကင်မရာကတော့ Super Night Mode အလင်းရောင်နည်းသည့်အချိန်များတွင်ပင် လှပသောညပုံရိပ်များကို ဖမ်းယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Electronic Image Stabilization (EIS) ကလည်း ပြေးနေချိန်မှာဖြစ်ဖြစ် စက်ဘီးစီးနေချိန်မှာပဲဖြစ်ဖြစ် အဝေးမှလူ အများနှင့် ရှုခင်းများကို video ရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။
Audio Booster ကတော့ သီချင်း၊ ဖုန်းသံများမှစပြီး ဗီဒီယို၊ ရုပ်ရှင်တွေအထိ သင်နားသောတဆင်လိုတဲ့ အရာတွေကို ပိုမိုကောင်းမွန်စေပါတယ်။ Multi-Turbo 4.0 သည် ဂိမ်းဆော့ရာမှာ ထစ်ငေါ့ခြင်းနှင့်နှောင့်နှေးခြင်းများကို လျှော့ချရန် အဓိကမြင်ကွင်းများကို အကောင်းဆုံးအာရုံစိုက်နိုင်ပါတယ်။ ၎င်းသည် CPU နဲ့ internal သိုလှောင်မှုအရင်းအမြစ်များကို အထူးသဖြင့်နောက်ခံတွင်တစ်ပြိုင်နက်တည်း လည်ပတ်နေသည့်အချိန်တွင်လည်း ခွဲဝေသတ်မှတ်ခြင်းကို ဦးစားပေးခြင်းပြုလုပ်ရန်အတွက် စီမံထားခြင်းဖြစ်ပါတယ်။ 

Photo source https://www.vivo.com/mm/products/y31
ရိုက်ကူးပြီးသားဓာတ်ပုံတွေကို watermark ဖြင့်လည်း မိမိစိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ AI Albums နဲ့ AI Editor ကတော့ စတိုင်ကျသော ဗီဒီယိုများဖန်တီးရန်နှင့် လူမှုမီဒီယာတွင် အလွယ်တကူ မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ Memories ပါဝင်တဲ့အတွက် ဓာတ်ပုံများကို အချိန်၊ တည်နေရာနှင့်အဖြစ်အပျက်များအရ စုစည်းပေးပါတယ်။
စိတ်ဝင်စားဖို့ကောင်းသော iManager သည် vivo အသုံးပြုသူများကို ပျင်းစရာကောင်းသော နေ့စဉ်အလုပ်များမှ လွတ်မြောက်စေမှာလည်းဖြစ်ပါတယ်။ ဖုန်းကိုသန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ညအချိန်တွင်ပြဿနာများကို စစ်ဆေးခြင်းစသည့်လုပ်ငန်းများကို ဂရုစိုက်ရန်အတွက် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ညအိပ်အနားယူချိန်မှာ iManager က ဖုန်းတွင်းလုပ်ဆောင်ချက်တို့ကို ကောင်းမွန်စေမှာလည်းဖြစ်ပါတယ်။