အဆင့်မြင့်လုပ်ဆောင်ချက်များ ပါရှိသည့် Samsung Galaxy S20 Fan Edition (FE) စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Samsung Electronics Co.,Ltd သည် Galaxy S20 series ၏ မိသားစုဝင်အသစ် တစ်ဦးဖြစ်သည့် Galaxy S20 fan edition (FE) စမတ်ဖုန်းအား စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
နှစ်ပေါင်းများစွာ အောင်မြင်မှုရရှိထားသည့် စွမ်းဆောင်ရည်မြင့် Galaxy S series ၏ နည်းပညာများ အပေါ် အခြေခံတည်ဆောက်ထားသည့် ဤ Galaxy S20 FE စမတ်ဖုန်းအသစ်အား သုံးစွဲသူများ၏ လိုအပ်ချက်များ၊ အကြံပြုချက်များ အပေါ်အခြေခံကာ ပြန်လည်ဆန်းသစ် တည်ဆောက်ထားခြင်း ဖြစ်ကာ ကျယ်ပြန့်သော အဆင့်မြင့် မျက်နှာပြင်၊ , AI-powered ကင်မရာ၊ စွမ်းဆောင်ရည်မြင့် chipset၊ အမြန်ဆန်ဆုံးသော ချိတ်ဆက်မှု စွမ်းဆောင်ရည်၊ တစ်နေ့လုံး ကြာရှည်ခံသော ဘက်ထရီ ပမာဏ၊ ပြေပြစ်လှပသော နောက်ဆုံးပေါ် အဆင့်မြင့်ဒီဇိုင်းနှင့် ဆန်းသစ်လှပသော အရောင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။
“သုံးစွဲသူတွေရဲ့ အကြံပြုချက်တွေ၊ လိုအပ်ချက်တွေကို အမြဲမပြတ် နားထောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့ အညီ Samsung အနေနဲ့ ဒီ အကြံပြုချက်တွေ၊ လိုအပ်ချက်တွေ အပေါ် အခြေခံပြီး တီထွင်ဆန်းသစ်မှု အရှိဆုံးနဲ့ လက်တွေ့ အကျဆုံး နည်းပညာတွေ၊ ထုတ်ကုန်တွေကို ပေးအပ်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစား လုပ်ဆောင်နေပါတယ်။ အခု မိတ်ဆက်ခဲ့တဲ့ Galaxy S20 FE စမတ်ဖုန်း အသစ်မှာဆိုရင်လည်း အဆင့်မြင့် စမတ်ဖုန်းတွေမှာသာ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့အပြင် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်အောင်လည်း လုပ်ဆောင်ပေးထားတဲ့အတွက် သုံးစွဲသူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးသွားနိုင်မယ့် စမတ်ဖုန်းတစ်လုံး ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ် ကိုဇာနည်ဝင်းထက်က ပြောကြားသည်။

Photo Source https://samsung.com/mm

Galaxy S20 FE စမတ်ဖုန်းသစ်တွင် Galaxy S20 စမတ်ဖုန်း၏ အမှတ်သင်္ကေတ ကင်မရာလုပ်ဆောင်ချက်များ ပါဝင်လာပြီး အမိုက်စား ကျောဖက်ကင်မရာ ၃ လုံး (12 MP Ultra wide + 12 MP Wide + 8 MP Tele ) နှင့်အတူ 32 MP selfie ကင်မရာကိုလည်း ထည့်သွင်း‌ပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အထူးခြား၊ အကောင်းမွန်ဆုံးသော ကင်မရာရိုက်ကူးမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ အနေနှင့် Galaxy S20 FE စမတ်ဖုန်း၏ ထူးခြားပြီး စွဲဆောင်မှုရှိသော သူမတူသည့် ကိုယ်ထည်ဒီဇိုင်းတည်ဆောက်ပုံနှင့် တီထွင်ဆန်းသစ်မှု အရှိဆုံးသော နောက်ဆုံးပေါ် Night mode Multi – frame processing၊ single take နှင့် 30x Space Zoom ကင်မရာ လုပ်ဆောင်ချက်များဖြင့် မိမိတို့၏ နေ့စဉ်ဘဝများအား အကောင်းမွန်ဆုံး ပုံဖော်ပြသသွားနိုင်မည် ဖြစ်သည်။
Galaxy S20 FE စမတ်ဖုန်းအသစ်တွင် 120 GHz adaptable refresh rate ထောက်ပံ့ပေးထားသည့် ၆.၅” FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် Exynos 990 processor၊ 8 GB RAM နှင့် 128 GB ROM များထည့်သွင်းပေးထားသည့်အပြင် ဒေတာသိုလှောင်နိုင်မှုပမာဏ 1 TB အထိ တိုးချဲ့အသုံးပြုနိုင်စေရန် အတွက်လည်း ပြုလုပ်ပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများ အပါအဝင် ၎င်းတို့ အကြိုက်နှစ်သက်ဆုံးသော လုပ်ငန်းဆောင်တာများ အားလုံးကို အဆင်ပြေလွယ်ကူမှုအပြည့်ဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သွားမည် ဖြစ်သည်။
Galaxy S20 FE စမတ်ဖုန်းတွင် ကြီးမားသော 4,500 mAh ဘက်ထရီနှင့်အတူ စွမ်းဆောင်ရည်မြင့် 15W super- fast charging စနစ်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် မိမိတို့ ကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက်များအား အပူအပင်ကင်းကင်းဖြင့် အနှောင့်အယှက်မရှိ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

Photo Source https://samsung.com/mm

Galaxy S20 FE စမတ်ဖုန်းသစ်အား အရောင်အားဖြင့် Cloud Lavender (ခရမ်းရောင်) နှင့် Cloud Mint (အစိမ်းနုရောင်) ဟူ၍ နှစ်မျိုး ရရှိနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများ အနေနှင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့ အတွင်း (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူသွားနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူလိုသူများ အနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးများရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်ကြီးများတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်း၍ မှာယူသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် ကြိုတင်မှာယူထားသူများသည် ၎င်းတို့၏ Galaxy S20 FE စမတ်ဖုန်းများအား ၂၀၂၀ ခုနစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ၎င်းတို့ ကြိုတင် မှာယူထားသည့် အ‌ရောင်းဆိုင်ကြီးများတွင် သွားရောက်ထုတ်ယူသွားနိုင်မည် ဖြစ်သည်။
Galaxy S20 FE စမတ်ဖုန်းများအား ကြိုတင်မှာယူသူများသည် အောက်ပါ အထူး ပတ်ကေ့ချ်အစီအစဉ် ၂ မျိုးအနက် မိမိ ကြိုက်နှစ်သက်ရာ အစီအစဉ် ၁ မျိုးအား ရွေးချယ် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။
(၁) ပတ်ကေ့ချ်အစီအစဉ် ၁ – Galaxy S20 FE စမတ်ဖုန်း နှင့် BTS Edition Buds+ (ကျသင့်ငွေ မြန်မာငွေကျပ် ၉၉၉,၀၀၀)
(သို့မဟုတ်)
(၂) ပတ်ကေ့ချ်အစီအစဉ် ၂ – Galaxy S20 FE စမတ်ဖုန်းနှင့် UV Sterilizer (ကျသင့်ငွေ မြန်မာငွေကျပ် ၈၉၉,၀၀၀) တို့ဖြစ်သည်။
ထို့အပြင် Galaxy S20 FE စမတ်ဖုန်းများအား ကြိုတင်မှာယူသူများသည် အထူးအခွင့်အရေး အနေနှင့် No Worry Crack ဝန်ဆောင်မှုအပြင် အပိုထပ်ဆောင်း အင်တာနက် အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့် မိနစ်များကိုလည်း အပိုလက်ဆောင်အဖြစ် ခံစားရရှိသွားနိုင်မည် ဖြစ်သည်။ ကြိုတင်မှာယူသူများအနေနှင့် 20 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၂,၀၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ၂၀၂၀ခုနှစ် ၁ ရက် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက် အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိသွားမည် ဖြစ်သည်။No Worry Crack ဝန်ဆောင်မှုအတွက်မူ အသုံးပြုသူများ အနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၃ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၄၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား (၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://samsung.com/mm