Ooredoo မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ကလေးစာသင်ကျောင်းများကို ခြေနင်းလက်ဆေးစင်နှင့် လက်ဆေးဆပ်ပြာရည်များလှူဒါန်း

Ooredoo မှ ကျောင်းသားလူငယ်များအကြား ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို တိုက်တွန်းအားပေးရန်နှင့် COVID-19 ကူးစက်ပြန့်ပွားမှုမှကာကွယ်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ကလေး စာသင်ကျောင်း ၃၃ ကျောင်းတို့ကို ခြေနင်းလက်ဆေးစင် ၉၅ ခုနှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်းခဲ့ ကြောင်းသိရသည်။
၎င်းပံ့ပိုးမှုမှာ ကျောင်းများပြန်လည်ဖွင့်လှစ်သောအချိန်တွင် COVID-19 ကာကွယ်ရေးလမ်းညွန်ချက်များကို လိုက်နာပြီး လုံခြုံစိတ်ချမှုရှိစေရန်အတွက် သင့်လျော်ကောင်းမွန်သော ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများလုပ်ဆောင်ရန် အကူအညီလိုအပ်သည့် လူမှုဝန်းကျင်မှကလေးများအတွက် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

၎င်းခြေနင်းလက်ဆေးစင်နှင့် လက်ဆေးဆပ်ပြာရည်များကို မကွေးတိုင်းဒေသကြီးရှိကျောင်း၂၀၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျောင်း၁၄ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိကျောင်း၁၀ကျောင်း၊ ပဲခူးတိုင်းဒေသကြီးရှိကျောင်း ၁၀ ကျောင်း၊ မွန်ပြည်နယ်တွင်ကျောင်း ၇ ကျောင်း၊ မန္တလေးတိုင်းတွင် ကျောင်း ၃၃ ကျောင်းနှင့် တနသာရီတိုင်းတွင် ၁ ကျောင်း စသည်တို့ကို ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ခွဲဝေပေးအပ်ခဲ့သည်။ ၎င်းပံ့ပိုးမှုဖြင့် ဆရာဆရာမများနှင့် ကျောင်းသားပေါင်း ၃၀,၀၀၀ ကျော်သည်ပိုမိုကျန်းမာကောင်းမွန်သော လူနေမှုပုံစံအတွက် အကျိုးကျေးဇူးခံစားရမည်လည်း ဖြစ်သည်။
“အူရီဒူးမြန်မာအနေနဲ့“အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည် ဆိုတဲ့ ရည်မှန်းချက်အတိုင်း ဦးတည်ဆောင်ရွက်နေရုံသာမက အများပြည်သူရဲ့ နေ့စဉ်လူနေမှုဘဝတွေ ပြည့်စုံကောင်းမွန်စေဖို့အတွက် ကတိထား ဆောင်ရွက်လျက်ရှိပါတယ်။ အူရီဒူးမှ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတွေကိုအဓိကထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ နေ့စဉ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေဖို့အတွက် အခွင့် အလမ်းတွေကို ဆက်လက်ရှာဖွေပြီး ပံ့ပိုးပေးသွားမှာပါ” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
ယခုလှူဒါန်းမှုသည် အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်း ပညာရေးနှင့်လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့်မိဘမဲ့ကျောင်းများကို လိုအပ်သောကျောင်းအဆောက်အအုံ၊ ပစ္စည်းကိရိယာ များနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ပေးအပ်လျက်ရှိရာတွင် ထပ်လောင်း ပံ့ပိုးပေးလိုက်ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

၂၀၁၇ ခုနှစ်တွင် အူရီဒူးမြန်မာသည်သုံးစွဲသူများမှ မည်သည့်မိုဘိုင်းကွန်ရက်ကိုမဆို ဖုန်းခေါ်ဆိုလိုက်သည် နှင့်ဖုန်းခေါ်ဆိုသည့်၁မိနစ်တိုင်းအတွက် အူရီဒူး၏ဝင်ငွေထဲမှ ၁ ကျပ်စီလှူဒါန်းပေးသည့် “မိနစ်များများပြောလေ၊ အူရီဒူးမှများများပေးလှူလေ”အစီအစဉ် ကိုစတင်ဆောင်ရွက်ခဲ့ပြီး ပညာရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးခဲ့ သည်။ အဆိုပါအစီအစဉ်ဖြင့် မြန်မာငွေကျပ် ၁.၂ ဘီလီယံကို ပညာသင်စရိတ်ချို့တဲ့သော ကလေးများကို အခမဲ့ပညာ သင်ကြားပေးနိုင်ရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊မိဘမဲ့ကလေးကျောင်းများနှင့် လူငယ်လေ့ကျင့်ရေး ကျောင်းများတွင်လိုအပ်သည့် အဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းကိရိယာသစ်များကိုလည်းကောင်း၊ ပြန်လည်ပြုပြင် မွမ်းမံရေးများ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်းကူညီပံ့ပိုးပေးခဲ့သည်။