V20 series စမတ်ဖုန်းသစ် V20 SE အား မြန်မာနိုင်ငံတွင် မိတ်ဆက်

vivo သည် V20 series အသစ်တွင် ပါဝင်မည့် vivo V20 SE စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
သုံးစွဲသူများစိတ်တိုင်းကျစေမည့်လုပ်ဆောင်ချက်များ အားဖြည့်ထားသည့် vivo V20 series သည် ဈေးကွက်အတွင်း အကောင်းဆုံးကင်မရာ၊ ခေတ်မီ ဆန်းသစ်သည့် ဒီဇိုင်းနှင့် အားကောင်းပြီး ဘက်စုံပြည့်စုံသည့် လုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်သည်။ vivo ၏ V20 SE အသစ်သည် ငယ်ရွယ်တက်ကြွပြီး ဖက်ရှင် အမြင်ရှိသည့် သုံးစွဲသူများအတွက်ရည်ရွယ်ထုတ်လုပ်ထားပြီး ၎င်းတို့၏ နေ့စဉ်ဘဝကို ပိုမို အသက်ဝင်လာစေရန် ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။
V20 SE ၏ 32 MP Super Night Selfie camera တွင် Aura မျက်နှာပြင်အလင်းစနစ် ပါဝင်ပြီး သုံးစွဲသူများ ညဘက်/အလင်းရောင်နည်းသောပတ်ဝန်းကျင်တွင် ဓာတ်ပုံရိုက်ရာ တွင်ပင် ကြည်လင်ပြတ်သားပြီး အလင်းရောင်အားကောင်း မွန်စွာဖြင့် အကောင်းဆုံးအချိန် အခိုက်အတန့်များကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ ပါးလွှာပြီးမျက်လှည့်ဆန်ဆန်ဒီဇိုင်း ကြောင့်လည်း ကိုင်ဆောင်ရာတွင် သက်တောင့်သက်သာရှိစေပြီး သုံးစွဲသူများ၏ အကြိုက်၊ နေ့စဉ်ဘဝလိုအပ်ချက်များနှင့် ထပ်တူကျစေမည် ဖြစ်ပါသည်။ ပါးလွှာပြီး ပေါ့ပါးသော ၇.၈၃ မီလီမီတာ 3D ကိုယ်ထည် နှင့် ဖက်ရှင်ကျသည့် နောက်ဆုံးပေါ် ဒီဇိုင်းသွင်ပြင်တို့ကို ပေါင်းစပ်ထားပြီး သုံးစွဲသူ တစ်ဦးချင်းစီ ၏ ကိုယ်ပိုင်ဟန်နှင့် ရွေးချယ်မှုကို ကိုယ်စားပြု စေမည်ဖြစ်သည်။ 33W Flash Charge capability (အမြန်အားသွင်းစနစ်) ပါဝင်သည့်အတွက် တစ်နေကုန် အနှောက်အယှက်မရှိ အသုံးခံစေမည့် ဖုန်းအမျိုးအစား လည်းဖြစ်သည်။

Photo Source https://web.facebook.com/vivomobileMM

vivo V20 SE ရဲ့ 32 MP ရှိသော အစွမ်းထက် Super Night Selfie ကင်မရာက အလင်းနည်းတဲ့ အချိန်တွေမှာ ရိုက်ရင်တောင်မှ ကြည်လင်မှုကို ပေးနိုင်ပြီး ဘဝရဲ့ အမှတ်တရအချိန်များအတွက် မယုံကြည်နိုင် လောက်အောင် ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည်။
ဖရော်ဖယ်ရှင်နယ် night scene camera mode က မှောင်နေတဲ့ ပတ်ဝန်းကျင်၊ ညဘက် မြင်ကွင်းတွေမှာ ပိုမိုကောင်းမွန်သည့်ရုပ်ပုံတွေကို ပေးနိုင်မည်ဖြစ်သည်။ ဉာဏ်ရည်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုပြီး မှောင်နေတဲ့ နေရာတွေကို တောက်ပစေမည်ဖြစ်ပြီး မလိုအပ်တဲ့ အလင်းများကို လျော့ချပေးမည်ဖြစ်ပါ သည်။ ညဘက်ရိုက်ကူးသည့် Portraits ဓါတ်ပုံများကိုပိုမိုကောင်းမွန်စွာတောက်ပနေပြီး ကြည်လင်စွာဖြင့် ညီမျှကောင်းမွန် နေမည်ဖြစ်ပါသည်။ Face Beauty effects များဖြင့်လည်း တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး အလင်းရောင်အားနည်းသည့် နေရာတွေမှာ သင့်ရဲ့ အကောင်းဆုံး အလှတရားကို ရရှိနိုင်မည်ဖြစ်ပါသည်။
Multi-Style Portrait: Portrait ဓါတ်ပုံများအတွက် စတိုင်မျိုးစုံရွေးချယ်နိုင်သည့် လုပ်ဆောင်ချက်ပါဝင်တာကြောင့် လိုချင်သည့် ပုံစံကို ချက်ချင်းပြောင်းလဲအသုံးပြုနိုင်ပြီး မျက်နှာသွင်ပြင် ပုံရိပ်အတွက် အထောက်အပံ့ပေးမည့် effect များလည်းပါဝင်ကာ မိတ်ကပ်အရောင်များကို လိုက်ဖက်အောင် ချိန်ဆအသုံးပြုနိုင်မည်ဖြစ်သည်။
အဆင့်မြှင့်တင်ထားသည့် AI Face Beauty က လုပ်ဆောင်ချက် (၅) ခုဖြစ်သည့် အသားအရောင်၊ အလင်းအမှောင်၊ မျက်နှာသွင်ပြင်နှင့် မိတ်ကပ်တို့ကို ချိန်ဆပေးနိုင်စွမ်းရှိသည်။ အမျိုးသားများအတွက်လည်း ပိုပြီး ယောကျ်ားဆန်သည့် သွင်ပြင်ကို ရရှိစေနိုင်ရန် ဂရုတစိုက်ထုတ်လုပ်ထားသည်။

Photo Source https://web.facebook.com/vivomobileMM

vivo V20 SE ၏ အနောက်ကင်မရာသည် 48MP AI ကင်မရာ (၃) လုံးပါဝင်ပြီး ဓါတ်ပုံရိုက်ကူးခြင်း ကို စိတ်ပါဝင်စားသူများအတွက် ရိုက်ကူးလိုက်တိုင်း ထင်ရှားပေါ်လွင်စွာဖြင့် ပြတ်သားသော ပုံရိပ်များကို တွေ့ရမည့် စွမ်းအင် ပြည့်ဝသည့် လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။ နယ်ဘက်မှ ရှုခင်းပဲဖြစ်ဖြစ်၊ မြို့ပေါ်မှ အဆောက်အဦ များပဲဖြစ်ဖြစ်၊ နေ့ရော ညပါ၊ Landscapes နှင့် Portraits ကြိုက်နှစ်သက်သည်ဖြင့် ရိုက်ကူးနိုင်ပြီး တိကျသော ရောင်စဉ်များကို ဖမ်းယူနိုင်ပါသည်။ Super Wide-Angle and Super Macro mode တို့ဖြင့် ဓါတ်ပုံ (သို့) ဗီဒီယို ရိုက်ကူးကာ ပိုမိုစိတ်လှုပ်ရှား ဖွယ်ကောင်းလာမည်မှာ အမှန်ဖြစ်သည်။
V20 SE သည် လူငယ်များ၏ ပြောင်းလဲနေသောလူနေမှုပုံစံနှင့် လိုက်ဖက်ညီစွာ ခေတ်မီသော ဒီဇိုင်း၊ တောက်ပကျော့ရှင်းသော အရောင်များဖြင့် ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်သည်။ 3D ကိုယ်ထည်နှင့် 7.83 mm ရှိ အလွန်ပါးလွှာသည့် sleek ဒီဇိုင်း ကြောင့် တစ်မူထူးခြားစွာကွဲထွက်နေသည်။ V20 SE သည် အလွန်ပေါ့ပါးပြီး လက်ထဲတွင် သက်တောင့်သက်သာရှိအောင် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း၏ 3D body curve များကို မြင့်မားသော polymer ပစ္စည်းဖြင့်ပေါင်းစပ်ထားသည့်အတွက် နူးညံ့သိမ်မွေ့သော အထိအတွေ့နှင့် ပရီမီယံစိတ်ခံစားမှုပေးနိုင်မည်ဖြစ်သည်။
လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်စတိုင်ရွေးချယ်မှုနှင့်အညီ၊ vivo V20 SEတွင် Gravity Black နှင့် Oxygen Blue ဟူ၍ ရွေးချယ်စရာ အရောင် (၂) မျိုးရှိပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့အဆင့်မီဒီဇိုင်နာများသည် စကြာဝဠာ၏နက်နဲမှုနှင့် သဘာဝ၏ကျက်သရေရှိမှု တို့မှ တစ်ဆင့် စိတ်ကူးများကိုအကောင်အထည်ဖော်ကာ ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့် ဖက်ရှင်၏ အခြေခံသဘော တရားများလည်း ထည့်သွင်းပေါင်းစပ်ထားသည့်အတွက် ပြေပြစ် ကျော့ရှင်းကာ ဖက်ရှင်အမြင်နှင့် ထပ်တူကျစေမည်ဖြစ်သည်။
vivo V20 SEတွင် တောက်ပစစ်မှန်သည့် အရောင်များကို သက်ဝင်စေသည့် 6.44 inch (16.37 cm) 1080P AMOLED Halo Full View ™ Display ရှိသည်။ မျက်နှာပြင်နှင့် ခန္ဓာကိုယ်အချိုးအစား 90.12 ရာခိုင်နှုန်း ရှိသည်။ ၎င်းသည် ၁၆ သန်းကျော်သည့် ပေါင်းစပ် အရောင်များ – တောက်ပစစ်မှန်သောအရောင်များကိုပြသနိုင်သည်။ ပိုမိုကောင်းမွန် သည့်အချက်သည် display ရဲ့တောက်ပမှု ကို ပတ်ဝန်းကျင်အခြေအနေတွေနဲ့အညီ အလိုအလျောက်ချိန်ညှိပေးသည်။ ၎င်းသည် သင်၏မျက်လုံးများအတွက် ညင်သာ စေပြီး သင်ကြည့်သမျှအရာအားလုံးကို ပိုမိုကောင်းမွန်စေသည်။ V20 SEတွင် မျက်နှာပြင်ကို အသာထိကာ ဖုန်းကို lock ဖွင့်လို့ ရနိုင်သည့် vivo၏အဆင့်မြင့်နည်းပညာဖြစ်သည့် In-Display Fingerprint Scanning လည်းပါရှိသည်။ ခမ်းနားလှပသော သက်ဝင်လုပ်ရှားမှုများကို လေ့လာစူးစမ်းနိုင်ရန်အတွက် များပြားလှသော ရွေးချယ်စရာများလည်း ပေးထားသည်။
V20 SE သည် 4,100 mAh ဘက်ထရီ၊ 33 W Flash Charge ဖြင့် ထောက်ပံ့ပေးထားပါသည်။ ကြာရှည်ခံ သော ဘက်ထရီနှင့် Flash charge ပံ့ပိုးထောက်ပံ့မှုဖြင့် အသုံးပြုသူများသည် ပိုမိုလွယ်ကူသည့် မိုဘိုင်းသုံးစွဲမှု အတွေ့ အကြုံနှင့် မည်သည့်အခြေအနေမျိုးမဆို ကိုယ်တိုင်မှတ်တမ်းတင်နိုင်ပါသည်။ vivo ၏ အဆင်မြင့် 33W Flash Charge နည်းပညာသည် ယခုအခါ ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပြီး၊ ကာကွယ်မှု အဆင့် (၈) ဆင့်ဖြင့် ရောက်ရှိလာပါသည်။ မိနစ် ၃၀ အတွင်း ၆၂ ရာခိုင်နှုန်း ဖြင့် ဘက်ထရီကို ပြန်လည်အားသွင်းနိုင်ပြီး အားအပြည့်သွင်းရန် တစ်နာရီအောက်သာ ကြာမြင့်မည် ဖြစ်ပါသည်။
V20 SE ဖုန်းကို မြန်မာနိုင်ငံဈေးကွက်အတွက် ဒီဇင်ဘာ (၅) ရက်နေ့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ဈေးနှုန်း (၃၇၉,၈၀၀) ကျပ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။