OPPO မှ ထုတ်ကုန်အရည်အသွေး၊ ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုများအားထုတ်ဖော်ပြသ

OPPO သည် ၎င်း၏ ထုတ်ကုန် အရည်အသွေး၊ ဝန်ဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုတို့အပေါ်ထားရှိသည့် ခံယူချက်နှင့် ကြိုးစားအားထုတ်မှုများကို လူအများသိမြင်နိုင်ရန်အတွက် ထိုအကြောင်းအရာတို့နှင့် သက်ဆိုင်သည့် ဗီဒီယိုများကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး OPPO Official Facebook Page ၌ မျှဝေပေးခဲ့သည်။
OPPO သည် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ မေလတွင် ဝန်ထမ်း ၅ ယောက်ဖြင့် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ OPPO မှ မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ရောင်းချပေးခဲ့သော ဖုန်းမှာ OPPO R1 ဖြစ်ပြီး နောက်ပိုင်းတွင် ခေတ်မီ ဆန်းသစ်သော ထုတ်ကုန်များ မိတ်ဆက်ပေးခြင်းဖြင့် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာရာမှ ကုမ္ပဏီ၏ Key Value ဖြစ်သော Benfen ဆိုသည့် အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းနှင့် အခြားကုမ္ပဏီ၏ Value များဖြစ်သော သုံးစွဲသူများကို ဦးတည်လုပ်ဆောင်ခြင်း (User-led) ရည်မှန်းချက်ကို ဦးတည်လုပ်ဆောင်ခြင်း (Goal-oriented) နှင့် ပြီးပြည့်စုံခြင်း (Aim for Perfection) စသော အချက်များကို စိတ်နှလုံးသွင်းကာ အလေးပေး လုပ်ဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံဈေးကွက်ထဲသို့ဝင်ပြီး ၂ နှစ် အတွင်းတွင် ၉၀ ရာခိုင်းနှုန်းအထိ Awareness ရရှိခဲ့ပြီး ယခုအချိန်တွင် အမြဲတမ်းနှင့် ယာယီ ဝန်ထမ်း ၂,၁၀၀ ကျော်ဖြင့် ပိုမိုကောင်းမွန်တိုးတက်သော ကုမ္ပဏီအနေဖြင့် ရေရှည်တည်တံ့အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO ၏ Key Value တစ်ခုဖြစ်သော Benfen ၏ အရာအားလုံးကို မှန်ကန်စွာလုပ်ဆောင်ခြင်းနှင့် ထုတ်ကုန်များ၏ အရည်အသွေးကို ကောင်းမွန်စွာ ထိန်သိမ်းလုပ်ဆောင်ခြင်းသည် ကုမ္ပဏီ Culture ၏ အဓိကအရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်သည်။ OPPO အနေဖြင့် ၎င်း၏ ထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ရာတွင် ထုတ်ကုန်တစ်ခုချင်းစီ၏ ကင်မရာမှ စ၍ ဒီဇိုင်း စသည့် အသေးစိတ်လေးများကို ဂရုတစိုက်ပြုလုပ်ပြီး စမတ်ဖုန်းတစ်လုံးကို စမ်းသပ်ထုတ်လုပ်သည့်အဆင့်မှ နောက်ဆုံးဖြန့်ဖြူးရောင်းချသည့်အဆင့်အထိ တိကျသေချာသော Test အမျိုးပေါင်း ၁၃၀ ကျော်ကို ကျော်ဖြတ်ပြီး အရည်အသွေး စံချိန်စံညွှန်းနှင့် ပြည့်ဝအောင် ထုတ်လုပ်ဖန်တီးထားခြင်းဖြစ်သည်။ ထို့အပြင် ကောင်းမွန်ပြည့်ဝသော အရည်အသွေးကို ထိန်းသိမ်းနိုင်စေရန် OPPO ထုတ်ကုန်များ၏ ၈၅ ရာခိုင်နှုန်းကျော်ကို OPPO စက်ရုံမှ ထုတ်လုပ်ခြင်း ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO အနေဖြင့် သုံးစွဲသူများကို ဦးတည်လုပ်ဆောင်ခြင်းကြောင့် အောင်မြင်မှုလမ်းကို လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပြီး သုံးစွဲသူများ၏ အလိုနှင့် တောင်းဆိုချက်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်းက နည်းပညာဆန်းသစ်တီထွင်မှုများကို ဖြစ်ပေါ်စေသည်ဟုလည်း ယုံကြည်ထားသည်။ ထို့ကြောင့် သုံးစွဲသူများထံမှ ဂိမ်းဆော့နေစဉ် fps လျော့ကျသည့် Feedback များ ရရှိပြီးနောက် OPPO အနေဖြင့် ကျွမ်းကျင်သူများနှင့် အဖွဲ့တစ်ဖွဲ့တည်ထောင်ကာ ဖြစ်နိုင်ခြေရှိသော CPU Dispatching Optimization ဖြေရှင်းချက်ကို လျင်မြန်စွာဖော်ထုတ်ပေးနိုင်ခဲ့သည်။ ထိုကဲ့သို့ သုံးစွဲသူများ၏ စကားသံများကို နားထောင်လျက် ပြုပြင်ဆောင်ရွက်မှုများကို လျင်မြန်စွာပြုလုပ်ပေးနေသည့်အလျောက် Android Team နှင့် ပူးပေါင်း၍လည်း ColorOS ကို အကောင်းဆုံးတိုးတက်မှုများဖြစ်လာအောင် ဖန်တီး၍ Google နှင့် တစ်ရက်တည်းတွင် မိတ်ဆက်ပေးနိုင်ခဲ့သည်။ သုံးစွဲသူများ၏ ရေရှည်သုံးစွဲမှု အတွေ့အကြုံကို အလေးထားသည့်အတွက်လည်း OPPO မှ Software ပြုပြင်ခြင်းများနှင့် အပိုပစ္စည်း အသင့်ရှိသော ဖုန်းများအတွက် Hardware ပြုပြင်ခြင်းများကို တစ်နာရီအတွင်း လုပ်ဆောင်ပေးသည့် 1 Hour Flash Fix ဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးထားပြီး ၎င်းဝန်ဆောင်မှုသည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှုန်း ၉၇ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့သည်။ ယခု COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် အချိန်အတွင်းမှာလည်း ဖုန်းမော်ဒယ်တိုင်းအတွက် ဖုန်းအခမဲ့ ပိုးသတ်ပေးသည့် ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသည့် အပြင် ပြည်သူများ အထောက်အပံ့ဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာငွေ ကျပ်သိန်း ၂၀၀ ကို လှူဒါန်းပေးခဲ့သည်။
“OPPO Myanmar အနေနဲ့ အခုလို အောင်မြင်တဲ့နေရာ ရောက်လာတာက ဝန်ထမ်း အကုန်လုံးရဲ့ ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းတွေအားလုံးကို မိသားစုလိုပဲ သဘောထားပြီးတော့ နောက်ပိုင်းမှာ ကမ္ဘာကြီးကို အထောက်အကူပြုပြီး ရေရှည်တည်တံ့တဲ့ ကုမ္ပဏီတစ်ခု အနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် အတူတူ ကြိုးစားသွားကြမှာပဲ ဖြစ်ပါတယ်” ဟု OPPO Myanmar AED ၏ CEO ဖြစ်သူ Mr. Peter က ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ဆန်းသစ်တီထွင်မှုကို ရဲရင့်မှုဟု လက်ခံယုံကြည်ထားသည့်အတိုင်း IoT ecosystem သစ်ကို လုပ်ဆောင် နေသည့်အပြင် OPPO ၏ မကြာသေးမီက ပြုလုပ်ခဲ့သော OPPO INNO Day 2020 အခမ်းအနားတွင် Rollable လုပ်နိုင်စွမ်းကို အခြေခံထားသော Handset အမျိုးအစား၊ OPPO AR Glass 2021 နှင့် OPPO CybeReal AR Application တို့ကို နည်းပညာဆန်းသစ်မှုတစ်ခုအနေဖြင့် မိတ်ဆက်ချပြခဲ့သည်။ OPPO ၏ SuperVOOC အမြန်အားသွင်းစနစ်ကို မိတ်ဆက်ကြေညာခဲ့ခြင်းသည်လည်း ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများကို အံ့အားသင့်စေခဲ့ပြီး Algorithm Optimization လုပ်ဆောင်ချက်သည် ဖုန်းဘက်ထရီထဲ လုံခြုံစိတ်ချရသည့် အားသွင်းမှုဖြစ်စေရန် ဖန်တီးပြုလုပ်ပေးမည်ဖြစ်သည်။ ထိုကဲ့သို့ နည်းပညာများအပြင် စမတ်ဖုန်းများ၏ ဒီဇိုင်းနှင့် အရည်အသွေးပိုင်းကိုလည်း အစဉ်အမြဲ တိုးတက်ကောင်းမွန် လာအောင် တီထွင်ဖန်တီးလျက်ရှိပြီး OPPO ၏ ဖုန်းမော်ဒယ်တစ်ခုချင်းဆီကို အဆင်းလှပပြေပြစ်ကာ ပြီးပြည့်စုံမှုကို ရည်ရွယ်ပြီး ဒီဇိုင်းဖန်တီးထားခြင်းဖြစ်၍ ဖုန်းများကို OPPO ၏ မူပိုင် ဒီဇိုင်းပုံစံကို မပျောက်ကွယ်သွားအောင်လည်း သေချာ လုပ်ဆောင်ထားသည်။ OPPO ၏ ဆန်းသစ်တီထွင်မှုနှင့် Quality Policy ကြောင့် စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရရှိ နေခြင်းဖြစ်ပြီး ထူးခြားကောင်းမွန်တဲ့ Brand အဖြစ်ရပ်တည်နိုင်နေခြင်းပင်ဖြစ်သည်။
OPPO မှ မြန်မာနိုင်ငံရှိ သုံးစွဲသူများထံသို့ Find Series, Reno Series, F Series နှင့် A Series များကို မိတ်ဆက်ရောင်းချ ပေးခဲ့ပြီး F Series သည် လူကြိုက်အများဆုံးဖြစ်ကာ “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” ကိုပေးစွမ်းနိုင်သည့် F17 Pro နှင့် F17 ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့ပြီး IoT Devices များဖြစ်သော Smart Watch နှင့် Earbuds များကိုလည်း သုံးစွဲသူများထံ ယူဆောင်ပေးခဲ့သည်။ OPPO ကို စတင်တည်ထောင်သည့်အချိန်မှစ၍ ယခု အချိန်အထိ အားပေးကူညီခဲ့ကြသော Ofans များ၊ Dealers များ၊ စီးပွားရေးမိတ်ဖက်များ၊ OPPO Ambassadors များ၊ Tech Blogger များနှင့် မီဒီယာမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပြီး OPPO ထုတ်ကုန်များနှင့် ပတ်သက်သော အကြံဉာဏ်များအားလုံးကို တန်ဖိုးထားကာ အဆင်မြင့်နည်းပညာများ ဆက်လက်ယူဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။