ထူးခြားသာလွန်တဲ့ Ultra မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ဖွင့်ဟပြလာတော့မယ့် Samsung Galaxy Unpacked July 2025
Samsung Electronics ဟာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကြည်လင်ပြတ်သားတဲ့ ကင်မရာ၊ ပိုမိုအဆင့်မြင့်တဲ့ ဆက်သွယ်ချိတ်ဆက်မှုလုပ်ဆောင်ချက်နဲ့ သုံးစွဲသူတွေအတွက် အမှန်တကယ်လိုအပ်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီပဲဖြစ်ပါတယ်။ Samsung ရဲ့ Galaxy AI ကတော့ သာမာန်ထုတ်ကုန်တွေထက်ကို ကျော်လွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ သုံးစွဲသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကောင်းသထက် ပိုမိုကောင်းမွန်အောင် ကူညီပေးလျက်ရှိတာဖြစ်ပါတယ်။
AI ရဲ့အခန်းကဏ္ဍ ပိုမိုတွင်ကျယ်လာတာနဲ့အတူ မျိုးဆက်သစ် Galaxy ထုတ်ကုန်တွေရဲ့ အလားအလာကို အဆုံးအစွန်ဖွင့်ဟပြနိုင်ဖို့အတွက် AI-powered interface အသစ်နဲ့ ထိပ်တန်းလုပ်ဆောင်ချက်တွေအသုံးပြုနိုင်အောင် ပြုလုပ်ပေးလာမှာဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ တိုးတက်မှုတွေရှိလာတဲ့ Hardware ပိုင်းကိုလည်း တွေ့မြင်ရတော့မှာပါ။
Samsung ရဲ့ အကောင်းမွန်ဆုံးလက်ရာနဲ့ အမြင့်မားဆုံး AI ပေါင်းစပ်မှုတွေပါဝင်လာမယ့် ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Galaxy Foldable အသစ်တွေကိုတော့ မကြာခင်မှာ ပြုလုပ်ပေးသွားတော့မယ့် Galaxy Unpacked July 2025 မှာ မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ Galaxy Unpacked July 2025 ကို ဇူလိုင်လ (၉) ရက်နေ့မှာ အနှစ်သာရပြည့်ဝစွာနဲ့ ထူးခြားတဲ့သမိုင်းရှိတဲ့ ဘရွတ်ကလင်း၊ နယူးယောက် မြို့မှာ ကျင်းပပေးသွားတော့မှာပါ။ ဘရွတ်ကလင်း ဟာ အမျှော်အမြင်ကြီးတဲ့ အတွေးအခေါ်၊ ရဲရင့်တဲ့စိတ်ကူးစိတ်သန်းတွေနဲ့ အနာဂတ်ကောင်းတွေကို ပုံဖော်တဲ့နေရာတစ်ခုဖြစ်တာကြောင့် Samsung ရဲ့ အကောင်းမွန်ဆုံး၊ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေကို မိတ်ဆက်ပေးဖို့အတွက် အသင့်လျှော်ဆုံး နေရာတစ်ခုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

Image: Samsung
နောက်ဆုံးပေါ် Galaxy ဆန်းသစ်တီထွင်မှုတွေနဲ့ Galaxy Unpacked July 2025 ပွဲကြီးရဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ Ultra အခိုက်အတန့်ကို ကိုယ်တိုင်တွေ့ကြုံခံစားရဖို့အတွက်ကိုလည်း ဇူလိုင်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီခွဲမှာ Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube channel တို့မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးမယ့် Samsung Galaxy Unpacked LIVE ကနေ စောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Galaxy Unpacked LIVE ကို ကြည့်ရှုဖို့အတွက် ဒီ လင့်ခ် (http://smsng.co/samsung-q7b7-hr-media) မှာ စာရင်းပေးသွင်းရင်း Galaxy Fit3 (၅) လုံးနဲ့၊ ပထမဆုံး Flagship ဖုန်းအသစ်ဝယ်ယူသူ အယောက် (၁၀၀၀) အတွက် 45W Original Travel Adapter ပိုင်ဆိုင်ခွင့်တွေကို ကံထူးနိုင်မယ့် အခွင့်အရေးတွေလည်း ရရှိနိုင်မှာပါ။
Galaxy Unpacked July 2025 နဲ့ Samsung ကနေ အသစ်ထွက်ရှိမယ့် Galaxy ထုတ်ကုန်အသစ်တွေနဲ့ ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar Facebook Page မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။