ငွေကျပ် သိန်း ၁ ထောင်တန်ဖိုးရှိ ဆုလက်ဆောင်များ ပေးအပ်သွားမည့် ၂၀၂၃ ခုနှစ် အတွင်း Samsung ၏ အကြီးမားဆုံးသော “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း အစီအစဥ်

Samsung Myanmar မှ အသုံးပြုသူ ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း အစီအစဥ်အား အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း တစ်လတာလုံး ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။ ဤအစီအစဥ်သည် ၂၀၂၃ ခုနှစ်အတွင်းကျင်းပပြုလုပ်သည့် Samsung Myanmar ၏ အကြီးမားဆုံးသော ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပြီး အထူးအစီအစဥ်များအနေဖြင့် သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများအပြင် စုစုပေါင်း ငွေကျပ်သိန်း ၁ ထောင်တန်ဖိုးရှိ ငွေသားဆုလက်ဆောင် (Cashback) များစွာကို Samsung ထုတ်ကုန် ဝယ်ယူအသုံးပြုသူများထံသို့ ပေးအပ်သွားမည်ဖြစ်သည်။

Samsung Electronics ၏ သတ်မှတ်ထားသော ထုတ်ကုန်များဖြစ်သည့် ဖုန်း၊ Tablet၊ Wearable ပစ္စည်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ပရိုမိုးရှင်းကာလဖြစ်သည့် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း ဝယ်ယူအားပေးသူများအနေဖြင့် အဆိုပါ “ရင်ထဲကသီတင်းကျွတ်” အထူးပရိုမိုးရှင်းတွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။ ဝယ်ယူထားသည့် ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၇ သိန်းအထိ သက်သာခွင့်ရရှိမည့် ငွေသားဆုလက်ဆောင် (Cashback) များနှင့် သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အပြင် ထပ်ဆောင်းအထူးအခွင့်အရေးအဖြစ် ကျပ်သိန်း ၁၀၀ (၁) ဆု၊ ကျပ်သိန်း ၅၀ (၄) ဆု၊ ကျပ် ၁၀ သိန်း (၇၀) ဆု အစရှိသဖြင့် ပါဝင်သည့် စုစုပေါင်း ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ ငွေသားလက်ဆောင် ၇၅ ဆုကို ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် ယခုအစီအစဥ်သည် Samsung ၏ နောက်ဆုံးထွက် ထုတ်ကုန်သစ်များဖြစ်သည့် Galaxy Z Flip5 နှင့် Z Fold5 တို့ဝယ်ယူခြင်းအတွက် Samsung နှင့် Yangoods တို့ အထူးပူးပေါင်းဖန်တီး ထုတ်လုပ်ထားသည့် Exclusive Yangoods Mini Bag အပြင် ထုတ်ကုန်သစ်များအတွက် ပထမဦးဆုံးအကြိမ်အဖြစ် ငွေသားလက်ဆောင် Cashback ၅ သိန်းကျပ်အထိ ပြန်လည်ပေးအပ်သွားမည့် အသုံးပြုသူများ လက်မလွှတ်သင့်သော အတန်ဆုံးအစီအစဥ်တစ်ခု ဖြစ်သည်။ အလားတူပင် အိမ်သုံးပစ္စည်းဝယ်ယူသူများအတွက်လည်း ငွေကျပ်သိန်း ၂၅ သိန်းတန်ဖိုးရှိ  Sound Bar၊ ငွေကျပ် ၆ သိန်းအထိ ငွေသားလက်ဆောင် အပါအဝင် အခြားအထူးဆုလက်ဆောင်များစွာ ပြန်လည်ပေးအပ်သွားမည့် အစီအစဥ်တစ်ခုလည်းဖြစ်သည်။

Image: Samsung

“ကျွန်တော်တို့ Samsung Myanmar အနေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် အစဥ်တစိုက်အားပေးလာတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတုံ့ပြန်ချင်တဲ့အတွက် အခုလို Cashback တွေ၊ ဆုလက်ဆောင်တွေ ပါဝင်တဲ့ အစီအစဥ်ကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ငွေကျပ် သိန်း ၁ ထောင် တန်ဖိုးရှိတဲ့ ဆုပေါင်း ၇၅ ဆုအထိ ပေးသွားမှာဖြစ်လို့ ကံထူးနိုင်ဖို့ အခွင့်အလမ်းအများကြီးရှိတဲ့အတွက် အားပေးသူ ပရိတ်သတ်တွေအနေနဲ့ အစီအစဥ် ပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်နောင်မှာလည်း ဒီထက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းအစီအစဥ်တွေကို အစဥ်ပေးအပ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါမယ်လို့ Samsung Electronics ရဲ့ ကိုယ်စား ပြောကြားလိုပါတယ်။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းမှ ပြောကြားခဲ့ပါသည်။

သီတင်းကျွတ်အခါသမယတွင် Samsung ထုတ်ကုန်များအား အသက်သာဆုံးဈေးနှုန်းများဖြင့် ဝယ်ယူပြီး ချစ်ခင်ရသူများအား ပေးအပ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်သည့် “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း၏ ကံထူးသူများအား နိုဝင်ဘာလအတွင်း Samsung Myanmar Facebook Page မှ တစ်ဆင့် Live လွှင့်၍ မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သဖြင့် ပရိုမိုးရှင်းကာလအတွင်း Samsung ထုတ်ကုန် ဝယ်ယူထားသူများအနေဖြင့် samsungthrowbackthadingyut.com သို့ ဝင်ရောက် ပါဝင်ကံစမ်းနိုင်ပါသည်။

အသေးစိတ်အချက်အလက်များနှင့် စည်းမဥ်းစည်းကမ်းများအား နီးစပ်ရာ Samsung အရောင်းဆိုင်များ၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာနှင့် Samsung Myanmar ၏ Call Center တို့တွင် ဝင်ရောက်ကြည့်ရှုမေးမြန်းသွားနိုင်မည်ဖြစ်သည်။