နောက်ဆုံးပေါ် နည်းပညာများပါဝင်လာတဲ့ Galaxy Tab S9 Series တက်ဘလက်များနဲ့ Galaxy Watch6 Series နာရီများကို အထူးအကျိုးခံစားခွင့်များနဲ့ ကြိုတင် Pre-Order မှာယူနိုင်ပြီ

Samsung Galaxy Unpacked အခမ်းအနားကြီးမှာ အကောင်းဆုံးသော ရုပ်ထွက်အရည်အသွေးနဲ့ စိတ်ကြိုက်တီထွင်ဖန်တီးနိုင်စွမ်းများကို ပေးစွမ်းသွားမယ့် စွမ်းဆောင်ရည်မြင့် Galaxy Tab S9 Series တက်ဘလက်များနဲ့ ကျစ်လစ်လှပတဲ့ ဒီဇိုင်းနဲ့ ပိုမိုအဆင့်မြင့်လာတဲ့ အကောင်းမွန်ဆုံး Galaxy လုပ်ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy Watch6 Series နာရီများကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Image: Samsung

ထူးခြားပြောင်မြောက်တဲ့ဖန်တီးမှုတွေကို အဆုံးအစမဲ့ဖန်တီးနိုင်မယ့် Galaxy Tab S9, S9+ နဲ့ S9 Ultra မော်ဒယ်သုံးမျိုးလုံးဟာ စိတ်ကြိုက်တီထွင်ဖန်တီးချင်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ လုပ်ငန်းခွင်မှာ လုပ်ဆောင်နိုင်စွမ်းတိုးတက်ဖို့ အသုံးပြုချင်သူတွေအတွက်သာမက ဖျော်ဖြေရေးနဲ့ ဂိမ်းအတွက်ပါ သုံးစွဲသူအားလုံးကို အကောင်းမွန်ဆုံးအတွေ့အကြုံတွေ အချိန်နေရာမရွေး ပေးစွမ်းဖို့အတွက် တီထွင်ဖန်တီး ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Galaxy Tab S9 စီးရီး မော်ဒယ်အားလုံးအပြင် ပိုမိုအဆင့်မြင့်လာတဲ့ S Pen အသစ်တွေမှာပါ IP68 အဆင့်သတ်မှတ်ချက် ပါဝင်လာလို့ ကမ္ဘာ့ပထမဆုံး ရေစိုခံတဲ့ Premium တက်ဘလက်တွေလည်း ဖြစ်လာပါ တယ်။

Image: Samsung

Galaxy Tab S9 Series တက်ဘလက်တွေမှာ ရွေးချယ်စရာ Cream နဲ့ Graphite အရောင်နှစ်ရောင်ရှိပြီး အရွယ်အစား အားဖြင့် Galaxy Tab S9 Ultra ကို ၁၄.၆ လက်မ၊ Tab S9+ ကို ၁၂.၄ လက်မနဲ့ Tab S9 ကိုတော့ ၁၁ လက်မ တို့နဲ့ ရရှိနိုင်မှာပါ။ စျေးနှုန်းအားဖြင့်ကတော့

  • Galaxy Tab S9 Ultra ကို ငွေကျပ် ငွေကျပ် ၄,၆၁၉,၀၀၀၊
  • Tab S9+ ကို ငွေကျပ် ၃,၉၃၅,၀၀၀ နဲ့
  • Tab S9 ကိုတော့ ငွေကျပ် ၃,၂၄၉,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်မှာပဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကနေ ဩဂုတ်လ ၁၇ ရက်နေ့အတွင်း ကြိုတင် preorder မှာ ဝယ်ယူသူတိုင်းကိုလည်း ငွေကျပ် ၄ သိန်း ၅ သောင်း အထိ တန်ဖိုးရှိတဲ့ Keyboard Cover Silm ကို ပြန်လည်ပေးအပ်ပေးသွားဦးမှာ ဖြစ်ပြီး အသစ်ထွက်ရှိထားတဲ့ Foldable စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Flip5 နဲ့ Galaxy Z Fold5 တို့နဲ့ အတူ မှာယူမယ်ဆိုရင်တော့ အထူးလျှော့စျေး ငွေကျပ် ၁ သိန်း ကိုလည်း ထပ်မံပေးအပ်သွားဦးမှာပဲဖြစ်ပါတယ်။ လက်ရှိကိုင်ဆောင်ထားတဲ့ စမတ်ဖုန်း၊ တက်ဘလက် စတာနဲ့ လဲလှယ်လိုသူများအတွက် ငွေကျပ် ၄၅၀,၀၀၀ တန်ဖိုးရှိ Trade-in discount ပေးသွားမှာဖြစ်တဲ့အပြင် ကျောင်းသူကျောင်းသားများအတွက် လည်း Student Discount ၅ သောင်းကျပ် လျှော့စျေးပေးသွားဦးမှာပါ။ ဒါတင်မကပဲ ၆လအထိ အတိုးမဲ့ အရစ်ကျစနစ် (0% interest installment) ဖြင့် ဝယ်ယူနိုင်ဦးမယ့်အပြင် Samsung Care+ ဝန်ဆောင်မှုမှတစ်ဆင့် မတော်တဆ ဖုန်း Main screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၇၀% သက်သာခွင့်၊ ဖုန်း Cover Screen နှင့် Screen Protector ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၁၀၀% သက်သာခွင့် စတဲ့ အထူး ဝန်ဆောင်မှုများ စတဲ့ ကြိုတင်မှာယူမှုကာလ အတွင်းမှာသာရရှိနိုင်တဲ့ အထူးအကျိုးခံစားခွင့်များစွာ ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Image: Samsung

Galaxy Watch6 နဲ့ Watch6 Classic နာရီအသစ်များကတော့ ပိုမိုကြီးမားလာတဲ့ မျက်နှာပြင်၊ ပိုမိုပါးလွှာတဲ့ ဘေးဘောင်နဲ့ အဆင့်မြှင့်တင်ပေးထားတဲ့ ရုပ်ထွက် တွေကြောင့် မျက်နှာပြင်ကို ကြည့်ရှု အသုံးပြုရတာ ပိုမို အဆင်ပြေလွယ်ကူလာပြီး ဒီဇိုင်းပိုင်းမှာလည်း ပိုမိုကျစ်လစ်လှပမှု ရှိလာပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ ဖြုတ်၊ တပ်လို့ ရတဲ့ One-Click Band လက်ပတ်ကြိုးကိုလည်း အသုံးပြုထားတဲ့ အတွက် နာရီလက်ပတ်ကြိုးများ ပြောင်းလဲရာမှာလည်း လွယ်ကူမြန်ဆန်စေပါတယ်။

Galaxy Watch6 Series မှာ အသုံးပြုသူရဲ့ အိပ်စက်နေချိန်တစ်လျှောက် ဖြစ်ပေါ်နေတဲ့ ကျန်မာရေးဆိုင်ရာ အခြေအနေ နဲ့ အမူအကျင့်များကို တိုင်းတာပေးနေတဲ့ Sleep Coaching၊ ပုံမှန်အချိန်ကစပြီး လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တစ်လျှောက် ဖြစ်ပေါ်နေတဲ့ နှလုံးခုန်နှုန်းအဆင့်ဆင့် ကို အဆင့် ၅ ဆင့်နဲ့ တိုင်းပြီး သွေးလည်ပတ်မှုနဲ့ နှလုံးကျန်းမာရေးအခြေအနေတွေကို စောင့်ကြည့်လမ်းညွှန်ပေးမယ့် Personalized Heart Rate Zone၊ မိမိခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမားရေး အခြေအနေများဖြစ်တဲ့ အဆီထုထည် ရေဓါတ်ပမာဏ နှင့် ကြွက်သား အခြေအနေ တို့ကို ၁၅ စက္ကန့် အတွင်း သိရှိနိုင်မယ့်  Body Composition အစရှိတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် လုပ်ဆောင်ချက်တွေ အပါအဝင် အလုံးစုံသော ကျန်းမာရေးဆိုင်ရာ အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်လာပါတယ်။

Image: Samsung

Galaxy Watch6 Classicကို ရွေးချယ်စရာ Black, Silver အရောင်နှစ်မျိုးနဲ့ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၄၇ မီလီလီတာ မျက်နှာပြင်နဲ့ မော်ဒယ်ကို ငွေကျပ် ၁,၂၇၅,၀၀၀၊ ၄၃ မီလီလီတာ မျက်နှာပြင်နဲ့ မော်ဒယ်ကို ငွေကျပ် ၁,၁၈၅,၀၀၀နဲ့ ရရှိနိုင်မှာပါ။

Galaxy Watch6 ကိုတော့ Graphite, Silver, Graphite, Gold စသဖြင့် ရွေးချယ်စရာ အရောင်များ ရှိမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၄၄ မီလီလီတာ မျက်နှာပြင်နဲ့ မော်ဒယ်ကို ငွေကျပ် ၉၇၉,၀၀၀၊  ၄၀ မီလီလီတာ မျက်နှာပြင်နဲ့ မော်ဒယ်ကို ငွေကျပ် ၈၈၉,၀၀၀နဲ့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Image: Samsung

ကြိုတင် မှာယူဖို့အတွက် Eco Bundle Promotion အနေနဲ့ အသစ်ထွက် Foldable စမတ်ဖုန်းတစ်လုံးနှင့် Galaxy Watch6 (သို့)  Buds2 Pro ၂ ခုတွဲပြီး မှာယူမယ်ဆိုရင် ၂၅% သက်သာခွင့်ရရှိမှာဖြစ်ပြီး၊ အသစ်ထွက် Foldable ဖုန်း၊ Galaxy Watch6 နဲ့ Buds2Pro ၃ ခုတွဲ ဝယ်ယူမည်ဆိုရင်တော့ ၃၅% သက်သာခွင့် စတဲ့ အထူးလျှော့ဈေးတွေ ကိုလည်း ပေးသွားဦးမှာပဲ ဖြစ်ပါတယ်။

တက်ဘလက်၊ ဖုန်းနဲ့ နာရီများရဲ့ Pre-order စျေးနှုန်းများမှာပြောင်းလဲမှုရှိနိုင်သော်လည်း Pre-order မှာယူခဲ့တဲ့ စျေးနှုန်းအတိုင်း pick up လုပ်ချိန်မှာ ပေးချေနိုင်မှာဖြစ်တဲ့အတွက် အသက်သာဆုံးစျေးနှုန်းနဲ့ အထူးအကျိုးခံစားခွင့် တွေရဖို့ အမြန်ဆုံး pre-order တင်ထားနိုင်ပါတယ်။

Preorder တင်ရန် –    https://bit.ly/3Qfdn0a

အသေးစိတ်ကိုတော့ https://www.samsung.com/mm/မှာလည်း ကြည့်ရှုနိုင်ပါတယ်။