Samsung ရဲ့ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းတွေကို ‘A Galaxy Mania’ အခမ်းအနားကြီးနဲ့အတူ စတင်မိတ်ဆက်

Samsung Electronics Co., Ltd ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy A54, Galaxy A34 နဲ့ Galaxy A14 စမတ်ဖုန်းတွေကို ‘A Galaxy Mania’ အခမ်းအနားကြီး နဲ့အတူ မတ်လ ၂၅ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

Image: Samsung

ရန်ကုန်မြို့၊ Junction Square Outdoor Area မှာ တစ်ရက်တာလုံး ကျင်းပပြုလုပ်ခဲ့တဲ့ ဒီ ‘A Galaxy Mania’ အခမ်းအနားကြီးကို ပရိသတ်‌ပေါင်းများစွာ လာရောက် ကြည့်ရှုအားပေးခဲ့ကြပြီး Team Galaxy အဖွဲ့ဝင်များနဲ့ Tech Bloggers တွေရဲ့ စကားရည်လုပွဲနဲ့ ဂိမ်းကစားမှုအစီအစဉ်တွေ၊ ပရိသတ်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်တဲ့ Gaming Challenge တွေ၊ K Pop အကပြိုင်ပွဲတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ‘A Galaxy Mania’ အခမ်းအနားကြီးကို တက်ရောက်လာတဲ့ ပရိသတ်တွေ အနေနဲ့လည်း Samsung Myanmar က စီစဉ်ပေးထားတဲ့ စိတ်လှုပ်ရှားစရာ Galaxonic, K Pop Mania, Water World နဲ့ Galaxy Challenge အစရှိတဲ့ Booths တွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆော့ကစားပြီး ဆုလက်ဆောင်တွေကို ရယူနိုင်ခဲ့ပါတယ်။ ‘A Galaxy Mania’ အခမ်းအနားကြီးမှာ စိတ်လှုပ်ရှားစရာ ‘Gaming Challenge’ နဲ့ ‘K Pop အကပြိုင်ပွဲ’ တွေကိုလည်း ကျင်းပပြုလုပ်ပေးခဲ့ပြီး တက်ရောက်လာတဲ့ ပရိသတ်များစွာက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Image: Samsung

မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ အဆင့်မြင့် Galaxy A54 နဲ့ Galaxy A34 စမတ်ဖုန်းသစ် ၂ လုံးအပြင် ကြီးမားကျယ်ပြန့်တဲ့ ၆.၆” FHD+ မျက်နှာပြင်၊ တစ်ရက်တာထက် ပိုပြီး အသုံးခံတဲ့ 5,000 mAh ဘက်ထရီ၊ အဆင့်မြှင့်တင်ထားတဲ့ 13 MP Selfie ကင်မရာနဲ့ အမိုက်စား ကျောဖက် ကင်မရာ ၃ လုံး ပါရှိပြီး ဈေးနှုန်းပိုမို သက်သာတဲ့ နောက်ဆုံးပေါ် Galaxy A14 စမတ်ဖုန်း သစ်ကိုလည်း ‘A Galaxy Mania’ အခမ်းအနားကြီးမှာ Samsung Myanmar က မိတ်ဆက်ပေးခဲ့ပါတယ်။

Galaxy A14 စမတ်ဖုန်းတွေကို လူငယ်ဆန်ပြီး ဒီဇိုင်းကျနလှပတဲ့ Silver, Black နဲ့ Dark Red အရောင် ၃ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူသွားနိုင်မှာ ဖြစ်ပြီး 6 / 128 GB အမျိုးအစား အတွက် မြန်မာငွေကျပ် ၆၂၅,၀၀၀၊ 4 / 128 GB အမျိုးအစား အတွက် မြန်မာငွေကျပ် ၅၇၉,၀၀၀ နဲ့ 4 / 64 GB အမျိုးအစားအတွက် မြန်မာ‌ငွေကျပ် ၅၃၅,၀၀၀ တို့နဲ့ အသီးသီး ဝယ်ယူသွားနိုင်မှာ ဖြစ်ပြီး ဝယ်ယူအားပေးတဲ့ Samsung ချစ်သူတွေ အတွက် Samsung Myanmar ကနေ ဖုန်းကာဗာ၊ ကျောပိုးအိတ်နဲ့ နားကြပ်လက်ဆောင်တွေကို မေတ္တာလက်ဆောင် အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းတွေကို ဝယ်ယူအားပေးသူတွေအနေနဲ့ CB Bank Credit Card နဲ့ AYA Pay တို့ကို အသုံးပြုပြီး အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှု၊ Galaxy A14 စမတ်ဖုန်းများ အတွက် ဝယ်ယူသည့်နေ့မှ ၆ လအထိနဲ့ Galaxy A34 5G / Galaxy A54 5G စမတ်ဖုန်းများအတွက် ဝယ်ယူသည့်နေ့မှ ၁၂ လ အထိ Samsung Care+ Premium ဝန်ဆောင်မှု (ရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာမှာ ပစ္စည်းနဲ့လက်ခ ၅၀% သက်သာခွင့်) အစရှိတဲ့ အထူးအကျိုးခံစားခွင့်နဲ့ မေတ္တာလက်ဆောင် တွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Image: Samsung

မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် Galaxy A54 5G နဲ့ Galaxy A34 5G စမတ်ဖုန်းတွေကို လည်း မြန်မာနိုင်ငံ တစ်ဝန်းမှာ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ကြိုတင်မှာယူသွားနိုင်မှာ ဖြစ်ပြီး Galaxy A34 5G စမတ်ဖုန်းအတွက် Original Card Slot Cover နဲ့ Travel Adapter၊ Galaxy A54 5G စမတ်ဖုန်းအတွက် Original Silicone Grip Cover နဲ့ Travel Adapter တွေကိုလည်း Pre -Order လက်ဆောင်တွေအဖြစ် အသီးသီး ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထူးအကျိုးခံစားခွင့်အဖြစ် ဘန်ကောက်မှာ ကျင်းပမယ့် ၆ သိန်းတန် Blackpink World Tour (Born Pink) လက်မှတ်အစောင် ၂၀ ကိုလည်း ကံစမ်းခွင့်ရရှိသွားမှာ ဖြစ်ပြီး Online ကနေ Pre-Order မှာယူသူတွေ အနေနှင့်လည်း Samsung Vacuum Cleaner နဲ့ Microwave ဆုပေါင်း (၂၀) ကိုလည်း ထပ်ဆောင်းကံစမ်း ရယူသွားနိုင်မှာပါ။

ဒါ့အပြင် Galaxy A34 5G နဲ့ Galaxy A54 5G စမတ်ဖုန်းတွေကို အဟောင်းပေး အသစ်ယူ အစီအစဥ်နဲ့ လက်ရှိကိုင်ဆောင် ထားတဲ့ Samsung Galaxy ဖုန်းများ (Galaxy A32 နှင့်အထက် စမတ်ဖုန်းများ) နဲ့လည်း လဲလှယ်ဝယ်ယူသွားနိုင်မှာဖြစ်ပြီး ထပ်ဆောင်းအပိုလက်ဆောင်အဖြစ် Galaxy A54 5G စမတ်ဖုန်း ဝယ်ယူသူများ အတွက် မြန်မာငွေကျပ် ၁၅၀,၀၀၀ နဲ့ Galaxy A34 5G စမတ်ဖုန်းများ ဝယ်ယူသူများအတွက် မြန်မာငွေကျပ် ၁၀၀,၀၀၀ အသီးသီး ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်။