Samsung Myanmar မှ Samsung Innovation Campus 2024 (AI Hackathon) ပြိုင်ပွဲနဲ့ Galaxy Campus Friends 2.0 အစီအစဉ် တို့မှာ အနိုင်ရရှိခဲ့သူလူငယ်များကို ဆုချီးမြင့်ပေးအပ်ပြီး “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကိုလည်း မိတ်ဆက်ပေးခဲ့

Samsung Myanmar မှ မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးလျက်ရှိတဲ့  Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ် နဲ့ Galaxy Campus Friends 2.0 အစီအစဉ်တို့ကနေ အနိုင်ရရှိသူလူငယ်များ ပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ အနိုင်ရရှိသူများကို ရွေးချယ်ကြေငြာပြီး ဆုချီးမြှင့်ပေးအပ်တဲ့အခမ်းအနားကြီးကိုတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ထိရုံနဲ့ မြန်ဆန်စွာပွင့်တဲ့ Side Fingerprint နဲ့ လုံခြုံရေးအပိုင်းကို အဆင့်မြှင့်ပေးထားသလို ပိုမိုပေါ့ပါးလာတဲ့ “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကိုပါ မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကြီးကို Galaxy Campus Friends 2.0 အစီအစဉ်မှာ ပါဝင်အားဖြည့်ပေးခဲ့တဲ့ Professional Content Creators တွေဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs)၊ Samsung Innovation Campus 2024 (AI Hackathon) ရဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ Judges များ၊ Mentors များ၊ အဆိုပါအစီအစဉ်များမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်များ၊ စာနယ်ဇင်းမိတ်ဆွေများ၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်များနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Image: Samsung
AI ကို စိတ်ဝင်စားသူ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကို ပါဝင်ခွင့်ရဖို့ စာရင်းပေးသွင်းသူ အယောက် (၆၀၀) ကျော်အထိ ရှိခဲ့တာဖြစ်ပြီး အရွေးချယ်ခံရလူ လူငယ်အယောက် (၅၀) ဟာ စာသင်ချိန် နာရီ ၄၀ ကြာ အခမဲ့ AI Comprehensive Training ကို တက်ရောက်ခွင့်ရခဲ့ကြတာပါ။ Training ပြီးဆုံးချိန်မှာတော့ AI Hackathon ပြိုင်ပွဲကြီးမှာ အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ကြပြီး AI နည်းပညာ အသုံးပြုကာ အစားအသောက်၊ အလှအပ၊ ပညာရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှာ ပတ်ဝန်းကျင်နဲ့ လူမှု့အဖွဲ့အစည်းအတွက် အထောက်အကူဖြစ်စေမယ့် Apps၊ Projects များကို အကြိတ်အနယ် ဖန်တီးယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Image: Samsung
AI Hackathon ပြိုင်ပွဲကြီးမှာ (၃) ရက်ဆက်တိုက် ယှဉ်ပြိုင်မှုအပြီးမှာတော့ Samsung Myanmar ကနေ ပေးအပ်ချီးမြင့်တဲ့ Prize Pool ကျပ်သိန်း (၆၀) ကျော် တန်ဖိုးရှိ ဆုများကို အောက်ပါအဖွဲ့များက ရရှိသွားခဲ့တာပါ။
  • IT Pout Sa အဖွဲ့က သစ်သီးဝလံတွေ လတ်ဆတ်မှုရှိမရှိ AI Model နဲ့ ဖော်ပြပေးမယ့် Freshify Project နဲ့ ပထမဆု ကျပ်သိန်း (၃၀) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
  • IntelliGuides အဖွဲ့ကတော့ Public Health and Safety ကို တိုးတက်စေပြီး Human-to-human Interaction ကို လျှော့ချပေးနိုင်မယ့် Food Delivery Project နဲ့ ဒုတိယဆု ကျပ် သိန်း (၂၀) ရယူနိုင်ခဲ့တာဖြစ်ပြီး၊
  • Neepanyar Pouthpaw အဖွဲ့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အထောက်အကူဖြစ်စေမယ့် Healthy Foods အကြံပေးနိုင်မယ့် Sarrmal (Food Recommender and Calorie Analyzer) Project နဲ့ တတိယဆု ကျပ် (၁၀) သိန်းတို့ကို အသီးသီး ရရှိခဲ့ကြပါတယ်။
 
Image: Samsung
ပထမဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ IT Pout Sa အဖွဲ့က “Winner ဆုကို ရတဲ့အတွက် အတိုင်းမသိဝမ်းသာရပြီးတော့ ဒီလိုမျိုးပွဲကိုကျင်းပပေးတဲ့ Samsung နဲ့ အဖက်ဖက်ကနေ ပွဲတစ်လျှောက်လုံး Supportပေးခဲ့တဲ့ Organizers၊  Instructors၊ Mentors နဲ့ Judgesတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့  Ideas တွေကို မျှဝေနိုင်ခဲ့ပြီးတော့ ဒီလိုဆုကိုပါရရှိနိုင်ခဲ့လို့လည်း အားရပီတိဖြစ်ပါတယ်။ နောက်နောင်မှာလည်း AI နည်းပညာနဲ့ ဒီလို Systemတွေ ဖန်တီးပြီးတော့ SDGs တွေနဲ့ Community Development မှာ ဆက်လက်ပါဝင်သွားပါမယ်။” လို့  ပြောပါတယ်။
“အခုလို 1st Runner Up ကို ရရှိခဲ့လို့ တော်တော်လေး ဝမ်းသာမိပါတယ်။ ကျွန်တော်တို့လို လူငယ်တွေကို အခွင့်လမ်းတွေပေးပြီး Career Development ကို အထောက်ကူဖြစ်အောင် အဓိက ကူညီပံ့ပိုးပေးခဲ့တဲ့ Samsung၊ Myanmar Cyber Youth နဲ့ Tee Htwin တို့နဲ့အတူ Judges တွေ၊ Mentors တွေ နဲ့ အဘက်ဘက်က ကူညီပံ့ပိုးပေးခဲ့တဲ့ သူတွေအားလုံးကို အထူး ကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Team Member တွေနဲ့အတူ AIကို အသုံးပြုပြီး လူသားတွေကို အကျိုးပြုစေမယ့် နည်းပညာတွေကို အကောင်းဆုံး ဆက်လက်ပြီးလုပ်ဆောင်ပေးသွားပါဦးမယ်” လို့ IntelliGuides အဖွဲ့ကလည်း ပြောပါတယ်။
Image: Samsung
“Experience တွေအများကြီးရခဲ့သလို Skills တွေလည်းတိုးစေတဲ့ ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဆုရခဲ့ပါတယ်။ နေ့မနား ညမနားကြိုးစားခဲ့ကြတဲ့ အသင်းသားတွေရော ပွဲဖြစ်မြောက်အောင် ကြိုးစားအားထုတ်သူတွေအားလုံးတိုင်းကို အထူးကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီလိုမျိုး program တွေမှာပါ၀င်ကာ AI ကိုအသုံးချပြီး လူသားအကျိုးပြုနည်းပညာတွေကို ဆက်လက်ကြိုးစားလုပ်ဆောင်သွားပါမယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်။” လို့ Neepanyar Pouthpaw အဖွဲ့ကလည်း သူတို့ရဲ့ ရင်တွင်းစကားကို မျှဝေခဲ့ပါတယ်။
Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကြီးကို Samsung Myanmar နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin – CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ကာ (၃) လကြာ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ပါဝင်ခွင့်ရသူ လူငယ်များ အတွက် စွမ်းဆောင်ရည်များပိုမိုကောင်းမွန်စေခဲ့သလို၊ အခွင့်အလမ်းနဲ့ အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Image: Samsung
 
Galaxy Campus Friends 2.0 အစီအစဉ်ကိုတော့ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ပြုလုပ်ပေးလျက်ရှိတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒုတိယအကြိမ် အနေနဲ့ ကျင်းပနိုင်ခဲ့တာပါ။ “Open Your Universe” ခေါင်းစဉ်နဲ့ မိမိ အိပ်မက်တွေကို ချပြရင်း ပြိုင်ပွဲအစီအစဉ်အဆင့်ဆင့်ကို ပါဝင်ခဲ့ကြတဲ့ လူငယ်များထဲကနေ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Winner (၅) ဦး ထွက်ပေါ်ခဲ့ပါတယ်။ Creative Content ကောင်းတွေဖန်တီးပြီး မိမိ Idea ကို ကောင်းမွန်စွာချပြရင်း လူအများနှစ်သတ်အားပေးမှု Voting များကိုရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ အနိုင်ရရှိသူများကတော့ လင်းထက်အောင်၊ ကောင်းခန့်ကျော်၊ သီရိထက်ထက်ဦး၊ ရွှန်းရတီ နဲ့ ထွဋ်အိန္ဒြေအောင် (Emilie) တို့ပဲဖြစ်ပါတယ်။
Galaxy Campus Friends 2.0 အစီအစဉ်မှာ အနိုင်ရရှိခဲ့သူ လူငယ် (၅) ဦးက မိမိခံယူချက်နဲ့ အားပေးစကားများကိုလည်း အောက်ပါအတိုင်း မျှဝေပေးခဲ့ကြပါသေးတယ်။
  • “ကိုယ့်အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အစွမ်းကုန်ကြိုးစားပါ။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမှာတွေကို မကြောက်ပါနဲ့။” လို့ လင်းထက်အောင် ကပြောပြခဲ့ပြီး၊
  • “ဘာပဲလုပ်လုပ် လက်မလျော့လိုက်ပါနဲ့။ ဆက်လုပ်ပါ။  ကျွန်တော်ကိုယ်တိုင်လည်း ဘာတွေဖြစ်နေနေ လုပ်စရာရှိတာကို ဆက်လုပ်ပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အကောင်ထည်ဖော်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့ပါတယ်။” လို့ ကောင်းခန့်ကျော် ကလည်း မျှဝေပေးခဲ့ပါတယ်။
  • သီရိထက်ထက်ဦးကတော့ “ကိုယ့်ကိုကိုယုံကြည်မှုရှိပြီး မလျှော့တဲ့ဇွဲနဲ့ ကြိုးစားရင် ဘာမဆိုအောင်မြင်နိုင်တာမို့ Dream big, work hard and embrace the journey. This Win presents the power of Hard work and Passion လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
  • “ရည်မှန်းချက်ဆိုတာ တစ်ခုတည်းထားစရာမလိုအပ်ပါဘူး။ ကိုယ်ရည်မှန်းထားတဲ့အရာတွေဆီ ဇွဲမလျှော့ပဲ ရဲရဲဝံ့ဝံ့လျှောက်လှမ်းလိုက်ပါ တစ်ချိန်ချိန်မှာတော့ အောင်မြင်မှုတွေဆီ အရောက်လှမ်းနိုင်ကြမှာပါ။” လို့ ရွှန်းရတီ က မျှဝေပေးခဲ့ပြီး၊
  • ထွဋ်အိန္ဒြေအောင် (Emilie) ကတော့ “Content creator ကောင်းကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ညီမအတွက် အထောက်အကူ ဖြစ်စေမဲ့ Samsung Galaxy Campus Friends 2.0 Program ရဲ့ Campus Ambassador တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဘဝရဲ့ ပျော်ရွှင်စရာ မှတ်တိုင် တစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ content တွေကို လေ့လာဖန်တီးချင်ပါတယ်။ ဒီ program ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ Samsung Galaxy Campus MM ကို ကျေးဇူးတင်ပါတယ်။“ လို့ ကျေးဇူးတင်စကားကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
 
Image: Samsung
အခုလို Galaxy Campus Friends 2.0 အစီအစဉ်မှာ အနိုင်ရရှိနိုင်ဖို့ ပထမအဆင့် ယှဉ်ပြိုင်မှုကနေ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်မှုထဲ ပါဝင်နိုင်ဖို့ကြိုးစားခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ Professional Content Creator တွေ ဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs) နဲ့ Lwin Gyi (Do Something Plz) တို့ရဲ့ Workshop session နဲ့ Interview အစီအစဥ်တို့ကို တက်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုမှာ အရွေးချယ်ခံရဖို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြရတာပါ။
ဆုပေးပွဲအခမ်းအနားကြီးမှာတော့ Galaxy Campus Friends 2.0  မှာ အနိုင်ရရှိခဲ့သူ လူငယ် (၅) ဦးကို Samsung Galaxy A35 ဖုန်း (၁) လုံး၊ Galaxy Campus Friend Winner Certificates၊ Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃)လတိတိ Samsung နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် တို့ကို ပေးအပ်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေ ရရှိသွားမှာဖြစ်ပါတယ်။
စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များစွားနဲ့ ကျင်းပခဲ့တဲ့ အဆိုပါအခမ်းအနားကြီးမှာ ဆုပေးပွဲအစီအစဉ်များနဲ့အတူ နောက်ဆုံးပေါ် “ပေါ့ပါးထိပွင့် Galaxy A06” စမတ်ဖုန်းအသစ်ကိုလည်း မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ပိုမိုပေါ့ပါးကျစ်လစ်လာတဲ့အပြင် ထိရုံနဲ့ အမြန်ဆုံးပွင့်စေမယ့် Side Fingerprint တို့နဲ့ လုံခြုံရေးအပိုင်းကို အဓိက အဆင့်မြင့်တင်ပေးထားတဲ့ Galaxy A06 မှာ မျက်နှာပြင်အကျယ် ၆.၇”၊ နောက်ကင်မရာ 50 MP၊ 5,000 mAh Battery နဲ့ Helio G85 Processor စတဲ့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေပါ ပါဝင်လာတာပဲဖြစ်ပါတယ်။ Galaxy A06 ကို ပိုမိုပါးလွှာတဲ့ ဒီဇိုင်း၊ စွဲဆောင်မှုအပြည့်နဲ့ Light Green, Light Blue နဲ့ Black စတဲ့ ရွေးချယ်စရာ အရောင်တွေနဲ့အတူ အောက်ပါစျေးနှုန်းတွေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။
  • Galaxy A06 LTE (6/128 GB) – ၈၂၉,၀၀၀ ကျပ်
  • Galaxy A06 LTE (4/128 GB) – ၇၃၉,၀၀၀ ကျပ်
  • Galaxy A06 LTE (4/64 GB) – ၅၈၅,၀၀၀ ကျပ်
 
Image: Samsung
Galaxy A06 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ Fast Charger, Phone Cover နဲ့ Earphone တွေကို ပစ္စည်းလက်ကျန်ရှိတဲ့အထိ ထပ်တိုးလက်ဆောင်အနေနဲ့ ရရှိနိုင်မယ့်အပြင်  Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခ + ပစ္စည်းတန်ဖိုး 100% သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခ + ပစ္စည်းတန်ဖိုး 60% သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့်ရရှိနိုင်မှာပါ။ Samsung Galaxy J Series နဲ့  ၂၀၂၂ ကနေ အခုအချိန်အထိ ထွက်ရှိထားတဲ့ Galaxy A Series စမတ်ဖုန်း ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A06 ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၇၀,၀၀၀ ကို ရရှိနိုင်ဦးမှာပါ။
“မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခဲ့တဲ့ Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်နဲ့ Galaxy Campus Friends 2.0 အစီအစဉ်တွေကို အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်တွေမှာ ပါဝင်ခဲ့တဲ့ လူငယ်တိုင်းအတွက် အတွေ့အကြုံကောင်းတွေ ပေးနိုင်ခဲ့လို့ ပီတိဖြစ်မိသလို ဆုရရှိသူတွေကို မြင်ရတဲ့အချိန်မှာလည်း အပျော်တွေကူးဆက်ရပါတယ်။ Samsung Myanmar အနေနဲ့ အခုလို လူထုအတွက် အကျိုးပြုတဲ့ အစီအစဉ်ကောင်းတွေကို ပိုပြီးလုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားပါဦးမယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy A06 စမတ်ဖုန်းမှာလည်း Samsung ချစ်သူတွေ အသုံးဝင်ပြီး ကြိုက်နှစ်သက်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် အသုံးပြုသူတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူအောင် ကူညီပံ့ပိုးပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။
အခုလို Samsung Myanmar ကနေ ယူဆောင်လာပေးနေတဲ့ အစီအစဉ်ကောင်းများအကြောင်းနဲ့ Samsung Myanmar ရဲ့ ထုတ်ကုန်များအကြောင်းကို အချိန်နဲ့တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar Facebook Page မှာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။