ပြည့်စုံသာလွန်မှုများနှင့် နောက်ဆုံးပေါ် Galaxy S23 Series စမတ်ဖုန်းများအား “You Only Live Epic” အခမ်းအနားကြီးနှင့်အတူ မြန်မာနိုင်ငံတွင် မိတ်ဆက်

Samsung Electronics Co., Ltd မှ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း၌ မိတ်ဆက်ခဲ့သည့် နောက်ဆုံးပေါ် စွမ်းဆောင်ရည်အမြင့်မားဆုံး Galaxy S23 Ultra, Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများအား “You Only Live Epic” ဟု အမည်ပေးထားသည့် မိတ်ဆက်ပွဲအခမ်းအနားကြီးနှင့်အတူ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၉ ရက်‌နေ့ ၌ ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးခဲ့သည်။

“You Only Live Epic” အခမ်းအနားတွင် Samsung Galaxy S23 Series ၏ အမြင့်မားဆုံးသော စွမ်းဆောင်ရည်များနှင့် ကင်မရာ လုပ်ဆောင်ချက်များကို တက်ရောက်လာသည့် ဧည့်သည်တော်များ လက်တွေ့စမ်းသပ်နိုင်စေရန်အတွက်လည်း Experience Zones များကို ခင်းကျင်းပြသပေးခဲ့သည်။

Photo Source – Samsung Myanmar

အခုလို နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ စွမ်းဆောင်ရည်အမြင့်မားဆုံး နည်းပညာတွေဟာ ကိုယ့်ရဲ့ လူနေထိုင်မှု ဘဝပုံစံ အတွက်ရော၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက်ပါ တစ်ကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ Samsung အနေနဲ့ သိရှိနားလည်ထားပါတယ်။ အခု အသစ်မိတ်ဆက်ခဲ့တဲ့ နောက်ဆုံးပေါ် Galaxy S23 Series စမတ်ဖုန်းတွေမှာဆိုရင် သူမတူတဲ့ ကင်မရာစွမ်းဆောင်ရည်တွေ၊ လုပ်ဆောင်ချက်တွေကိုမှ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းပါးဆုံး ဒီဇိုင်းတည်ဆောက်ပုံနဲ့  ပေါင်းစပ်ဖန်တီးထားတာကြောင့် အဆင့်အမြင့်မားဆုံး စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံတွေကို ရေရှည်ရယူပိုင်ဆိုင်ချင်ကြတဲ့ သုံးစွဲသူတွေအတွက် တစ်ကယ့်ကို အသင့်တော်ဆုံး စမတ်ဖုန်းတွေ ဖြစ်လာမယ် ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု Ko Tin Maung Win, Head of Mobile Experience Group မှ ပြောကြားခဲ့သည်။

“You Only Live Epic” အခမ်းအနားကြီးတွင် Galaxy S23 Series စမတ်ဖုန်းများ၏ မြင့်မားသော စွမ်းဆောင်ရည်များ အကြောင်းနှင့်ပတ်သက်၍ Game Streamer တစ်ဦးဖြစ်သူ ICE ICE မှ Experience Zone တွင် လက်တွေ့ စမ်းသပ်ပြသခဲ့သည်။ “Galaxy S23 Series စမတ်ဖုန်းတွေမှာ Qualcomm ၏ ပြိုင်ဖက်ကင်း “Snapdragon® 8 Gen 2” ကို Samsung Galaxy Mobile Platform အတွက် သုံးပေးထားလို့ Gaming Performance ပိုင်းမှာ တစ်ကယ့်ကို အကောင်းမွန်ဆုံးနဲ့ လျင်မြန်ချောမွေ့မှုအရှိဆုံး ခံစားချက်မျိုးကို ရရှိစေပါတယ်။ နောက်ပြီး Vision Booster နဲ့ Cooling System ပိုင်းမှာလည်း ပိုပြီးကောင်းမွန်လာတဲ့အတွက် ဂိမ်းဆော့ရတာ လုံးဝ Epic ပါပဲ” ဟု ICE ICE မှ မှတ်ချက်ပြုခဲ့သည်။

Photo Source – Samsung Myanmar

အလားတူ Samsung Galaxy S23 Ultra ၏ Nightography ကင်မရာစွမ်းဆောင်ရည်များကိုလည်း Mobile Photography နဲ့ Videography ဖန်တီးသူ  ကိုထက်အောင်ကျော် (HAK) နှင့် Social Influencer မဝင်းမင်းသန်းတို့မှ စမ်းသပ်ရိုက်ကူးခဲ့ကြပြီး Nightography အတွေ့အကြုံနှင့် ရုပ်ပုံများကို စင်မြင့်ထက်တွင် ဧည့်သည်တော်များကြည့်ရှုနိုင်ရန် လက်တွေ့ပြသပေးခဲ့သည်။ “ဒီတစ်ခေါက် Samsung Galaxy S23 Ultra ရဲ့ Nightography စွမ်းဆောင်ရည်ကို တော်တော် စိတ်တိုင်းကျမိပါတယ်။ သူ့မှာပါတဲ့ Aperture f 1.7 နဲ့ AI multi-frame နည်းပညာက ညဖက်အလင်းရောင်ရရှိမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာတောင် ကြည်လင်ပြတ်သားမှု အပြည့်ရှိတဲ့ ပုံရိပ်တွေကို ရရှိစေပါတယ်” ဟု ကိုထက်အောင်ကျော် (HAK) မှ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Galaxy S23 Series စမတ်ဖုန်း၏ 200 MP ကင်မရာစွမ်းဆောင်ရည်နှင့် Water Resistance ပိုင်းအား ကိုထက်အောင်ကျော် (HAK) နှင့်  Team Galaxy ပိုးမမှီသာတို့မှ ရေအောက်တွင် လက်တွေ့စမ်းသပ်ရိုက်ကူးခဲ့ကြပြီး အဆိုပါ အတွေ့အကြုံနှင့် ပတ်သက်၍လည်း စင်မြင့်ထက်တွင် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။ ”ဒီလို Underwater Photography မျိုး ပိုးက ရိုက်ချင်တယ်လို့‌ပြောတာကို ချက်ချင်း ကို HAK က ဖြစ်စေရမယ်လို့ လာပြောတော့ အစကတော့ ဒီလောက်မဟုတ်လောက်ဘူးထင်တာ။ ဒါပေမဲ့ Samsung Galaxy S23 Ultra ရဲ့ 1.7 fp 200 MP ကင်မရာနဲ့ AI Focus  လုပ်ဆောင်ချက်တွေကြောင့် အလင်းရောင်အားနည်းတဲ့ ရေအောက်ထဲမှာရိုက်တာတောင်  တစ်ကယ့်ကို ထင်မှတ်မထားလောက်အောင် ကြည်လင်ပြတ်သားတဲ့ Epic အဖြစ်ဆုံး ရုပ်ပုံတွေကို ရလိုက်တော့ တစ်ကယ့်ကို အတိုင်းထက်အလွန် စိတ်တိုင်းကျမိပါတယ်” ဟု Team Galaxy အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပိုးမမှီသာမှ ပြောကြားခဲ့သည်။

Photo Source – Samsung Myanmar

ပြည့်စုံသာလွန်သည့် စွမ်းဆောင်ရည်များစွာနှင့် ဖန်တီးပြုလုပ်ပေးထားသည့် နောက်ဆုံးပေါ် Galaxy S23 Ultra၊ Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ကြိုတင်မှာယူပါက

  • ၅၅၀,၀၀၀ ကျပ် တန်ဖိုးရှိ ပိုမိုမြင့်မားသော Memory / Storage Version အား အဆင့်မြှင့်တင်ပေးခြင်း
  • Silicon Grip Case နှင့် Travel Adapter တို့ကို တစ်ပါတည်း အထူးလက်ဆောင်အဖြစ်ရရှိနိုင်ခြင်း
  • Galaxy Buds2 ကို ကံထူးနိုင်ခြင်း (မှာယူသူများအနက် အယောက် ၅၀ ကို မဲဖောက်ပေးသွားမည်ဖြစ်သည်)
  • ၁၀၀% အပြည့် Mobile Banking မှ တဆင့် ငွေပေးချေနိုင်ခြင်း
  • CB Bank Credit Card နှင့် AYA Pay တို့မှတဆင့် ၆ လအထိ အတိုးမဲ့အရစ်ကျစနစ် ဖြင့် ဝယ်ယူသွားနိုင်ခြင်း
  • Trade-in Program – မိမိလက်ရှိကိုင်ဆောင်အသုံးပြုနေသော Samsung စမတ်ဖုန်း (Galaxy Z Flip, Galaxy S9, Galaxy Note 8 အပြင် Galaxy A52 နှင့်အထက်) သို့မဟုတ် အခြားသောစမတ်ဖုန်းများနှင့် အလဲအလှယ်လုပ်ကာ လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၀ယ်ယူနိုင်‌ခြင်း။ ထိုသို့လဲလှယ်ဝယ်ယူခြင်းကြောင့် ထပ်ဆောင်း အပိုလက်ဆောင်အဖြစ် Galaxy S23 Ultra စမတ်ဖုန်း ဝယ်ယူသူများက မြန်မာငွေကျပ် ၄၀၀,၀၀၀၊ Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်း ဝယ်ယူသူများက မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကို အသီးသီးရရှိနိုင်ခြင်း
  • Samsung Care+ အထူးဝန်ဆောင်မှု – ဖုန်းကိုဝယ်ယူသည့်နေ့မှ တစ်နှစ်အတွင်း မတော်တဆဖြစ်၍ ဖုန်းရှေ့မျက်နှာပြင်ကွဲခြင်းအတွက် ၇၀% အထိ သက်သာခွင့် (သို့မဟုတ်) နောက်မျက်နှာပြင်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ၁၀၀% အထိ သက်သာခွင့် တစ်ကြိမ်ကို ပေးအပ်သွားမည့် Samsung Care+ ဝန်ဆောင်မှု

စသည့် အထူးအကျိုးခံစားခွင့်များကို ရရှိသွားမည် ဖြစ်သည်။

နောက်ဆုံးပေါ် Galaxy S23 Ultra၊ Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများကို ကြိုတင်မှာယူလိုပါက ဤလင့်ခ် https://bit.ly/3wO59kC တွင်ဝင်ရောက်မှာယူနိုင်ပြီး အဆိုပါ ကြိုတင်မှာယူနိုင်မှု အစီအစဉ်၊ ဈေးနှုန်းများနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Contact Center – 01 2399888 သို့ ဆက်သွယ်၍ဖြစ်စေ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ကြီးများတွင်ဖြစ်စေ၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/SamsungMyanmar တွင် ဝင်ရောက်ကြည့်ရှု၍ဖြစ်စေ စုံစမ်းသွားနိုင်မည်ဖြစ်သည်။