ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A07 စမတ်ဖုန်းအသစ်

Samsung Myanmar ကနေ ရိုးရှင်းလှပပြီး အဆင့်မြှင့်တင်ထားသောလုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A07 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေကို ငွေကျပ် “၃ သိန်း” ကျော်မှစတင်တဲ့ အသက်သာဆုံးစျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Galaxy A07 Series စမတ်ဖုန်း မော်ဒယ်တွေမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းအပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် Samsung Care+ ဖြင့် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးခံနိုင်မှာပါ။ OS Update နှင့် Security Upgrade ကိုလည်း ၆ နှစ်ထိ ပေးသွားမှာဖြစ်လို့ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေမှာဖြစ်ပါတယ်။
Galaxy A07 စမတ်ဖုန်းအသစ်ကိုတော့ ခေတ်မှီလှပသော ကင်မရာဒီဇိုင်း၊ သပ်ရပ်လှပသော ဘေးဘောင်ဒီဇိုင်းများကြောင့် ပရီမီယမ်ဆန်တဲ့ ခံစားမှုများကို ရရှိနိုင်မှာပါ။ 184g သာ ရှိပြီး GFRP Materials ကို အသုံးပြုထားတာကြောင့် ပေါ့ပါးကျစ်လျစ်လှပပြီး အကြမ်းခံမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ 6.7” PLS LCD Display နှင့် 90Hz refresh rate ကို အသုံးပြုပေးထားပြီး Performance ပိုင်းတွင်လည်း MediaTek Helio G99 (6nm) AP ကို အသုံးပြုပေးထားတာကြောင့် ပိုမိုကောင်းမွန်လာပြီး ရုပ်ရှင်ကြည့်ခြင်း၊ Gaming ပိုင်းနှင့် multi-tasking ပိုင်းများကို စိုပြေတောက်ပတဲ့မျက်နှာပြင်နှင့် သွက်လက်အမြန်ဆန်ဆုံးဖြင့် အသုံးပြုနိုင်ပါတယ်။ 5,000 mAh ဘက်ထရီကိုထည့်သွင်းပေး ထားလို့ ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး 25W Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။ ကင်မရာအပိုင်းမှာလည်း 50MP Main ကင်မရာ နဲ့ 2MP Depth ကင်မရာ တို့ ပါဝင်လာတဲ့အတွက် ပိုမိုကျယ်ပြန့်ပြီး ဝေဝါးမှုနည်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။ 8MP Selfie ကင်မရာ ကို အသုံးပြုထားပြီး Studio Quality ဆန်တဲ့ Self Portraits များကိုလည်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ စိတ်အချရဆုံး လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်စေဖို့ EAL5+ ရဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Samsung Knox Vault ကိုလည်း Galaxy A07 မှာ ထည့်သွင်းပေးထားတာကြောင့် Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။
Image: Samsung
Galaxy A07 စမတ်ဖုန်းအသစ်များကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
•     Galaxy A07 (6/128 GB) – ၅၃၇,၀၀၀ ကျပ်
•     Galaxy A07 (4/128 GB) – ၄၇၄,၀၀၀ ကျပ်
•     Galaxy A07 (4/164 GB) – ၃၉၉,၀၀၀ ကျပ်
•     ရရှိနိုင်မည့်အရောင်များ – Black၊ Light Violet၊ Green
Galaxy A07 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/buy-galaxya07) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Galaxy A07 စမတ်ဖုန်းအသစ်တွေကို ဝယ်ယူမယ်ဆိုရင် အောက်ပါအထူးခံစားခွင့်နှင့် လက်ဆောင်တွေကိုလည်း ရရှိသွားနိုင်ဦးမှာပါ။
·     လက်ဆောင်အနေနဲ့ 25W Charger နဲ့ Silicone Cover တို့ပါဝင်တဲ့ Free Gift Bundle Box ကို ပစ္စည်းလက်ကျန်ရှိသလောက် ရယူနိုင်မှာဖြစ်ပါတယ်။်။
·     အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့) Blue Season အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး (၆) လအရစ်ကျ စနစ်နဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
·     ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card  အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 3GB မှ 8GB အထိကို ၆ ကြိမ် အခမဲ့ ရရှိသွားမှာပါ။
·     Samsung Care+ ရဲ့ No Worry Crack ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၂ နှစ်အတွင်း ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်ဦးမှာပါ။
Galaxy A07 စမတ်ဖုန်းအသစ် အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။