သင့်ရဲ့ “အသံ”ကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးမယ့် “အမြင်အာရုံ” လက်ဆောင်အဖြစ် ပေးနိုင်မယ့် Samsung Love & Care ရဲ့ “အသံလှူဒါန်းမှု” အစီအစဥ်

သင်တို့ရဲ့ ဘဝတစ်လျှောက်လုံး အမှောင်ထုထဲမှာ ဘယ်လိုအရောင်အဆင်း၊ အလှအပတွေကိုမှ မြင်နိုင်ခွင့်မရှိဘဲ နေရမယ်ဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ဖူးပါသလား။ လှပတဲ့ တောင်တန်း၊ ပင်လယ်၊ ရှုခင်းတွေနဲ့ ချစ်ရတဲ့သူတွေကို လူအများစုကတော့ စိတ်ကြိုက်ကြည့်မြင်ခွင့် ရနိုင်ပေမယ့် တချို့သော လူတွေမှာတော့ တူညီတဲ့အခြေအနေ၊ အခွင့်အလမ်းတွေ မရှိခဲ့ပါဘူး။ သို့သော် သင့်ရဲ့ “အသံလှူဒါန်း”မှုဖြင့် ထိုကဲ့သို့ အခွင့်အလမ်း နည်းပါးသူတွေ လိုအပ်နေသူတွေအတွက် ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ “အမြင်အာရုံ” လက်ဆောင်အဖြစ် ဖေးမကူညီနိုင်ပါတယ်။

လက်ရှိကမ္ဘာတဝှမ်းမှာ လူဦးရေ ၂.၂ ဘီလီယံခန့်ဟာ အမြင်အာရုံအားနည်း၊ ချို့တဲ့သူတွေဖြစ်ကြပြီး မြန်မာနိုင်ငံမှာ ဆိုရင်လည်း ၂၀၁၉ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင် လူဦးရေ ၆ သိန်းကျော်လောက်က အမြင်အာရုံ အားနည်း၊ ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒီလို မတူကွဲပြားမှုတွေနဲ့ ရှင်သန်နေကြရသူတွေအတွက် ချစ်ခြင်းမေတ္တာတွေမျှဝေရင်း တောက်ပတဲ့နေ့ရက်တွေဆီ အတူအရောက်လှမ်းနိုင်ဖို့အတွက် Samsung Love & Care “အသံလှူဒါန်းမှု” အစီအစဉ်ကို Samsung Myanmar က ၂၀၂၃နှစ်အတွက် စတင်လိုက်ပြီဖြစ်ပါတယ်။ အမြင်အာရုံအားနည်း၊ ချို့တဲ့သူတွေအတွက် နွေးထွေးလုံခြုံတဲ့ရပ်ဝန်းကနေ ကမ္ဘာကြီးနဲ့ချိတ်ဆက်နိုင်စေဖို့ Samsung နဲ့အတူ သုံးစွဲသူတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင် အသံလှူဒါန်းပေးရင်း မွန်မြတ်လှတဲ့ “အမြင်အာရုံလက်ဆောင်” ကို ပေးအပ်နိုင်မှာပါ။

Image: Samsung

Samsung နဲ့အတူ ဒီလိုမွန်မြတ်လှတဲ့ လှူဒါန်းမှုမှာ ပါဝင်ချင်သူတွေ အနေနဲ့ ရိုးရှင်းလွယ်ကူတဲ့ အောက်ပါ အဆင့် အနည်းငယ်ကို လုပ်ဆောင်လိုက်ရုံနဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

–         Samsung Members App ကို https://bit.ly/Samsungmembersapp မှာ Download ရယူပါ။

–         အသံလှူဒါန်းမှုမှာ ပါဝင်နိုင်ဖို့ စာရင်းသွင်းပုံအဆင့်ဆင့်ကို https://bit.ly/stepstoparticipate ကနေ ကြည့်ရှုနိုင်မှာပါ။

–         စည်းကမ်းသတ်မှတ်ချက်များကိုတော့ https://bit.ly/Termsandcondiritons ကနေ ဖတ်ရှုနိုင်ပါတယ်။

Samsung နဲ့အတူ ကိုယ်တိုင်ကိုယ်ကျအသံလှူဒါန်းဖို့အတွက် ရွေးချယ်ခံရသူတွေအနေနဲ့လည်း အသံပါဝင်လှူဒါန်း နိုင်ခွင့်နှင့်အတူ Samsung Myanmar က ပေးအပ်သွားမယ့် အထူးဆုလက်ဆောင်တွေကိုလည်း ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

“သင့်ရဲ့ အသံ” ဟာ လိုအပ်နေသူတွေအတွက် “အမြင်အာရုံလက်ဆောင်” ဖြစ်တဲ့အတွက် လိုအပ်နေသူတွေအနားမှာ ဖေးမကူမယ့် လက်တစ်စုံ ကမ်းလင့်ပေးနိုင်ဖို့ မွန်မြတ်လှတဲ့ Samsung Love & Care အစီအစဉ်ရဲ့ “အသံလှူဒါန်းမှု” မှာ ပါဝင်ပြီး အတောက်ပဆုံးနေ့ရက်တွေကို အတူဖန်တီးလိုက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။