နည်းပညာအသစ်တွေနဲ့ တိုးတက်ပြောင်းလဲမှုများစွာ ထည့်သွင်းဖန်တီးထားတဲ့ Galaxy Z Flip5 နဲ့ Galaxy Z Fold5 အသစ်တွေကို Samsung Electronics ရဲ့ Galaxy Unpacked အခမ်းအနားကြီးမှတစ်ဆင့် မိတ်ဆက်ပြသ

စဥ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုများနှင့် အောင်မြင်မှုအား ဆယ်စုနှစ်တစ်ခုတိုင် ထိန်းသိမ်းထားနိုင်သည့် Samsung Electronics သည် ၄င်း၏ Generation ၅ ခုမြောက် Foldable Smartphone အသစ်များဖြစ်သော Galaxy Z Flip5 နှင့် Galaxy Z Fold5၊ Tablet နှင့် Watch စီးရီးသစ်များဖြစ်သော Galaxy Tab S9 နှင့် Galaxy Watch6 တို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့၌ Galaxy Unpacked အခမ်းအနားကြီးမှတစ်ဆင့် မိတ်ဆက်ပြသခဲ့သည်။ အဆိုပါအခမ်းအနားကြီးအား Samsung Electronics စတင်တည်ထောင်ရာ မူလနိုင်ငံဖြစ်သည့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“ထိပ်တန်းအဆင့် အောင်မြင်မှုတွေကို ဆယ်စုနှစ် တစ်ခုကျော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တဲ့ Samsung အနေနဲ့ အမြဲမပြတ် ဆန်းသစ်တီထွင်မှုတွေနဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုန်ပစ္စည်းတွေကို စဉ်ဆက်မပြတ် ဖန်တီးထုတ်လုပ်နိုင်ဖို့ အမြဲတမ်း ရည်သန်လုပ်ဆောင်နေပါတယ်။ Samsung က သူ့ရဲ့ ထွက်ရှိတဲ့ မိုဘိုင်းဖုန်း Category အလိုက် မတူညီတဲ့ အတွေ့အကြုံတွေကိုပေးအပ်နိုင်သလို မော်ဒယ်အသစ်တွေ ထွက်ရှိလာတိုင်းမှာလည်း တကယ်ကို အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်းပေးနေလို့လည်း အသုံးပြုသူတွေက Samsung ကို အမြဲ ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ဖြစ်ကြတာပါ။ ဒီတစ်ခေါက် မိတ်ဆက်လာတဲ့ Galaxy Z Flip5 နဲ့ Galaxy Z Fold5 တို့ဟာ အရင် Foldable မျိုးဆက်တွေရဲ့ သုံးစွဲသူ အတွေ့အကြုံတွေအပေါ် အခြေခံပြီး Design တည်ဆောက်ပုံ အပိုင်းမှာရော စွမ်းဆောင်ရည် Performance ပိုင်းမှာပါ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတဲ့အတွက် တကယ်ကို သူမတူအောင် ထူးခြားမြင့်မားပြီး အသုံးပြုသူတွေ အကြိုက်နဲ့ ထပ်တူကျမယ်လို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကိုတင်မောင်ဝင်း မှ ပြောကြားခဲ့ပါသည်။

Image: Samsung

Galaxy Z Flip5

Galaxy Z Flip5 တွင် အထူးအဆင့်မြှင့်တင်ထားသည့် Flex Window ကြောင့် ဖုန်းခေါက်ထားချိန်၌ အသုံးပြုနိုင်သည့် မျက်နှာပြင် အရွယ်အစားသည် ယခင် Foldable ဖုန်းမျိုးဆက်များထက် ၃.၇၈ ဆ ပိုမိုကျယ်ပြန့်လာပြီး စိတ်ကြိုက်ဖန်တီးမှုများ ပိုမိုထည့်သွင်းနိုင်တော့မည်ဖြစ်သည်။  ထို့အပြင် Flex Hinge နည်းပညာကြောင့် ဖုန်းခေါက်ထားချိန်တွင်လည်း မျက်နှာပြင်နှစ်ခုကြား ကွာဟမှုကို သိသာစွာ လျှော့ချနိုင်ခဲ့ပြီဖြစ်သည်။ Snapdragon 8 Gen 2 for Galaxy အသုံးပြုထားသည့် Galaxy Z Flip5 သည် အတွင်း၊ အပြင် လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ် ပြုပြင်ဖန်တီး ပေးထားသော ကြောင့် ဒီဇိုင်းပိုင်း၊ လုပ်ဆောင်မှုအပိုင်း အဖက်ဖက်၌ ပိုမိုကောင်းမွန်ပြည့်စုံလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

Galaxy Z Fold5

Galaxy Z Fold5 သည် ဖုန်းခေါက်ထားချိန် မျက်နှာပြင်နှစ်ခုကြား အကွာအဝေးကို လျှော့ချပေး နိုင်သည့် Flex Hinge နည်းပညာ အသုံးပြုထားသောကြောင့် ပိုမိုပါးလွှာကျစ်လစ်ပေါ့ပါးလာပြီး Snapdragon 8 Gen 2 for Galaxy Processor အသုံးပြုထားသောကြောင့် ဘက်ထရီအသုံးခံမှု၊ ဖုန်းအသုံးပြုရာတွင် သို့မဟုတ် ဂိမ်းဆော့ရာတွင် အထစ်အငေါ့မရှိစေမှု စသည် လုပ်ဆောင်မှုပိုင်းများတွင်လည်း သူမတူသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည်ဖြစ်သည်။ Galaxy Z Fold5 နှင့်အတူ မိတ်ဆက်လာသည့် စွမ်းဆောင်ရည်မြင့် S Pen နှင့်အတူ မိမိစိတ်ကူး ပုံဖော်သမျှကို အလွယ်တကူ ရေးခြစ် မှတ်သားထားနိုင်မည် ဖြစ်သည့်အတွက် အသုံးပြုသူများ၏ မော်ဒန်လူမှုနေထိုင်မှု ဘဝပုံစံများနှင့် ထပ်တူကျစေမည်ဖြစ်သည်။

Image: Samsung

Galaxy Tab S9

Galaxy Tab S9၊ S9+ နှင့် S9 Ultra မော်ဒယ်သုံးမျိုးလုံးတွင် Dynamic AMOLED 2X display ကို အသုံးပြုထားသည့် အတွက်  အကောင်းဆုံးရုပ်ထွက်နှင့် ဖျော်ဖြေရေး အတွေ့အကြုံများကို ရရှိနိုင်စေပြီး Qualcomm Snapdragon 8 Gen 2 for Galaxy နှင့်အတူ  အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။ IP68 အဆင့်သတ်မှတ်ချက် ပါဝင်လာသည့် ပထမဆုံး Galaxy Tab S စီးရီး တက်ဘလက်များ ဖြစ်သည်နှင့်အညီ Galaxy Tab S9 စီးရီးသာမက S Pen ပါ ရေဒဏ်၊ ဖုန်ဒဏ်ကိုလည်း ခံနိုင်ရည် ရှိလာသည့်အတွက် နေရာအချိန်အခါမရွေး မိမိတို့၏ စိတ်ကူးများကို ဖော်ထုတ်ဖန်တီးနိုင်ရန် အခွင့်အရေး ပိုမို ရရှိလာနိုင်မည် ဖြစ်ပါသည်။

Galaxy Watch6

အသစ်မိတ်ဆက်လိုက်သော Galaxy Watch6 နှင့် Watch6 Classic နာရီများသည် သုံးစွဲသူများအတွက် ပိုမို ကျန်းမာသော အလေ့အထများအား နေ့တိုင်း၊ ညတိုင်း ကူညီဖန်တီးပေးနိုင်ရန် ဖန်တီးထားပြီး၊ သုံးစွဲသူတစ်ဦးချင်းအလိုက် အသင့်တော်ဆုံး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ပေးသွားနိုင်မည် ဖြစ်သည်။ အလုံးစုံသော ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် မြင့်မားလှသော စွမ်းဆောင်ရည်များ ပါဝင်လာသည့် Galaxy Watch6 စီးရီးကို ပိုမိုပါးလွှာသော ဘေးဘောင် နှင့် သေသပ်လှပသော ဒီဇိုင်း၊ ပိုမိုကြီးမားသောမျက်နှာပြင်၊ ပိုမိုကောင်းမွန်သောရုပ်ထွက် နှင့် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေမည့် User Interface များနှင့် ရရှိနိုင်မည်ဖြစ်သည်။

Image: Samsung

ရရှိနိုင်သော အရောင်များနှင့် ဈေးနှုန်းများ

Galaxy Z Flip5 ကို ငွေကျပ် ၃,၅၉၅,၀၀၀ ခန့်​ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး ရွေးချယ်စရာ အရောင်အားဖြင့် Lavender, Graphite, Cream တို့အပြင် အရောင်သစ် Mint Green ဟူ၍ ရှိမည်ဖြစ်သည်။ Galaxy Z Fold5 အား ငွေကျပ် ၅,၆၅၉,၀၀၀ ခန့်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်အားဖြင့် Black, Cream နှင့် အများနှစ်သက်ကြမည့် အရောင်သစ် Icy Blue စသဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Galaxy Tab S9 စီးရီးသည် Graphite, Cream (၂) ရောင်ဖြင့် ထွက်ရှိလာမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် Galaxy Tab S9 Ultra ကို ငွေကျပ် ၄,၆၁၉,၀၀၀၊ Tab S9+ ကို ငွေကျပ် ၃,၉၃၅,၀၀၀ နှင့် Tab S9 ကို ငွေကျပ် ၃,၂၄၉,၀၀၀ တို့ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ Galaxy Watch6 စီးရီးတွင် Watch6 Classic အား Black, Silver (၂) ရောင် ရွေးချယ်စရာ ရှိမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၄၇ မီလီလီတာ မျက်နှာပြင်နှင့် မော်ဒယ်ကို ငွေကျပ် ၁,၂၇၅,၀၀၀ နှင့်၊  ၄၃ မီလီလီတာ မျက်နှာပြင်နှင့် မော်ဒယ်ကို ငွေကျပ် ၁,၁၈၅,၀၀၀ ခန့်နှင့် ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Watch6 အား Graphite, Silver, Graphite, Gold စသဖြင့် ရွေးချယ်စရာ အရောင်များ ရှိမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၄၄ မီလီလီတာ မျက်နှာပြင်ရှိ မော်ဒယ်ကို ငွေကျပ် ၉၇၉,၀၀၀ ခန့် နှင့်  ၄၀ မီလီလီတာ မျက်နှာပြင်ရှိ မော်ဒယ်ကို ငွေကျပ် ၈၈၉,၀၀၀ ​ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

Pre-order ဖုန်းစျေးနှုန်းများမှာပြောင်းလဲမှုရှိနိုင်သော်လည်း Pre-order မှာယူခဲ့သည့်စျေးနှုန်းအတိုင်း pick up လုပ်သည့်အခါ ပေးချေနိုင်မည်ဖြစ်သည့်အတွက် အသက်သာဆုံးစျေးနှုန်းနှင့်ရဖို့ အမြန်ဆုံး pre-order တင်ထားလိုက်ပါ။

Image: Samsung

ကြိုတင်မှာယူသူများလက်မလွတ်သင့်သည့် အထူးအခွင့်အရေးများ

Galaxy Unpacked အခမ်းအနားကြီးတွင် မိတ်ဆက်ပြသသွားသည့် ကုန်ပစ္စည်းသစ်များဖြစ်သည့် Galaxy Z Flip5, Galaxy Z Fold5, Galaxy Tab S9 နှင့် Galaxy Watch6 တို့အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အတွင်း ကြိုတင်စာရင်းသွင်း မှာယူနိုင်မည်ဖြစ်သည်။ Pre-Order ကာလအတွင်း မှာယူသူများအနေဖြင့် အောက်ပါ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Pre-Order မှာယူရန် ကြိုတင်စာရင်းပေးသွင်းမှုများအတွက် ဝယ်ယူချိန်တွင် ပြန်လည်အသုံးပြုနိုင်သည့် ငွေကျပ် ၁ သိန်းတန် Gift Coupon ကို ရရှိနိုင်ခြင်း
  • Galaxy Z Fold5 ဝယ်ယူမှုတိုင်းအတွက် Slim S-Pen Case၊ Galaxy Z Flip5 ဝယ်ယူမှုတိုင်းအတွက် Flip Suit Case နဲ့ Smart Cover Card စသည့်တို့ အပါအဝင် Double Storage အဆင့်မြှင့်တင်ပေးခြင်း၊ 25W Travel Adapter ပေးအပ်ခြင်း စသဖြင့် စုစုပေါင်း ငွေကျပ် ၇ သိန်းတန်ဖိုးရှိ ဆုလက်ဆောင်များ ပြန်လည်ပေးအပ်ခြင်း
  • Eco Bundle Promotion အနေနှင့် အသစ်ထွက် Foldable စမတ်ဖုန်းတစ်လုံးနှင့် Galaxy Watch6 သို့မဟုတ် Buds2 Pro ၂ ခုတွဲ ဝယ်ယူမည်ဆိုပါက ၂၅% သက်သာခွင့်၊ Foldable ဖုန်း၊ Galaxy Watch6 နှင့် Buds2Pro ၃ ခုတွဲ ဝယ်ယူမည်ဆိုပါက ၃၅% သက်သာခွင့် စသဖြင့် အထူးလျှော့ဈေးများ ပေးအပ်ခြင်း
  • AYA Pay နှင့် CB Bank Credit တို့အား အသုံးပြု၍ အတိုးမဲ့ အရစ်ကျစနစ် (0% interest installment) ဖြင့် ဝယ်ယူနိုင်ခြင်း
  • လက်ရှိကိုင်ဆောင်ထားသည့် စမတ်ဖုန်းနဲ့ လဲလှယ်လိုသူများအတွက် ဖုန်းအဟောင်းတန်ဖိုးအပါ ၁၈ သိန်းအထိ သက်သာခွင့် ပေးအပ်ခြင်းအပြင် ငွေကျပ် ၄ သိန်းခွဲအထိ ထပ်ဆောင်းပံ့ပိုးပေးသွားမယ့် Trade-In အစီအစဥ်များ ပေးအပ်ခြင်း
  • Galaxy Z Flip5 နှင့် Galaxy Z Fold5 မှာယူခြင်းတို့အတွက် ၅၀% အထိ သက်သာခွင့်ရရှိမယ့် Lucky Draw အစီအစဥ်များပေးအပ်ခြင်း
  • Galaxy Tab S9 Series တက်ဘလက်များ ဝယ်ယူမှုတိုင်းအတွက် ငွေကျပ် ၄ သိန်း ၅ သောင်း အထိ တန်ဖိုးရှိသော Keyboard Cover Silm ပေးအပ်ခြင်းအပြင် Galaxy Z Flip5 သို့ Galaxy Z Fold5 တို့နှင့်အတူ ကြိုတင်မှာယူသူတိုင်းအတွက် အထူးလျှော့စျေး ငွေကျပ် ၁ သိန်း ပြန်လည်ပေးအပ်ခြင်း
  • Samsung Care+ ဝန်ဆောင်မှုမှတစ်ဆင့် မတော်တဆ ဖုန်း Main screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၇၀% သက်သာခွင့်၊ ဖုန်း Cover Screen နှင့် Screen Protector ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၁၀၀% သက်သာခွင့် စသည့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း

စသဖြင့် အထူးအကျိုးခံစားခွင့်များစွာကို ပေးအပ်သွားမည်ဖြစ်သည်။ Pre-Order မှာယူခြင်းနှင့် အကျိုးခံစားခွင့် အသေးစိတ်များအား အောက်ပါ link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု မှာယူနိုင်မည်ဖြစ်သည်။

Pre-Order တင်ရန် – https://bit.ly/3QatHPx