စွဲဆောင်မှု အပြည့်ရှိသော Premium ဒီဇိုင်း၊ အဆင့်မြှင့်တင်ထားသော Selfie ကင်မရာနှင့် ၂ ရက်တာ အသုံးခံသည့် ကြာရှည်ခံ ဘက်ထရီပါရှိသည့် နောက်ဆုံးပေါ် Galaxy A24 စမတ်ဖုန်းအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

စွဲဆောင်မှုအပြည့်ရှိသော Premium ဒီဇိုင်းနှင့် အဆင့်မြင့် လုပ်‌ဆောင်ချက်များ ပါရှိသည့် နောက်ဆုံးပေါ် Galaxy A24 စမတ်ဖုန်းအား Samsung Myanmar မှ မြန်မာနိုင်ငံ တဝန်းတွင် ယနေ့ စတင်မိတ်ဆက်ခဲ့သည်။
Galaxy A24 စမတ်ဖုန်း၏ ကင်မရာစွမ်းဆောင်ရည် ပိုင်းတွင် အဆင့်မြှင့်တင်ထားသော အမိုက်စား 13 MP Selfie ကင်မရာ နှင့် စွမ်းဆောင်ရည်မြင့် ကျောဖက် ကင်မရာ ၃ လုံး (Main 50MP OIS-AF, Ultra – Wide 5MP, Macro 2 MP) ပါရှိပြီး OIS နှင့် Auto Focus စနစ်ထည့်သွင်းပေးထားသည့်အတွက် ပျော်ရွှင် ကြည်နူးဖွယ် အခိုက်အတန့်တိုင်းအား တည်ငြိမ်သော ဗီဒီယိုများနှင့် မှုန်ဝါးမှုမရှိသော ဓာတ်ပုံများအဖြစ် ရယူ ရိုက်ကူးထားနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းတွင် ပါဝင်သော Ultra-Wide ကင်မရာကြောင့် ကျယ်ပြန့်သော မြင်ကွင်းများအား အဆင်ပြေလွယ်ကူစွာဖြင့် ရိုက်ကူးနိုင်မည့်အပြင် Macro ကင်မရာလည်း ပါဝင်သည့်အတွက် အရာဝတ္တုများ၏ ပုံရိပ်များအား အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစွာ ရယူနိုင်မည်ဖြစ်သည်။

Image: Samsung
ထို့အပြင် ကျယ်ပြန့်သော ၆.၅” FHD+Super AMOLED မျက်နှာပြင်နှင့် 25W Super Fast Charging support ပါဝင်သည့် ၂ ရက်တာ အသုံးခံသော 5,000mAh ဘက်ထရီများ ထည့်သွင်း ပေးထားသည့် အပြင် Screen Brightness အနေဖြင့် 1000 nits အထိ ရရှိနိုင်မည် ဖြစ်သည့် အတွက် နေ့ဖက်အလင်းရောင်အောက်တွင်ပင် ကြည်လင်ပြတ်သားသော အလင်းထုတ်လွှတ်မှုအား ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် Super AMOLED မျက်နှာပြင်ကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး တောက်ပသည့် ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်း  screen မှထွက်သော မျက်လုံးထိခိုက်စေနိုင်သည့် အပြာရောင်အလင်းတန်းများအား လျှော့ချပေးသော Low-blue Light Display ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် ဖုန်းအသုံးပြုရာ၌ မျက်လုံးကို ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
Galaxy A24 စမတ်ဖုန်းများတွင် Generations OS အဆင့်မြှင့်တင်မှု မျိုးဆက် ၄ ဆက်အထိ ရရှိစေရန် နှင့် လုံခြုံရေး အဆင့်မြှင့်တင်မှုများကို ငါးနှစ်အထိ ရရှိ စေရန် လုပ်ဆောင်ပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် နောက်ဆုံးပေါ် Software နှင့် လုံခြုံရေးစ နစ်များအား ၎င်းတို့၏ စမတ်ဖုန်းများတွင် အချိန် ကြာမြင့်စွာ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ အလားတူ ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက် ပြန်လည် အသုံးပြု နိုင်သည့် Recycled Plastics နှင့် Paper များကိုလည်း Galaxy A24 စမတ်ဖုန်းများ၏ အစိတ်အပိုင်းများနှင့် ထုတ်ပိုးမှု Packaging များတွင် အသုံးပြု ပေးထားသည်
အဆိုပါ နောက်ဆုံးပေါ် Galaxy A24 စမတ်ဖုန်း (6/ 128 GB) စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Light Green, Black, နှင့် Silver) အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်သွားနိုင်မည်ဖြစ်ကာ ယနေ့ (မေလ ၁၉ ရက်နေ့) မှ စတင်၍ သင့်တင့်မျှတသော ဈေးနှုန်း မြန်မာငွေကျပ် ၇၆၉,၀၀၀ ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ စမတ်ဖုန်းအရောင်းဆိုင်များနှင့် Samsung Myanmar တရားဝင် Website များမှတဆင့် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

Image: Samsung
Galaxy A24 စမတ်ဖုန်းအား CB Bank Credit Card နှင့် AYA Pay တို့အား အသုံးပြု၍ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့်အပြင် Rent to Own နှင့်ချိတ်ဆက်၍လည်း ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် အဟောင်းပေး အသစ်ယူအစီအစဉ်ဖြင့်လည်း Samsung (သို့မဟုတ်) Apple ဖုန်းတွေထဲမှ 2019 ခုနှစ်နောက်ပိုင်းထွက်ရှိထားသော ၅၀၀,၀၀၀ ကျပ်နဲ့အထက် ဖုန်းများနှင့် လဲလှယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ထိုသို့လဲလှယ်ဝယ်ယူခြင်းကြောင့် ထပ်ဆောင်း အပိုလက်ဆောင်အဖြစ် မြန်မာငွေကျပ် ၈၀,၀၀၀ ကိုလည်း ဝယ်ယူသူများမှ ရရှိမည်ဖြစ်သည်။
(အသေးစိတ်အား Samsung အရောင်းဆိုင်များနှင့် တရားဝင် Facebook စာမျက်နှာများတွင် မေးမြန်းသွားနိုင်မည် ဖြစ်သည်)
Galaxy A24 စမတ်ဖုန်း ဝယ်ယူသူများအတွက် Original Clear Cover နှင့် 25W Travel Adaptor အား လက်ဆောင်ပေးသွားမည့်အပြင် ဝယ်ယူသည့်နေ့မှ ၆ လအတွင်း Samsung Care+ Premium ဝန်ဆောင်မှု (ရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းနှင့်လက်ခ ၅၀% သက်သာခွင့်) အားလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။