Wave Money Agent ဖွင့်လိုသူများအတွက် လုပ်ဆောင်သင့်တဲ့ အရာများအကြောင်း

မိမိရဲ့ စီးပွားရေးလုပ်ငန်းအရ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိချင်တဲ့သူတွေအတွက် တချို့ကလည်း Wave Money Agent ဆိုင်လေးဖွင့်လိုကြသူများရှိပါတယ်။ အဲ့ဒါကြောင့် Wave Money Agent ဖွင့်လိုသူများအတွက် အခုဖော်ပြပေးတဲ့ ဆောင်းပါး လေးကို တော့ မဖြစ်မနေဖတ်ရှုထားသင့်ပါတယ်။

Photo Source https://web.facebook.com/groups/284859469814110

Wave Money Agent ဆိုင်ဖွင့်လိုသူများအတွက် မိမိဆိုင် ဖွင့်မည့် နေထိုင်ရာ မြို့နယ်နဲ့သက်ဆိုင်တဲ့ Wave money DTR ရုံးနှင့် ချိတ်ဆတ်ပါ။ (DTR ဆိုတာ Wave Company ရုံးချုပ်ကနေ မြို့နယ် ကိုယ်စားလှယ် ယူပြီး Agent တွေကို ငွေထုပ်ငွေသွင်း လုပ်ပေးတဲ့ရုံးဖြစ်ပါတယ်။
မိမိ နေထိုင်ရာ မြို့နယ်နှင့် သက်ဆိုင်သည့် Wave Money CSE. နှင့် TSM ချိတ်ဆတ်ပါ။ (CSE ဆိုတာ DTR ခန့်ထားတဲ့ ဝန်ထမ်းပါ Agent တွေဆီမှာ ငွေယူငွေပေးလုပ်ပါတယ်) (TSM ဆိုတာ Wave Money ရုံးချုပ်ကခန့်ထားတဲ့ ဝန်ထမ်းပါ Wave Agent တွေရဲ့ပြသနာကို CSE ကမရှင်းနိုင်ရင် ရှင်းပေးမှာဖြစ်ပါတယ်။DTR.CSE.TSM ချိတ်ဖို့ မိမိ လုပ်မည့်နေရာနှင့်နီးစပ်ရာ Wave Agent တွေမေးမြန်းပါ (ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ကိုက် 20 ကွာရာဖြစ်ပါတယ်။
ကုန်စုံဆိုင် ဖုန်း ဆိုင် စသည်ဖြင့် ဆိုင်တစ်ဆိုင်ပြရမည် (စည်ပင်လိုင်ဆင်လိုပါတယ်) နာမည် ဖုန်း နံပါတ် မှတ်ပုံတင် နံပါတ် နေရပ် လိပ်စာ အမှန် ပေးရမည်။ Wave Money ရုံးချုပ်က Wave Agent များအတွက် Sim Card ( Telenor) သီးသန့် ပေးအပ်ပါတယ်။ အဲဒီ ကဒ် ကို လုပ်ငန်းမပြုလုပ်သည့်အခါ ပြန်လည်အပ်နှံရပါတယ်။ (ပြန်ရောင်းလို့မရပါ/ Agent ကဒ် အရောင်းအဝယ်ပြုလုပ်၍မရပါ/အပြင်ကဝယ်ယူသော Agent ကဒ်သည် ဝယ်ယူသူ၏တာဝန်ဖြစ်ပါတယ်။)
ရင်းနီး ရမည့်ငွေ နှစ်/ငါး/ဆယ်သိန်း က စတင်လုပ်လို့ရသည် လုပ်ငန်း အဆင်ပြေ ပါက CSE သို့မဟုပ် DTR ရုံးနှင့် ချိတ်ဆတ်ပါ လိုသလောက် ငွေထုပ်ပေးပါတယ်။(ရိုးသားပြီး မှန်ကန်ဘို့ လိုအပ်သည်) အလုပ် ပိတ်ရက် နှင့် ညနေ ၅နာရီ နောက်ပိုင်း မှာဆိုရင် CSE နှင့် DTR ရုံး ချိတ်ဆတ်ရတာ အခတ်အခဲရှိတက်ပါတယ်။
CSE ကနေ ငွေသွင်း (E Money) နဲ့ ငွေထုပ် (ထုပ်ယူမည့် ပမာဏကိုကြိုတင်ပြောရ) ကိုလုပ်ဆောင်ရပါတယ်။ ယခုကာလငွေထုတ်ခြင်းကို Wave DTR ကလက်မခံပါ။ Wave ပါတနာ အကောင့် Yoma ဘဏ် (Smart Account)နှင့်ချိတ်ဆတ်ရင် ပိုအဆင်ပြေပါတယ်။ Wave ပါတနာ Account နဲ့ Yoma Bank ချိတ်ဖို့ နီးစပ်ရာ Yoma Bank သွားရပါတယ်။ နယ်နှင့် ရွာတွေမှာဆိုရင် ငွေ အရင်းနှီး များများ နဲ့မှအဆင်ပြေမှာဖြစ်ပါတယ်။
Yoma Bank ကလည်း ငွေသွင်း ငွေထုတ်လုပ်ဆောင်နိုင်ပါတယ်။ ယခု Yoma Bank က Agent အတွက် Call Deposit ကို Smart Account နေရာမှာ အစားထိုးဖို့ လုပ်ဆောင်နေပါတယ်။ Agent များအတွက် sim card အသစ်ပေးနေပါတယ်။ ယခင် ကဒ်ဟောင်းနေရာမှာ အစားထိုးဖို့အတွက်ဖြစ်ပါတယ်။ ဆိုင်ဖွင့် ချင်သူများ မိမိ မြို့နယ် DTR.CSE TSM နဲ့ ချိတ်ဆတ်ရန် 900 သို့မဟုတ် 700 နံပါတ် များသို့ မေးမြန်း ဆတ်သွယ်လို့ရပါတယ်။ အခြားဖုန်းနံပါတ်နဲ့ဆိုရင် 09790009000 ကိုဆတ်သွယ်လို့ရမှာဖြစ်ပါတယ်။
သတိထားရမှာကCheck Box ကိုလာခဲ့ပါလို့ပြောရင် မယုံပါနဲ့။ Agent Card ကို Wave ရုံးချုပ်ကဘဲ လုပ်ပေးပါတယ် လူလိမ်သတိထားရမှာပါ။ (မှတ်ချက်.-: ချက်ချင်း မရပါ အချိန်ပေးစောင့်ရသည်။ ယခုအချိန် Agent မယူသင့်ပါ ။)
အခြားမေးမြန်းလိုမှူကို အောက်ပါ group ထဲဝင်ပေးပြီးလေ့လာနိုင်ပါတယ်။
https://www.facebook.com/groups/2701954063267008/?ref=share