MPT Money ဖြင့် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို လွယ်ကူစွာ ငွေပေးချေနိုင်

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု MPT Money သည် MPT နှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ထားသည့် AYA SOMPO နှင့် GGI Nippon Life အာမခံ ကုမ္ပဏီများ၏ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ (သက်တော်စောင့်) နှင့် ကျန်းမာရေးအာမခံ (ဇီဝက) အတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းသစ်ကို စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
MPT သုံးစွဲသူများအားလုံးသည် အာမခံဝန်ဆောင်မှုအတွက် ငွေပေးချေရာတွင် MPT Money အကောင့်ကို အသုံးပြု၍ ငွေပေးချေသည့်ပမာဏအပေါ်မူတည်၍ E-money ပြန်အမ်းငွေ ၅ ရာခိုင်နှုန်း နှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းတို့ကို နိုဝင်ဘာလ ၁၈ ရက်အထိ ရယူနိုင်မည်ဖြစ်သည်။
ယခုအခါ MPT Money သုံးစွဲသူများသည် မိမိတို့ဝယ်ယူမည့် အာမခံအစီအစဉ်များအတွက် E-Wallets ကို အသုံးပြု၍ လွယ်ကူသက်သာစွာငွေပေးချေနိုင်ပြီး ပရိုမိုးရှင်း ကာလအတွင်း ဝယ်ယူပါက E-money ပြန်အမ်းငွေနှင့် MPT Club ပွိုင့်များကို ရရှိနိုင်ပါသည်။ MPT သုံးစွဲသူများသည် မိမိတို့ကိုယ်တိုင်နှင့် ချစ်ခင်ရသူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိတို့နေအိမ်မှပင် MPT4U အက်ပလီကေးရှင်းနှင့် MPT ဝက်ဘ်ဆိုက် ၊ စာတိုအတွင်းရှိ Link ၊ MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက် https://www.mpt.com.mm/mm/mpt-u-life-mm/ တို့မှတစ်ဆင့် အထက်ပါ အာမခံပေါ်လစီနှစ်မျိုးကို အလွယ်တကူ ဝယ်ယူနိုင်ပါသည်။

Photo Source https://www.mpt.com.mm/mm/mpt-u-life-mm/

“MPT Money အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအာမခံကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ငွေသားကိုင်တွယ် သုံးစွဲဖို့မလိုတဲ့ လူမူအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေကို MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုကနေ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျန်းမာရေးအာမခံအကျိုးကျေးဇူးတွေကို အခက်အခဲမရှိ ရယူနိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါ တယ်။ လွယ်ကူချောမွေ့တဲ့ ငွေပေးချေမှုအသစ်တွေနဲ့အတူ ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုတွေကို ဝယ်ယူရာတွင် အကျိုးခံစားခွင့်တွေကို အပိုထပ်ဆောင်းအဖြစ် ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ MPT Money သုံးစွဲသူတွေအားလုံးဟာ ကျန်းမာရေးကာကွယ်မှုတွေအတွက် e-money ပြန်အမ်းငွေတွေနဲ့ MPT Club ပွိုင့် တွေကို နိုဝင်ဘာလ ၁၈ ရက် အထိ ရယူခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု MPT Money ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားသည်။
MPT Money သုံးစွဲသူများသည် ငွေပေးချေမှုများနှင့်ပတ်သက်၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် https://fb.watch/1FHdy7PAS2/ နှင့် “ဇီဝက” ကျန်းမာရေးအာမခံအတွက် https://bit.ly/35uWUf7 တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT Money သည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆန်းသစ်သော၊ လုံခြုံစိတ်ချရသော၊ ဈေးနှုန်းသက်သာသော ဝန်ဆောင်မှု ကောင်းများစွာ ပေးစွမ်းခြင်းဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် MPT Money သည် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အိမ်အတွက်လိုအပ်သော ပစ္စည်းများ မှာယူရာတွင် မိမိတို့နေအိမ်၌ပင် E-Wallet ဝန်ဆောင်မှုမှတစ်ဆင့် မြန်ဆန် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန် Hi-So နှင့် Zay Chin Mart တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် MPT Money ဒီဂျစ်တယ်နည်းလမ်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

Photo Source https://www.mpt.com.mm/mm/mpt-u-life-mm/

MPT Money အက်ပလီကေးရှင်း ကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို download ရယူ၍ “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုမှ ပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့) MPT Money Official Facebook Page သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။