MPT Money မှ MPU, Visa, MasterCard, JCB, Union Pay ကတ်များအသုံးပြုခြင်းနှင့် နီးစပ်ရာ NearMe ဆိုင်တို့မှ ငွေဖြည့်နိုင်မည့်ဝန်ဆောင်မှုသစ်ကို မိတ်ဆက်

ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် သုံးစွဲသူများအား ၎င်းတို့၏ MPU, Visa, MasterCard, JCB နှင့် UnionPay ကတ်များကို အသုံးပြု၍ ငွေဖြည့်သွင်းနိုင်စေရန် နှင့် သုံးစွဲသူများ၏ အနီးအနားရှိ NearMe ဆိုင်များတွင် လွယ်ကူလျင်မြန်သော အခမဲ့ငွေဖြည့်ဝန်ဆောင်မှု (E-money ငွေဖြည့်သွင်းမှု) ကို ထပ်မံတိုးချဲ့ မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုမိတ်ဆက်လိုက်သော ဝန်ဆောင်မှုဖြင့် MPT Money သုံးစွဲသူများသည် ၎င်းတို့၏ ငွေပေးချေကတ်များကို အသုံးပြု၍ E-Wallet အကောင့်အတွင်းသို့ ငွေသားများ ဖြည့်သွင်းနိုင်ပြီး မိမိနှင့်အနီးစပ်ဆုံးရှိ NearMe ဆိုင်များတွင်လည်း ငွေဖြည့်သွင်းနိုင်ပါသည်။
အဆိုပါဝန်ဆောင်မှုအသစ်ဖြင့် MPT Money သုံးစွဲသူများသည် MPT Money အက်ပလီကေးရှင်းကို အသုံးပြု၍ ၎င်းတို့၏ E-Wallets သို့ ငွေဖြည့်သွင်းမှုကို မြန်မာနိုင်ငံအတွင်း အသုံးပြုနေသော MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။ ငွေဖြည့်သွင်းမှုလုပ်ဆောင်နိုင်ရန်အတွက် MPT Money သုံးစွဲသူများအနေဖြင့် ဖြည့်သွင်းငွေပမာဏ အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းရမည် ဖြစ်သည်။

Photo Source https://www.facebook.com/MPTMoneyOfficial

ထို့အပြင် MPT Money သုံးစွဲသူများသည် NearMe ဆိုင်များဖြစ်သော မြို့နယ်ရပ်ကွက်တွင်းရှိ ဆိုင်များ၊ စတိုးဆိုင်များ၊ စူပါမားကတ်များနှင့် စက်သုံးဆီအရောင်းဆိုင်များ၌ ငွေပေးချေမှုအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ MPT Money သည် City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နှင့် Denko ဆီဆိုင်များ အပါအဝင် လက်ရှိတွင် ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်နှင့် လက်တွဲဆောင်ရွက်လျက် ရှိပြီး အနည်းဆုံး ၁၀,၀၀၀ ကျပ် မှစ၍ မိမိတို့၏ Mobile Wallets အတွင်းသို့ လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် နီးစပ်ရာ NearMe ဆိုင်တို့တွင် ငွေဖြည့်ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။
ယခုအခါ MPT Money သုံးစွဲသူများအနေဖြင့် ငွေဖြည့်သွင်း ဝန်ဆောင်မှုများကို ငွေလွှဲခပေးရန်မလိုဘဲ နီးစပ်ရာ NearMe ဆိုင်များနှင့် MPU, Visa, MasterCard, JCB (သို့မဟုတ်) UnionPay ငွေပေးချေမှုကတ်များမှတစ်ဆင့် လုံခြုံစိတ်ချစွာ၊ အဆင်ပြေလွယ်ကူစွာဖြင့် ငွေဖြည့်ဝန်ဆောင်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။
“ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှုနဲ့ အဆင်ပြေလွယ်ကူရေးဟာ အဓိကဦးစားပေးအချက်ဖြစ်လာတာနဲ့အညီ အခုအသစ်ပေးအပ် လိုက်တဲ့ဝန်ဆောင်မှုကတစ်ဆင့် သုံးစွဲသူတွေဟာ သူတို့ရဲ့ MPT Money E-wallet အကောင့်ထဲကို MPU, Visa, MasterCard, JCB, UnionPay ကတ်တွေအသုံးပြုပြီး ငွေဖြည့်သွင်းနိုင်သလို NearMe ဆိုင်တွေအားလုံးမှာလည်း ငွေဖြည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။ လွယ်ကူအဆင်ပြေ၊ စိတ်ချလုံခြုံမှုရှိစွာနဲ့ အကျိုးရှိတဲ့ ငွေဖြည့်သွင်းမှု နည်းလမ်းအတွက် ခိုင်မာမှုရှိတဲ့ NearMe ဆိုင်တွေနဲ့ ငွေပေးချေမှုကတ် ဝန်ဆောင်မှုတွေနဲ့ အခုလိုပူးပေါင်းခြင်းကတစ်ဆင့် ကျွန်တော်တို့ဟာမြန်မာနိုင်ငံရဲ့ရှေ့ဆောင် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ရဲ့အခန်းကဏ္ဍကို ပိုပြီးခိုင်မာအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။”ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ရှင်းလင်းပြောကြားသည်။

Photo Source https://www.facebook.com/MPTMoneyOfficial

E-commerce စနစ်ကို လျှောက်ထားအသုံးပြုလျက်ရှိသော MPUငွေပေးချေကတ်များဖြင့်သာ MPT Money အကောင့် အတွင်းသို့ ငွေဖြည့်ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပါသည်။ MPU ကတ်သုံးစွဲသူများအနေဖြင့် E-commerce ဝန်ဆောင်မှုကို https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check တွင် လျှောက်ထားရန် လိုအပ်ပါသည်။ ကျန်ကတ်အမျိုးအစားများအတွက် E-commerce စနစ်ကို လျှောက်ထားရန်မလိုအပ်ပါ။
MPT Money ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုခြင်း သို့မဟုတ် MPT Money ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/MPTMoneyOfficial သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။