CB Bank က ထုတ်လုပ်ထားသော CB Visa ကတ်တွေကိုအသုံးပြုကာ BreadTalk ဆိုင်များတွင် ငွေပေးချေဝယ်ယူခြင်းဖြင့် Discount ရရှိမည့် ပရိုမိုးရှင်းအစီအစဉ် စတင်

CB Bank က ထုတ်လုပ်ထားတဲ့ CB Visa ကတ်တွေကိုသုံးစွဲပြီး BreadTalk ဆိုင်တွေမှာ ငွေပေးချေဝယ်ယူမယ်ဆိုရင်တော့ Discount ပေးတဲ့ ပရိုမိုးရှင်းအစီအစဉ် စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
BreadTalk ဆိုင်တွေမှာ ကျပ် ၁၂၀၀၀ ဖိုးနှင့်အထက်ကို CB Visa ကတ်နဲ့ ငွေပေးချေပါက ၁၀၀၀ ကျပ် လျှော့ဈေးရရှိနိုင်မှာဖြစ်သည်။ Discount အစီအစဉ် ပရိုမိုးရှင်းကာလကတော့ မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ဖြစ်သည်။

Photo Source https://web.facebook.com/CBBankmyanmar

စည်းကမ်းသတ်မှတ်ချက်များမှာ အော်ကပါအတိုင်းဖြစ်သည်။
(၁) CB Visa ကတ်တွေနဲ့သာ ငွေပေးချေဝယ်ယူရမှာပါ။
(၂) အခြားပရိုမိုရှင်းများ၊ လျှော့ဈေးများနဲ့ အတူခံစားခွင့်မရှိပါ။
(၃) ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖြစ်ပါတယ်။
(၄) စည်းကမ်းသတ်မှတ်ချက်များ တစ်ခုချင်းစီအတွက် မတူညီလို့ သေချာစွာစစ်ဆေးပြီးမှ အသုံးပြုပါ။
ဒါ့အပြင် နောက်ထပ်အထူးပရိုမိုးရှင်းအစီအစဉ်အနေဖြင့် CB Bank မှထုတ်လုပ်တဲ့ CB UPI Diamond Card/Gold Card (Single Brand Card) များဖြင့် City Mart နှင့် Ocean Super Center တို့တွင် သတ်မှတ်ထားတဲ့နေရာများတွင် ငွေပမာဏအနည်းဆုံး ကျပ် ၅ သောင်းမှစ၍ ပေးချေဝယ်ယူလိုက်ရုံဖြင့် ကျပ် ၅၀၀၀ လျှော့ဈေးကို ရရှိနိုင်မည်ဖြစ်သည်။
ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိဖြစ်သည်။ ကတ်တစ်ကတ်ကို တစ်ရက်လျှင် Discount တစ်ကြိမ်ခံစားခွင့်ရှိပြီး ပရိုမိုးရှင်းကာလပြီးဆုံးတဲ့အထိ စုစုပေါင်း (၁၂) ကြိမ်အထိ Discount ခံစားခွင့်တွေရရှိသွားမှာဖြစ် ကြောင်းသိရသည်။
Discount ခံစားနိုင်သော City Mart နှင့် Ocean Super Center ဆိုင်လိပ်စာများကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.cbbank.com.mm/…/city_mart_address_list.pdf