Online Shopping Page များအတွက် မဖြစ်မနေလုပ်ဆောင်သင့်သည့် အချက် (၆) ချက်

တကယ်လို့ Page ကို အသုံးပြုပြီး Service ပေးတာ ဖြစ်ဖြစ်၊ ဈေးရောင်းတာဖြစ်ဖြစ် Page ကို အသုံးချပြီး ငွေရှာတော့ မယ်ဆိုရင် Page ကို Create Page နှိပ်ပြီး Video တွေ စာတွေ တင်နေလို့ မဖြစ်ပါဘူး။ အလုပ်လုပ်တော့ မယ်ဆိုရင် Customerဆိုတာ မရပါမဖြစ် ပါလာစမြဲ မို့ Customer ယုံကြည်မှုရဖို့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ အဝတ်အစားတွေ အလှပြင်ပစ္စည်းတွေနဲ့ အလှပြင်ကြသလိုပဲ ကိုယ့်အသုံးပြုမဲ့ Page ကိုလည်း ပြင်ဆင်ရပါတယ်။ အဲ့ဒီတော့ Online Shopping Page တွေအတွက် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက် ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပထမဆုံး အနေနဲ့ ကိုယ်ပိုင်အမှတ်အသား ကိုယ်ပိုင် ဒီဇိုင်း ရှိရပါတယ် ၊လူတစ်ယောက်ကို မှတ်မိနေဖို့ မျက်နှာ မြင်ဖူးဖို့လိုသလို Page တစ်ခုကို မှတ်မိနေဖို့ Logo နဲ့ နာမည်က အရေးကြီးပါတယ်။ အဲ့တော့ ကိုယ်ပိုင် Logo တစ်ခု မဖြစ်မနေ ရှိရပါမယ်။

Photo Source By Myanmar Tech Press

(၂) Coverဆိုတဲ့ နေရာမှာ ကိုယ်ရဲ့အချက်အလက် (သို့) ကိုယ်ပေးမဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြထားလို့ရတဲ့နေရာပေါ့ အဲ့တာကိုကြည့် ဒီPageက ဘာလဲ ဆိုတာ သိအောင် မဖြစ်မနေ လုပ်ထားသင့်ပါတယ်။
(၃) Description ကိုယ့် Page ရဲ့ ရည်ရွယ်ချက်ကို စာတစ်ကြောင်းထဲနဲ့ ဖော်ပြရမဲ့ နေရာပေါ့ အဲ့စာကို မြင်ပြီး ဒီPage က ဘာလဲဆိုတာ သိသွားရအောင် မဖြစ်မနေ ရေးထားသင့်ပါတယ်။
(၄) Location တည်နေရာက အရမ်းကို အရေးပါပါတယ်။ဥပမာပြောရရင် Customer က မန်းလေးကဆိုပါဆို့ သူက ပစ္စည်းတစ်ခုကို အရေးပေါ်ဖြစ်ဖြစ် လိုချင်တဲ့ အခါမျိုး သူလိုချင်တဲ့အရာကို ရောင်းတဲ့ Page တွေ လိုက်ရှာတဲ့ အခါမျိုးမှာ မိတ်ဆွေက မန်းလေးက သူလိုချင်တဲ့ အရာလဲ မိတ်ဆွေက ရောင်းတယ် ဒါပေမယ့် မိတ်ဆွေက Page Locationကို ပြမထား ရေမထားတဲ့ အခါမျိုးမှာ Customerက မန်းလေးက မဟုတ်လောက်ပါဘူးဆိုပြီး အခြားPage ကို ပြောင်းရှာတတ်ပါတယ် အဲ့အခါမျိုးမှာ နစ်နာပီပေါ့။ဒါကြောင့်မို့ Locationကို မဖြစ်မနေ ထည့်ထားပါ။( မိတ်ဆွေကို ဆက်သွယ်လို့ရမဲ့ Phnoကိုလဲ ထည့်ထားဖို့ မမေ့ပါနဲ့)
(၅) Auto Reply နှုတ်ဆက်စာ ဒါက ဘယ်လို မျိုးလဲဆိုတာ မိတ်ဆွေတို့ Bank တစ်ခုခုကို သွားပီး ပိုက်ဆံထုတ်တဲ့အခါမျိုး ဘဏ်ဝန်ထမ်းတွေက စီးကြိုသလိုမျိုး ကိုယ့်Pageကို လာဆက်သွယ်မေးမြန်းသူကို နွေးနွေးထွေးထွေးကြိုဆိုနိုင်ဖို့ Auto Replyကို မဖြစ်မနေ ထည့်ကို ထားရပါမယ်။
(၆) Page Likes ကလဲ မရှိမဖြစ် အရာတစ်ခုကပါ ကိုယ်က Qualityအရမ်းကောင်းတဲ့ Productsတွေ ရောင်းတာ(သို့) တကယ်ကောင်းတဲ့ ဝတ်ဆောင်မှုတွေ ပေးနေတယ် ဒါပေမယ့် ကိုယ့်ရဲ့ Page Likes က Customerရဲ့ ယုံကြည်မှုရရှိနိုင်လောက်အောင် ရှိမနေတဲ့ အခါမျိုးမှာဆိုရင် ဘယ်လောက်ပဲ ကောင်းနေပါစေ ယုံကြည်မှု မရှိတဲ့ အတွက် မိတ်ဆွေဆီကနေ လာဝယ်မှာ မဟုတ်ပါဘူး ဒါကြောင့်မို့ အပေါက်က အချက်တွေကလဲ လိုအပ်သလို ခု Page Likesကနေ မဖြစ်မနေ လုပ်ထားရပါမယ်။
ဒါတွေကတော့ Page တစ်ခုမှာ မဖြစ်မနေ ရှိထားရမဲ့ အခြေခံကျတဲ့ အချက်တွေကို ပြောပြပေးသွားခြင်း ဖြစ်ပါတယ်။
Source https://web.facebook.com/DigitalTechMyanmar