ကိုယ့်စိတ်ကြိုက် Notification Sound တွေထားနိုင်တော့မယ့် Telegram

Telegram ကနေ စာဝင်လာတာပဲဖြစ်ဖြစ်၊ ဖုန်းခေါ်တာပဲဖြစ်ဖြစ် ထွက်လာမယ့် Notification အသံကို အသုံးပြုသူစိတ်ကြိုက်ထားနိုင်တော့မယ်လို့ Telegram အနေနဲ့ ကြေငြာခဲ့ပါတယ်။

ကန့်သတ်ချက်အနေနဲ့ကတော့ အရွယ်အစား 300KB အောက်၊ အချိန် ၅ စက္ကန့်စာ Audio နဲ့ Voice Message ဖိုင်တွေကိုပဲ အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။ Setting >> Notifications and Sounds Menu ထဲမှာ Chat တစ်ခုချင်းစီအလိုက်၊ Group တစ်ခုချင်းစီအလိုက်လဲ ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။

Photo Source https://telegram.org/

Notification အသံတွေထည့်တာတင်မကသေးပါဘူး။ အသုံးပြုသူတွေအနေနဲ့ Notification Mute လုပ်တာကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ Mute ပြုလုပ်နိုင်ပါတယ်။ အရင် Version မှာ တစ်နာရီ၊ ၈ နာရီ၊ ဒါမှမဟုတ် ၂ ရက်လောက်ပဲလုပ်နိုင်ပေမယ့် အသစ်ထွက်ပေါ်လာမယ့် Update မှာတော့ ပိုပြီးရွေးချယ်စရာ စုံလင်မယ်လို့သိရပါတယ်။

အရင်ကတင်ပေးခဲ့ဖူးတဲ့ Telegram ဆောင်းပါးတွေကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

(၁) အသုံးဝင်သော Telegram Features များ (၁) 

(၂) အသုံးဝင်သော Telegram Features များ (၂) 

(၃) Telegram အသုံးပြုသူများအတွက် အသုံးဝင်သော Telegram Bot များ (၁)

(၄) Telegram အသုံးပြုသူများအတွက် အသုံးဝင်သော Telegram Bot များ (၂)